• Follow Us on

Home မန္တလေး၊ မကွေးနှင့် စစ်ကိုင်းတိုင်းရှိ PDF များကို ရောင်းချရန် သေနတ်အလက်(၅၀)၊ ခဲယမ်းများနှင့် ဆက် စပ်ပစ္စည်းများကို နမ့်ဆန်မြို့နယ်၌ သိမ်းဆည်းရမိ

မန္တလေး၊ မကွေးနှင့် စစ်ကိုင်းတိုင်းရှိ PDF များကို ရောင်းချရန် သေနတ်အလက်(၅၀)၊ ခဲယမ်းများနှင့် ဆက် စပ်ပစ္စည်းများကို နမ့်ဆန်မြို့နယ်၌ သိမ်းဆည်းရမိ

Share this post

ရန်ကုန်၊ နိုဝင်ဘာ ၂၄ (People Media)

 

မန္တလေး၊ မကွေးနှင့် စစ်ကိုင်းတိုင်းရှိ PDF များကို ရောင်းချရန် သေနတ်အလက်(၅၀)၊ ခဲယမ်းများနှင့် ဆက် စပ်ပစ္စည်းများကို ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်မြို့နယ်၊ မန်မိုင်မုန်းကွမ်းကျေးရွာအတွင်းရှိ နေအိမ်မှ  သိမ်းဆည်းရမိခဲ့ကြောင်း န-စ-ကမှ သတင်းထုတ်ပြန်ထားသည်။

 

န-စ-က ၏ ဖော်ပြချက်၌ မန္တလေး၊ မကွေးနှင့် စစ်ကိုင်းတိုင်းများရှိ အကြမ်းဖက်အုပ်စုများ(PDF)သို့ ရောင်းချရန် လက်နက်၊ ခဲယမ်းများ စုဆောင်းသိမ်းဆည်းထားကြောင်း သတင်းပေးချက်အရ နိုဝင်ဘာလ ၁၃ ရက်နေ့ ည ၉ နာရီ မိနစ်အချိန်ခန့်တွင် ကျေးရွာအတွင်းရှိ ဦးစိုးလွင်(ဘ) ဦးစုန်ရွှင်ရွှင်း၏ နေအိမ်အတွင်း မြေအောက်ခန်းမှ Type-56 သေနတ်တစ်လက်၊ ကေ (၁၂) သေနတ်တစ်လက်၊ Type-81 သေနတ် သုံးလက်၊ ဘီအေ (၆၃) သေနတ် ခုနှစ်လက်၊ ဘီအေ (၉၄) သေနတ်လေးလက်၊ အပ် (၂၂) ကျည် အိမ် (၂၀)၊ ကျည်အိမ်အဝိုင်းတစ်ခု၊ ကျည်မျိုးစုံ (၁၉၄၅) တောင့်၊ ဒီတိုနေတာ (၁၃) ခုနှင့် ယမ်းကြိုးခွေလေးခွေကို သိမ်းဆည်းရမိကြောင်း ဖော်ပြ ထားသည်။

 

ထို့အတူ ဦးစိုးလွင်(ဘ) ဦးစုန်ရွှင်ရွှင်း၏ မြင်းတင်းကုပ်အတွင်းမှ Type-56 သေနတ် (၃၄)လက်နှင့် အမ် (၂၂) ကျည်အိမ် (၁၀၅)ခု စုစုပေါင်း လက်နက်မျိုးစုံ အလက် (၅၀)၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ ကြောင်းသိရသည်။

 

၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့က အဆိုပါဒေသ၌ လေယာဉ်ပစ် ပခုံးထမ်းဒုံး (FN-6) တစ်လက်အပါ အဝင် လက်နက်ကြီးနှင့် လက်နယ်ငယ်မျိုးစုံ (၁၇၀) နှင့် ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများကို လုံခြုံရေးအဖွဲ့များ က ဖော်ထုတ်ရှင်းလင်းနိုင်ခဲ့သည်။

 

#PeopleMedia #နမ့်ဆန်မြို့နယ်

(unicode)


…………………………………………………………

 


 


 


 


 


 



Share this post