• Follow Us on

Home မႏၲေလးၿမိဳ႕တြင္ ယခုဘ႑ာႏွစ္အတြင္း လမ္းမီးတိုင္ တစ္ေသာင္းစိုက္ ထူသြားမည္

မႏၲေလးၿမိဳ႕တြင္ ယခုဘ႑ာႏွစ္အတြင္း လမ္းမီးတိုင္ တစ္ေသာင္းစိုက္ ထူသြားမည္

Share this post

မႏၲေလးၿမိဳ႕ရွိ အဓိကက်သည့္ လမ္းမႀကီးမ်ားတြင္ ယခုဘ႑ာႏွစ္အတြင္း လမ္းမီးတိုင္ တစ္ေသာင္း စိုက္ထူ သြားမည္ျဖစ္ေၾကာင္း မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီက သိရသည္ ။

လမ္းမီးတိုင္ စိုက္ထူျခင္းလုပ္ငန္းကို စီမံခ်က္ျဖင့္ ေဆာင္ရြက္ျခင္းျဖစ္ၿပီး ဘ႑ာႏွစ္စမွ ယခုအခ်ိန္ထိ မီးတိုင္ ေပါင္း ႏွစ္ေထာင္ပတ္ဝန္းက်င္ စိုက္ထူၿပီးျဖစ္ေၾကာင္းသိရသည္။

“တစ္ၿမိဳ႕လုံးမွာ အဓိကက်တဲ့ လမ္းမႀကီးေတြလင္းေအာင္ဆိုၿပီးေတာ့ ထြန္းေပးဖို႔ လုပ္ထားတယ္။ အဲ့ဒီအစီ အစဥ္ကို ၿပီးခဲ့တဲ့ေသာၾကာေန႔က ၿမိဳ႕ေတာ္ဝန္ႀကီးနဲ႔ ဆြဲၿပီးေတာ့မွ ၿမိဳ႕နယ္ေျခာက္ၿမိဳ႕နယ္က ေရြးခ်ယ္ခံရတဲ့ စည္ပင္ေကာ္မတီဝင္ေတြနဲ႔တိုင္ၿပီး အစီအစဉ္ဆြဲလိုက္တာပါ”ဟု မႏၲေလးၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မ တီဝင္ ဦးေက်ာ္ဆန္းျမင့္က ေျပာသည္ ။

လမ္းမီးတိုင္မ်ားစိုက္ထူရာတြင္ အလွဴရွင္မ်ား၏ လွဴဒါန္းမႈမ်ားလည္းပါဝင္ၿပီး လွဴဒါန္းလိုသူမ်ားရွိပါကလည္း လက္ခံသြားမည္ျဖစ္ကာ Single Arm မီးတိုင္တစ္တိုင္လွ်င္ ၇ သိန္း ၅ ေသာင္း က်ပ္ ၊ Double Arm မီးတိုင္တစ္တိုင္တစ္တိုင္လွ်င္ ဆယ္သိန္းက်ပ္ က်သင့္မည္ျဖစ္ေၾကာင္း သိရသည္ ။

ဓာတ္ပုံ – ေဒါက္တာရဲလြင္

#PeopleMedia

(Unicode)
မန္တလေးမြို့တွင် ယခုဘဏ္ဍာနှစ်အတွင်း လမ်းမီးတိုင် တစ်သောင်းစိုက် ထူသွားမည်
………………………………………………………

မန္တလေးမြို့ရှိ အဓိကကျသည့် လမ်းမကြီးများတွင် ယခုဘဏ္ဍာနှစ်အတွင်း လမ်းမီးတိုင် တစ်သောင်း စိုက်ထူ သွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက သိရသည် ။

လမ်းမီးတိုင် စိုက်ထူခြင်းလုပ်ငန်းကို စီမံချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ဘဏ္ဍာနှစ်စမှ ယခုအချိန်ထိ မီးတိုင် ပေါင်း နှစ်ထောင်ပတ်ဝန်းကျင် စိုက်ထူပြီးဖြစ်ကြောင်းသိရသည်။

“တစ်မြို့လုံးမှာ အဓိကကျတဲ့ လမ်းမကြီးတွေလင်းအောင်ဆိုပြီးတော့ ထွန်းပေးဖို့ လုပ်ထားတယ်။ အဲ့ဒီအစီ အစဉ်ကို ပြီးခဲ့တဲ့သောကြာနေ့က မြို့တော်ဝန်ကြီးနဲ့ ဆွဲပြီးတော့မှ မြို့နယ်ခြောက်မြို့နယ်က ရွေးချယ်ခံရတဲ့ စည်ပင်ကော်မတီဝင်တွေနဲ့တိုင်ပြီး အစီအစဉ်ဆွဲလိုက်တာပါ”ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မ တီဝင် ဦးကျော်ဆန်းမြင့်က ပြောသည် ။

လမ်းမီးတိုင်များစိုက်ထူရာတွင် အလှူရှင်များ၏ လှူဒါန်းမှုများလည်းပါဝင်ပြီး လှူဒါန်းလိုသူများရှိပါကလည်း လက်ခံသွားမည်ဖြစ်ကာ Single Arm မီးတိုင်တစ်တိုင်လျှင် ၇ သိန်း ၅ သောင်း ကျပ် ၊ Double Arm မီးတိုင်တစ်တိုင်တစ်တိုင်လျှင် ဆယ်သိန်းကျပ် ကျသင့်မည်ဖြစ်ကြောင်း သိရသည် ။

ဓာတ်ပုံ – ဒေါက်တာရဲလွင်

#PeopleMedia


Share this post