• Follow Us on

Home မန္တလေးမြို့တွင် ရာအိမ်မှူးတစ်ဦး သေနတ်ဖြင့် ၅ ချက်ခန့် ပစ်ခတ်ခံရပြီး ဆေးရုံတင်ထားရ

မန္တလေးမြို့တွင် ရာအိမ်မှူးတစ်ဦး သေနတ်ဖြင့် ၅ ချက်ခန့် ပစ်ခတ်ခံရပြီး ဆေးရုံတင်ထားရ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၉ (People Media)
 
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ သံလျက်မှော်အနောက်ရပ်ကွက်ရှိ ရာအိမ်မှူးတစ်ဦး စက်တင်ဘာ ၈ ရက် နေ့ ညနေပိုင်းအချိန်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဆေးရုံတင်ထားရကြောင်း သိရသည်။
 
ဖြစ်စဉ်မှာ သံလျက်မှော်အနောက်ရပ်ကွက်၊ ကမ်းနားလမ်းရှိ လူမှုကူညီရေးအသင်းရုံးသို့ လာရောက်ပြီးအပြန်၌ ဆိုင်ကယ်တစ်စီးနှင့် အမျိုးသားနှစ်ဦးမှ သေနတ်ဖြင့် ၅ ချက်ခန့် လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ကျောပြင် တစ်ချက်၊ လက်ပြင်တစ်ချက် နှစ်ချက်ထိမှန်ခဲ့ကာ စစ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
 
ထို့အပြင် မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ အင်းချောင်းကျေးရွာ အုပ်ချုပ်ရေးမှူးကို နေအိမ်၌ပင် စက်တင်ဘာ ၇ ရက်နေ့ ညပိုင်းအချိန်တွင် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းကြောင့် သေဆုံးခဲ့ကြောင်း သိရသည်။
 
အလားတူ စက်တင်ဘာ ၈ ရက်နေ့တွင်လည်း မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်ရှိ အမျိုးသမီးတစ်ဦးကို အမျိုးသား ၃ ဦးမှ ဆိုင်ကယ်ဖြင့် လာရောက်ပစ်ခတ်သတ်ဖြတ်ခဲ့မှုများလည်း ရှိသည်။
 
#PeopleMedia #မန္တလေး
 
(unicode)
………………………………………………………………………
 
 
 
 
 
 
#PeopleMedia #မန်တလေး

Share this post