• Follow Us on

Home မန္တလေးမြို့တွင် လက်နက်ကိုင်လူတစ်စုမှ ဆိုင်ကယ်စီးနှင်လာသူ အမျိုးသားအား တုတ်ဖြင့် ရိုက်၊ ဓားဖြင့် ထိုး ကာ ဆိုင်ကယ်နှင့် ဖုန်း လုယက်သွား

မန္တလေးမြို့တွင် လက်နက်ကိုင်လူတစ်စုမှ ဆိုင်ကယ်စီးနှင်လာသူ အမျိုးသားအား တုတ်ဖြင့် ရိုက်၊ ဓားဖြင့် ထိုး ကာ ဆိုင်ကယ်နှင့် ဖုန်း လုယက်သွား

Share this post

နေပြည်တော်၊ မတ် ၄

 

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၆၀ လမ်း၊ ၁၀၇-၁၀၈ လမ်းကြား တွင် လက်နက်ကိုင်လူတစ်စုမှ ဆိုင်ကယ်စီးနှင်လာသူ အမျိုးသားအား တုတ်ဖြင့်ရိုက်၊ ဓားဖြင့်ထိုးကာ ဆိုင် ကယ်နှင့် ဖုန်း လုယက်သွားကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ မတ်လ ၃ ရက် ည ၉ နာရီအချိန်၌ လူတစ်စုမှ လက်နက်များဖြင့် ကိုင်ဆောင်၍ စောင့်ဆိုင်းနေစဉ် အသက် (၅၃) နှစ်အရွယ်ရှိသည့် အမျိုးသားအား တုတ်ဖြင့်ရိုက်ပြီး ခန္ဓာကိုယ်အား ဓားဖြင့်ထိုးကာ ပစ္စည်းများ လုယက်သွားကြခြင်း သိရသည်။

 

“တုတ်နဲ့လည်းရိုက်၊ ခန္ဓာကိုယ်လည်း ဓားနဲ့လည်းထိုးသွားတယ်။ သူ့ရဲ့ ဆိုင်ကယ်နဲ့ ဖုန်းရော ယူသွားတယ်။ ဒီမှာက ဆိုင်ကယ်ခိုးမှု၊ လုယက်မှုတွေများတယ်။ လုပ်ရင်အုပ်စုလိုက်လုပ်တာ။ မိတာလည်းမရှိဘူး” လို့ ချမ်းမြသာစည်မြို့မှ ဒေသခံတစ်ဦးမှ ပြောသည်။

 

ထိုသို့ လုယက်ခြင်းကြောင့် အသက် (၅၃) နှစ်အရွယ် အမျိုးသားမှာ ပြင်းထန်သည့် ဦးခေါင်းဒဏ်ရာ၊ ရင် ဘက်နှင့် နောက်ကျော ဓားဒဏ်ရာများ ရရှိခဲ့ခြင်းကြောင့်၊ လက်ရှိတွင် မန္တလေးပြည်သူ့ဆေးရုံကြီး၌ ဆေးကုသ ခံယူနေကြောင်း သိရသည်။

 

Photo – ပြည်ကြီးတံခွန်မြို့နယ် ရွှေမဉ္ဇူအသင်း

 

#PeopleMedai #မန္တလေးမြို့

 

(unicode)


…………………………………………………

 


 


 


 


 


 


 

#PeopleMedai #မန်တလေးမွို့


Share this post