• Follow Us on
Latest News

Home မႏၲေလးၿမိဳ႕တြင္ COVID ေရာဂါပိုးစစ္ေဆးေရးဂိတ္ရွိ ေမာင္းတံအားဆိုင္ကယ္ျဖင့္တိုက္၊ အုပ္ခ်ဳပ္ေရးအဖြဲ႕အား သံခံုႏွင့္႐ိုက္ကာ ရဲတပ္ဖြဲ႕၀င္မ်ားအား ခဲမ်ားျဖင့္ပစ္ေပါက္ၿပီး ဓားျဖင့္ျပန္ခုတ္သူအား ပစ္ခတ္ဖမ္းဆီး

မႏၲေလးၿမိဳ႕တြင္ COVID ေရာဂါပိုးစစ္ေဆးေရးဂိတ္ရွိ ေမာင္းတံအားဆိုင္ကယ္ျဖင့္တိုက္၊ အုပ္ခ်ဳပ္ေရးအဖြဲ႕အား သံခံုႏွင့္႐ိုက္ကာ ရဲတပ္ဖြဲ႕၀င္မ်ားအား ခဲမ်ားျဖင့္ပစ္ေပါက္ၿပီး ဓားျဖင့္ျပန္ခုတ္သူအား ပစ္ခတ္ဖမ္းဆီး

Share this post

ရန္ကုန္၊ ဒီဇင္ဘာ ၁၀ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

မႏၲေလးၿမိဳ႕၊ ပုသိမ္ႀကီးၿမိဳ႕နယ္၊ သလဲကုန္းေက်းရြာ မူလတန္းေက်ာင္းေတာင္ဘက္ထိပ္ရွိ ေမာင္တံဂိတ္၌ COVID-19 ေရာဂါပိုးတားဆီးေရးအတြက္ စစ္ေဆးေဆာင္ရြက္ေနစဥ္ ေမာင္းတံအားဆိုင္ကယ္ျဖင့္တိုက္၊ အုပ္ခ်ဳပ္ေရးအဖြဲ႕အား သံခံုႏွင့္႐ိုက္ကာ ရဲတပ္ဖြဲ႕၀င္မ်ားအား ခဲမ်ားျဖင့္ပစ္ေပါက္ၿပီး ဓားျဖင့္ျပန္ခုတ္သူအား ပစ္ခတ္ ဖမ္းဆီးခဲ့သည္။

ျဖစ္စဥ္မွာ ဒီဇင္ဘာလ ၈ ရက္ေန႔ ညေန ၃ နာရီအခ်ိန္တြင္ အဆိုပါျဖစ္ပြားရာေန၌ သလဲကုန္းေက်းရြာအုပ္ခ်ဳပ္ ေရးမွဴးႏွင့္အဖြဲ႕မွ ေရာဂါကာကြယ္တားဆီးေရးအတြက္ စိစစ္ေဆာင္ရြက္ေနစဥ္ ေမာင္ေဌး ၄၂ ႏွစ္၊ ေတာင္သူ၊ သလဲကုန္းေက်းရြာ၊ ပုသိမ္ႀကီး ၿမိဳ႕နယ္ေနသူမွာ စစ္ေဆးမခံဘဲ ေမာင္းတံအားဆိုင္ကယ္ျဖင့္ ၀င္တိုက္ကာ ေက်း ရြာအုပ္ခ်ဳပ္ေရးအဖြဲ႕အား ညစ္ညမ္းစြာဆဲဆိုၿပီး သံခံုျဖင့္၀င္ေရာက္ ႐ိုက္ႏွက္ခဲ့သျဖင့္ ေက်းရြာအဖြဲ႕၀င္ႏွစ္ဦးတို႔ ဒဏ္ရာအသီးသီးရရွိခဲ့ေၾကာင္း အုန္းေခ်ာနယ္ေျမရဲစခန္းသို႔ သြားေရာက္အေၾကာင္းၾကားခဲ့ေၾကာင္း မႏၲေလး တိုင္းရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။

ဆက္လက္ၿပီး အုန္းေခ်ာနယ္ေျမရဲစခန္းမွဴးႏွင့္တပ္ဖြဲ႕၀င္မ်ားမွ သလဲကုန္းေက်းရြာအုပ္ခ်ဳပ္ေရးမွဴးႏွင့္ သက္ေသ မ်ားအပါအ၀င္ ေမာင္ေဌး၏ေနအိမ္သို႔ သြားေရာက္ၿပီး ၎အားျဖစ္စဥ္ႏွင့္ပတ္သက္၍ ေျဖရွင္းေဆာင္ရြက္ရန္အတြက္ ေနအိမ္ျပင္ပသို႔ ထြက္လာရန္ ေျပာစဥ္ ေမာင္ေဌးမွ ခဲမ်ားျဖင့္ထုျခင္း၊ ညစ္ညမ္းစြာဆဲဆိုျခင္းမ်ားျပဳလုပ္ကာ ေနအိမ္ရွိ အ႐ိုးအသြားတစ္ေပခြဲခန္႔ရွိ ငွက္ႀကီးေတာင္ဓားျဖင့္ ေျပး၀င္ခုတ္ရာ ရဲတပ္ဖြဲ႕၀င္သံုးဦးတြင္ ျပတ္ရွ၊ ဖူးေရာင္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း ေရးသားထားသည္။

ေမာင္ေဌးမွ ရဲတပ္ဖြဲ႕ဝင္မ်ားအား ဓားျဖင့္ထပ္မံခုတ္မည္ျပဳသျဖင့္ ရဲတပ္ဖြဲ႕ဝင္တစ္ဦးမွ MA-13 ေသနတ္ျဖင့္ ၃ ခ်က္ပစ္ခတ္ရာ ဝဲဘက္ရင္အုံ ေဖာက္ဝင္ဒဏ္ရာ တစ္ခ်က္၊ ဝဲဘက္ဝမ္းဗိုက္ ေဖာက္ဝင္ဒဏ္ရာ တစ္ခ်က္၊ ဝဲ ဘက္ေနာက္ေက်ာ ခါးေဖာက္ဝင္ ဒဏ္ရာတစ္ခ်က္ ပစ္ခတ္ဖမ္းဆီးရမိခဲ့ၿပီး အုန္းေခ်ာနယ္ေျမရဲစခန္း(ပ) ၂၇၂/၂၀၂၀၊ သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန္႔ခြဲမႈဥပေဒပုဒ္မ ၂၅/ ၃၀(က) အရလည္းေကာင္း၊ အုန္းေခ်ာ နယ္ေျမရဲစခန္း(ပ)၂၇၁/၂၀၂၀၊ ရာဇသတ္ႀကီးပုဒ္မ ၃၃၂/၃၀၇ အရလည္းေကာင္း အသီးသီးအမႈဖြင့္ စစ္ေဆး ေဆာင္႐ြက္လ်က္ရွိေၾကာင္း ထုတ္ျပန္ထားသည္။

#PeopleMedia

Photo – Mandalay police

(unicode)
မန္တလေးမြို့တွင် COVID ရောဂါပိုးစစ်ဆေးရေးဂိတ်ရှိ မောင်းတံအားဆိုင်ကယ်ဖြင့်တိုက်၊ အုပ်ချုပ်ရေးအဖွဲ့အား သံခုံနှင့်ရိုက်ကာ ရဲတပ်ဖွဲ့ဝင်များအား ခဲများဖြင့်ပစ်ပေါက်ပြီး ဓားဖြင့်ပြန်ခုတ်သူအား ပစ်ခတ်ဖမ်းဆီး
……………………………………………………

ရန်ကုန်၊ ဒီဇင်ဘာ ၁၀ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ သလဲကုန်းကျေးရွာ မူလတန်းကျောင်းတောင်ဘက်ထိပ်ရှိ မောင်တံဂိတ်၌ COVID-19 ရောဂါပိုးတားဆီးရေးအတွက် စစ်ဆေးဆောင်ရွက်နေစဉ် မောင်းတံအားဆိုင်ကယ်ဖြင့်တိုက်၊ အုပ်ချုပ်ရေးအဖွဲ့အား သံခုံနှင့်ရိုက်ကာ ရဲတပ်ဖွဲ့ဝင်များအား ခဲများဖြင့်ပစ်ပေါက်ပြီး ဓားဖြင့်ပြန်ခုတ်သူအား ပစ်ခတ် ဖမ်းဆီးခဲ့သည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၈ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် အဆိုပါဖြစ်ပွားရာနေ၌ သလဲကုန်းကျေးရွာအုပ်ချုပ် ရေးမှူးနှင့်အဖွဲ့မှ ရောဂါကာကွယ်တားဆီးရေးအတွက် စိစစ်ဆောင်ရွက်နေစဉ် မောင်ဌေး ၄၂ နှစ်၊ တောင်သူ၊ သလဲကုန်းကျေးရွာ၊ ပုသိမ်ကြီး မြို့နယ်နေသူမှာ စစ်ဆေးမခံဘဲ မောင်းတံအားဆိုင်ကယ်ဖြင့် ဝင်တိုက်ကာ ကျေး ရွာအုပ်ချုပ်ရေးအဖွဲ့အား ညစ်ညမ်းစွာဆဲဆိုပြီး သံခုံဖြင့်ဝင်ရောက် ရိုက်နှက်ခဲ့သဖြင့် ကျေးရွာအဖွဲ့ဝင်နှစ်ဦးတို့ ဒဏ်ရာအသီးသီးရရှိခဲ့ကြောင်း အုန်းချောနယ်မြေရဲစခန်းသို့ သွားရောက်အကြောင်းကြားခဲ့ကြောင်း မန္တလေး တိုင်းရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

ဆက်လက်ပြီး အုန်းချောနယ်မြေရဲစခန်းမှူးနှင့်တပ်ဖွဲ့ဝင်များမှ သလဲကုန်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့် သက်သေ များအပါအဝင် မောင်ဌေး၏နေအိမ်သို့ သွားရောက်ပြီး ၎င်းအားဖြစ်စဉ်နှင့်ပတ်သက်၍ ဖြေရှင်းဆောင်ရွက်ရန်အတွက် နေအိမ်ပြင်ပသို့ ထွက်လာရန် ပြောစဉ် မောင်ဌေးမှ ခဲများဖြင့်ထုခြင်း၊ ညစ်ညမ်းစွာဆဲဆိုခြင်းများပြုလုပ်ကာ နေအိမ်ရှိ အရိုးအသွားတစ်ပေခွဲခန့်ရှိ ငှက်ကြီးတောင်ဓားဖြင့် ပြေးဝင်ခုတ်ရာ ရဲတပ်ဖွဲ့ဝင်သုံးဦးတွင် ပြတ်ရှ၊ ဖူးရောင်ဒဏ်ရာများရရှိခဲ့ကြောင်း ရေးသားထားသည်။

မောင်ဌေးမှ ရဲတပ်ဖွဲ့ဝင်များအား ဓားဖြင့်ထပ်မံခုတ်မည်ပြုသဖြင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးမှ MA-13 သေနတ်ဖြင့် ၃ ချက်ပစ်ခတ်ရာ ဝဲဘက်ရင်အုံ ဖောက်ဝင်ဒဏ်ရာ တစ်ချက်၊ ဝဲဘက်ဝမ်းဗိုက် ဖောက်ဝင်ဒဏ်ရာ တစ်ချက်၊ ဝဲ ဘက်နောက်ကျော ခါးဖောက်ဝင် ဒဏ်ရာတစ်ချက် ပစ်ခတ်ဖမ်းဆီးရမိခဲ့ပြီး အုန်းချောနယ်မြေရဲစခန်း(ပ) ၂၇၂/၂၀၂၀၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅/ ၃၀(က) အရလည်းကောင်း၊ အုန်းချော နယ်မြေရဲစခန်း(ပ)၂၇၁/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၃၂/၃၀၇ အရလည်းကောင်း အသီးသီးအမှုဖွင့် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

#PeopleMedia

Photo – Mandalay police


Share this post