• Follow Us on

Home မန္တလေးမြို့ရှိ USDP ပါတီရုံး ကုန်းသီးများဖြင့် ပစ်ခတ်ခံရ

မန္တလေးမြို့ရှိ USDP ပါတီရုံး ကုန်းသီးများဖြင့် ပစ်ခတ်ခံရ

Share this post

ရန်ကုန်၊ မတ် ၃ (People Media)

 

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ USDP ပါတီရုံးအား မတ် ၂ ရက်နေ့တွင် လူတစ်စုမှ ကုန်းသီး များဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း သတင်းရရှိသည်။

 

အဆိုပါပစ်ခတ်ခဲ့မှုကြောင့် ယင်းအဆောက်အဦမျက်နှာစာမှန်အနှံ့အပြား ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

 

အလားတူ ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ် ရေကျော်လမ်းရှိ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး (YMBA) ရုံးချုပ်အဆောက်အအုံအား မတ်လ ၁ ရက်နေ့ ညပိုင်းအချိန်တွင် ဆိုင်းဘုတ်ရှိစာလုံးများအား ထိုးခွာ ဖျက်ဆီးခဲ့ပြီး ပြတင်းပေါက်မှန်တံခါးများနှင့် အဲကွန်းများကိုလည်း ရိုက်ခွဲဖျက်ဆီးခံခဲ့ရသည်။

 

အဆောက်အအုံနံရံများပေါ်၌လည်း ဆေးအမည်းများဖြင့် ညစ်ညမ်းသောစကားလုံးများကိုရေးသားခဲ့ကြောင်း သိရသည်။

 

YMBA အသင်းကြီးမှ ဖြစ်စဉ်တွင်ပါဝင်ပတ်သက်သူများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေးအတွက် ပုဇွန် တောင်မြို့မရဲစခန်း၌ အမှုဖွင့်ထားကြောင်း နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြပါရှိသည်။

 

#PeopleMedia

 

(unicode)

မန်တလေးမွို့ရှိ USDP ပါတီရုံး ကုနျးသီးမြားဖွင့ျ ပဈခတျခံရ
………………………………………………….







#PeopleMedia


Share this post