• Follow Us on

Home မန္တလေးမြို့၊ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး ပရိဝုဏ်အနီးရှိ သာသနာ ၂၅၀၀ ဝန်းအတွင်းသို့ လက်လုပ်မိုင်း ပစ်ခတ်ခံရ

မန္တလေးမြို့၊ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး ပရိဝုဏ်အနီးရှိ သာသနာ ၂၅၀၀ ဝန်းအတွင်းသို့ လက်လုပ်မိုင်း ပစ်ခတ်ခံရ

Share this post

မန္တလေး၊ ဇန်နဝါရီ ၁၇ (People Media)

 

ဇန်နဝါရီ ၁၄ ရက် ညနေပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး ပရိဝုဏ် အနီးရှိသော သာသနာ ၂၅၀၀ ဝန်းအတွင်းသို့ အမည်မသိ အမျိုးသားနှစ်ဦးက လက်လုပ်မိုင်းဖြင့် ပစ် ခတ်ခံခဲ့ရသည်။

 

ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၄ ရက်နေ့ ညနေ ၅ နာရီခန့်က Click ဆိုင်ကယ် အမျိုးအစားဖြင့် စီးနင်းလာသည့် အမျိုး သား နှစ်ဦးက လက်လုပ်ဗုံးဖြင့် လာရောက်ပစ်ခတ်ခဲ့ပြီး လူထိခိုက်ဒဏ်ရာမရရှိခဲ့ကြောင်း သိရသည်။

 

ယခင်က လူနေအိမ်များ၊ ပညာရေးကျောင်းများ၊ ဘုန်းကြီးကျောင်းများနှင့် ဌာနဆိုင်ရာ အဆောက်ဦးများ လက် လုပ်ဗုံးဖြင့် ပစ်ခတ်မှုဖြစ်စဉ်များရှိသော်လည်း ဘုရားပရိဝုဏ်အနီးသို့ လက်လုပ်ဗုံးဖြင့် ပစ်ခတ်မှုမှာ ယခုအကြိမ် သည် ပထမဆုံးဖြစ်သည်။

 

အလားတူ လက်ရှိရက်ပိုင်းအတွင်း၌ မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့၌ လက်လုပ်မိုင်း ပေါက်ကွဲမှုများဖြစ်ပေါ်နေလျက်ရှိသည်။

 

#PeopleMedia #မဟာမုနိရုပ်ရှင်တော်မြတ်ကြီး #လက်လုပ်ဗုံး

 

(unicode)


……………………………………………………….

 

မန်တလေး၊ ဇနျနဝါရီ ၁၇ (People Media)

 


 


 


 


 



Share this post