• Follow Us on

Home မႏၲေလးၿမိဳ႕၊ Stay at Home ၿမိဳ႕နယ္ ၃ ခု ၌ ေစ်းဝယ္ခြင့္ကတ္မ်ား ထုတ္ေပး

မႏၲေလးၿမိဳ႕၊ Stay at Home ၿမိဳ႕နယ္ ၃ ခု ၌ ေစ်းဝယ္ခြင့္ကတ္မ်ား ထုတ္ေပး

Share this post

မႏၲေလး၊ စက္တင္ဘာ – ၂၉

မႏၲေလးၿမိဳ႕တြင္ Stay at Home သတ္မွတ္ထားေသာၿမိဳ႕နယ္ ၃ ခု အတြင္း၌ ေနထိုင္ေသာ ျပည္သူမ်ားအတြက္ အိမ္ေထာင္စုတစ္စုလွ်င္ တစ္ကတ္ႏႈန္းျဖင့္ ေစ်းဝယ္ခြင့္ကတ္မ်ား ယေန႔ စတင္ထုတ္ေပးခဲ့ေၾကာင္း ရပ္ေက်း အုပ္ခ်ဳပ္ေရးမွဴးမ်ားထံက သိရသည္။

ၿမိဳ႕နယ္စီမံခန္႔ခြဲေရးေကာ္မတီက ရပ္ကြက္အလိုက္ ေစ်းဝယ္ခြင့္ကတ္မ်ား ထုတ္ေပးခဲ့ရာ ရာအိမ္မွဴးမ်ားႏွင့္ တိုင္ပင္၍ အိမ္ေထာင္စုတစ္စုလွ်င္ ေစ်းဝယ္ခြင့္ တစ္ကတ္ႏႈန္း ထုတ္ေပးသြားမည္ျဖစ္ေၾကာင္း စၾကာႏြယ္စဥ္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ဦးေအာင္ေက်ာ္က ေျပာၾကားသည္။

က်န္းမာေရးကိစၥမ်ားအတြက္ အျပင္သြားမည္ဆိုလ်င္ ေဆး႐ုံသြားခြင့္အတြက္ အနီေရာက္ကတ္ သတ္ မွတ္ထားၿပီး ရပ္ကြက္႐ုံးတြင္ ၂၄ နာရီ ထုတ္ေပးသြားမည္ျဖစ္ေၾကာင္း ဦးေအာင္ေက်ာ္က ဆက္လက္ ေျပာၾကားသည္။

“အမ်ားသူငါသြားလာလို႔ရေအာင္ လမ္းေတြမပိတ္ဖို႔လည္း ၿမိဳ႕နယ္စီမံခန္႔ခြဲေရးေကာ္မတီက မွာထားပါတယ္၊ ျပည္သူေတြက ကိုယ့္အိမ္ကိုေနပါဆိုရင္ မေနခ်င္ဘူး၊ စည္းကမ္းထိန္းသိမ္းေရးနဲ႔ပတ္သက္ၿပီး မီးသတ္၊ ရဲ တပ္ဖြဲ႕၊ စည္ပင္၊ ေထြအုပ္ဝန္ထမ္းႏွင့္ ရာအိမ္မွဴးပူးေပါင္း ေဆာင္ရြက္သြားမယ္၊ စည္းကမ္းထိန္းသိမ္းေရး အပိုင္းေဆာင္ရြက္တာ ျပစ္ဒဏ္ေပးဖို႔ မဟုတ္ပါဘူး၊ လမ္းေပၚမထြက္ေအာင္လို႔ စနစ္တက် ေဆာင္ရြက္သြား ပါတယ္” ဟု ၎ကဆိုသည္။

မႏၲေလးတိုင္းအတြင္းရွိ ခ်မ္းေအးသာစံ၊ မဟာေအာင္ေျမၿမိဳ႕နယ္ႏွင့္ အမရပူရၿမိဳ႕နယ္တို႔ကို Stay at Home အစီအစဥ္တြင္ ပါဝင္ေသာၿမိဳ႕နယ္အျဖစ္ ထည့္သြင္းသတ္မွတ္ေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီး ဌာနသည္ စက္တင္ဘာလ ၂၅ ရက္ တြင္ ထုတ္ျပန္ေၾကျငာခဲ့သည္။

ပတ္ကုန္းဝန္းက်င္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ဦးေက်ာ္သူသန္းက ရာအိမ္မွဴးမ်ားမွတဆင့္ အိမ္ေထာင္စု တစ္စုလွ်င္ ေစ်းဝယ္ခြင့္ကတ္ တစ္ကတ္ႏႈန္းေပးထားၿပီး ရပ္ကြက္ေနလူထု၏ ၉၀% လိုက္နာၾကေၾကာင္း ေျပာၾကားသည္။

“လက္ရွိမွာ လမ္းေတြပိတ္ဆို႔ဖို႔ မလုပ္ပါနဲ႔လို႔ တားထားတယ္၊ စစ္ေဆးေရးအတြက္ အခု ရာအိမ္မွဴးေတြနဲ႔ အဖြဲ႕ဖြဲ႕ထားတယ္၊ လုပ္ငန္းေတာ့ မေဆာင္ရြက္ရေသးဘူး၊ မီးသတ္နဲ႔ ရဲကို ေပါင္းေပးမယ္ေျပာတယ္၊ ေပါင္းၿပီးေတာ့ မိုဘိုင္းပုံစံမ်ိဳး သြားစစ္ရမယ္” ဟု ၎ကဆိုသည္။

စက္တင္ဘာလ ၂၉ ရက္မွ စတင္၍ မႏၲေလးၿမိဳ႕ရွိ ေစ်းဆိုင္မ်ားကိုလည္း နံနက္ ၆ နာရီ မွ ေန႔ ၁၂ နာရီအထိ ဖြင့္လွစ္ရန္သတ္မွတ္ထားၿပီး လမ္းမႀကီးအခ်ိဳ႕ကို အသြားအလာ ကန္႔သတ္ပိတ္ပင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ေနသာ(မန္း)

#PeopleMedia #မႏၲေလး #COVID19

(Unicode)
မန္တလေးမြို့၊ Stay at Home မြို့နယ် ၃ ခု ၌ စျေးဝယ်ခွင့်ကတ်များ ထုတ်ပေး
…………………………………………….

မန္တလေး၊ စက်တင်ဘာ – ၂၉

မန္တလေးမြို့တွင် Stay at Home သတ်မှတ်ထားသောမြို့နယ် ၃ ခု အတွင်း၌ နေထိုင်သော ပြည်သူများအတွက် အိမ်ထောင်စုတစ်စုလျှင် တစ်ကတ်နှုန်းဖြင့် စျေးဝယ်ခွင့်ကတ်များ ယနေ့ စတင်ထုတ်ပေးခဲ့ကြောင်း ရပ်ကျေး အုပ်ချုပ်ရေးမှူးများထံက သိရသည်။

မြို့နယ်စီမံခန့်ခွဲရေးကော်မတီက ရပ်ကွက်အလိုက် စျေးဝယ်ခွင့်ကတ်များ ထုတ်ပေးခဲ့ရာ ရာအိမ်မှူးများနှင့် တိုင်ပင်၍ အိမ်ထောင်စုတစ်စုလျှင် စျေးဝယ်ခွင့် တစ်ကတ်နှုန်း ထုတ်ပေးသွားမည်ဖြစ်ကြောင်း စကြာနွယ်စဉ် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်က ပြောကြားသည်။

ကျန်းမာရေးကိစ္စများအတွက် အပြင်သွားမည်ဆိုလျင် ဆေးရုံသွားခွင့်အတွက် အနီရောက်ကတ် သတ် မှတ်ထားပြီး ရပ်ကွက်ရုံးတွင် ၂၄ နာရီ ထုတ်ပေးသွားမည်ဖြစ်ကြောင်း ဦးအောင်ကျော်က ဆက်လက် ပြောကြားသည်။

“အများသူငါသွားလာလို့ရအောင် လမ်းတွေမပိတ်ဖို့လည်း မြို့နယ်စီမံခန့်ခွဲရေးကော်မတီက မှာထားပါတယ်၊ ပြည်သူတွေက ကိုယ့်အိမ်ကိုနေပါဆိုရင် မနေချင်ဘူး၊ စည်းကမ်းထိန်းသိမ်းရေးနဲ့ပတ်သက်ပြီး မီးသတ်၊ ရဲ တပ်ဖွဲ့၊ စည်ပင်၊ ထွေအုပ်ဝန်ထမ်းနှင့် ရာအိမ်မှူးပူးပေါင်း ဆောင်ရွက်သွားမယ်၊ စည်းကမ်းထိန်းသိမ်းရေး အပိုင်းဆောင်ရွက်တာ ပြစ်ဒဏ်ပေးဖို့ မဟုတ်ပါဘူး၊ လမ်းပေါ်မထွက်အောင်လို့ စနစ်တကျ ဆောင်ရွက်သွား ပါတယ်” ဟု ၎င်းကဆိုသည်။

မန္တလေးတိုင်းအတွင်းရှိ ချမ်းအေးသာစံ၊ မဟာအောင်မြေမြို့နယ်နှင့် အမရပူရမြို့နယ်တို့ကို Stay at Home အစီအစဉ်တွင် ပါဝင်သောမြို့နယ်အဖြစ် ထည့်သွင်းသတ်မှတ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနသည် စက်တင်ဘာလ ၂၅ ရက် တွင် ထုတ်ပြန်ကြေငြာခဲ့သည်။

ပတ်ကုန်းဝန်းကျင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်သူသန်းက ရာအိမ်မှူးများမှတဆင့် အိမ်ထောင်စု တစ်စုလျှင် စျေးဝယ်ခွင့်ကတ် တစ်ကတ်နှုန်းပေးထားပြီး ရပ်ကွက်နေလူထု၏ ၉၀% လိုက်နာကြကြောင်း ပြောကြားသည်။

“လက်ရှိမှာ လမ်းတွေပိတ်ဆို့ဖို့ မလုပ်ပါနဲ့လို့ တားထားတယ်၊ စစ်ဆေးရေးအတွက် အခု ရာအိမ်မှူးတွေနဲ့ အဖွဲ့ဖွဲ့ထားတယ်၊ လုပ်ငန်းတော့ မဆောင်ရွက်ရသေးဘူး၊ မီးသတ်နဲ့ ရဲကို ပေါင်းပေးမယ်ပြောတယ်၊ ပေါင်းပြီးတော့ မိုဘိုင်းပုံစံမျိုး သွားစစ်ရမယ်” ဟု ၎င်းကဆိုသည်။

စက်တင်ဘာလ ၂၉ ရက်မှ စတင်၍ မန္တလေးမြို့ရှိ စျေးဆိုင်များကိုလည်း နံနက် ၆ နာရီ မှ နေ့ ၁၂ နာရီအထိ ဖွင့်လှစ်ရန်သတ်မှတ်ထားပြီး လမ်းမကြီးအချို့ကို အသွားအလာ ကန့်သတ်ပိတ်ပင်သွားမည်ဖြစ်ကြောင်း သိရသည်။

နေသာ(မန်း)

#PeopleMedia #မန္တလေး #COVID19


Share this post