• Follow Us on

Home မန္တလေးမြို့၌ ဆွမ်းခံနေသည့် ကပ္ပိယတစ်ဦး၊ အုပ်ချုပ်ရေးမှူးတစ်ဦးအပါအဝင် ကုတင် ၃၀၀ ဆေးရုံသူနာပြုနှင့် ၎င်း၏ အမျိုးသားဖြစ်သူတို့သည် အကြမ်းဖက်သမားများ၏ လက်ချက်ဖြင့် သေဆုံး၊ ကုတင် ၃၀၀ ဆေးရုံသူနာ ပြုဆရာမ သေဆုံးချိန်၌ ၎င်း၌ ကိုယ်ဝန်လေးလခန့် ရှိနေဟုဆို

မန္တလေးမြို့၌ ဆွမ်းခံနေသည့် ကပ္ပိယတစ်ဦး၊ အုပ်ချုပ်ရေးမှူးတစ်ဦးအပါအဝင် ကုတင် ၃၀၀ ဆေးရုံသူနာပြုနှင့် ၎င်း၏ အမျိုးသားဖြစ်သူတို့သည် အကြမ်းဖက်သမားများ၏ လက်ချက်ဖြင့် သေဆုံး၊ ကုတင် ၃၀၀ ဆေးရုံသူနာ ပြုဆရာမ သေဆုံးချိန်၌ ၎င်း၌ ကိုယ်ဝန်လေးလခန့် ရှိနေဟုဆို

Share this post

မန္တလေး၊ ဒီဇင်ဘာ ၁၂ (People Media)

 

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၌ ယနေ့ နံနက်ပိုင်းက ဆွမ်းခံနေသည့်ကပ္ပိယတစ်ဦး၊ အုပ်ချုပ်ရေးမှူး တစ်ဦးအပါအဝင် ကုတင် ၃၀၀ ဆေးရုံသူနာပြုနှင့် ၎င်း၏ အမျိုးသားဖြစ်သူတို့သည် အကြမ်းဖက်သမားများ၏ လက်ချက်ဖြင့် သေဆုံးခဲ့သည်။

 

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်၊ ၅၆ လမ်းပေါ်၌ သာသနာ့ သုခီဝါဆိုဘုန်းတော်ကြီးကျောင်းမှ သံဃာတော် ၁၅ ပါးနှင့်အတူ လိုက်ပါ၍ ဆွမ်းခံနေသည့်ကပ္ပိယဖြစ်သူ ဦးစိုင်း ဝင်းသည် သေနတ်ဖြင့် ဦးခေါင်းကို ပစ်ခတ်လုပ်ကြံခံခဲ့ရသည်။

 

“ကပ္ပိယက ဆွမ်းခံနေချိန် သေနတ်သမားနှစ်ဦးက ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် လုပ်ကြံသွား တာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

 

ထို့အတူ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ဇရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးစိုးငြိမ်းသည် ယနေ့ နံနက်ပိုင်းက ရှမ်းခေါက်ဆွဲစားနေစဉ် သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံရ၍ သေဆုံးခဲ့သည်။

 

“အသတ်ခံရတဲ့ အုပ်ချုပ်ရေးမှူးဖြစ်သူက ကြက်ခြေနီတပ်ဖွဲ့ဝင်တစ်ယောက်ဖြစ်တယ်၊ ရပ်ကျိုးရွာကျိုး ဆောင်ရွက်သူလည်း ဖြစ်တယ်၊ ဒီလိုလုပ်ကြံခံရတော့ တော်တော်စိတ်မကောင်းဖြစ်ပါတယ်” လို့ ဒေသခံတစ်ဦးက ပြောသည်။

 

အလားတူ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်နေ ကိုအာကာဖြိုးနှင့် ၎င်း၏ ဇနီးဖြစ်သူ သူနာပြု ဆရာမ ဒေါ်ချမ်းမြငြိမ်းဖြစ်သူတို့သည် ယနေ့ နံနက်ပိုင်းက နေအိမ်မှ City Hospital ဆေးရုံသို့ အသွား ၆၂ လမ်း၊ ၁၀၄× ၁၀၅ လမ်း အရောက်၌ သေနတ်သမားနှစ်ဦးသည် ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ကိုအာကာဖြိုး နှင့် ၎င်း၏ ဇနီးဖြစ်သူ သူနာပြုဆရာမ ဒေါ်ချမ်းမြငြိမ်းတို့ကို သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့သည်။

 

သေဆုံးသူ ကိုအာကာဖြိုး နှင့် ၎င်း၏ ဇနီးဖြစ်သူ သူနာပြုဆရာမ ဒေါ်ချမ်းမြငြိမ်းတို့၏ ဘေး၌ USA 9MM LUGER ကျည်ခွံ ၂ ခု တွေ့ရှိခဲ့ရကြောင်း ဒေသခံတစ်ဦး၏ ပြောဆိုချက်အရ သိရသည်။

 

“အခုက Facebook ပေါ်မှာ တွေ့နေရတဲ့စာတွေက ဥပဒေကဲ့သို့ တည်နေတဲ့ အမိန့်ဖြစ်နေတယ်။ ဒီလူက ဒလံ ဘာဖြစ်တယ်ညာဖြစ်တယ် တစ်ဦးက ဂရုတွေထဲမှာ ရေးလိုက်ရင် အဲ့ဒီလူ မကြာဘူး လုပ်ကြံခံရဖို့ သေချာသလို ဖြစ်နေပြီ။ အခု သူနာပြုဆရာမဆိုလည်း ဘာဒလံမှ မဟုတ်ဘူး။ အေးအေးဆေးဆေးနေတဲ့ မိသားစုဝင်တွေ။ သေဆုံးသူ သူနာပြုဆရာမမှာ ကိုယ်ဝန်လေးလခန့်ရှိတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

 

#PeopleMedia #နစက #သူနာပြုဆရာမ

 

(unicode)


…………………………………………………

 

မန်တလေး၊ ဒီဇငျဘာ ၁၂ (People Media)

 


 


 


 


 


 


 


 


 



Share this post