• Follow Us on

Home မန္တလေးမြို့၌ ပရဟိတဆောင်ရွက်သူ၏ နေအိမ် ဗုံးပစ်ခံရပြီး မိခင်ဖြစ်သူ သေဆုံး

မန္တလေးမြို့၌ ပရဟိတဆောင်ရွက်သူ၏ နေအိမ် ဗုံးပစ်ခံရပြီး မိခင်ဖြစ်သူ သေဆုံး

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၄ (People Media)

 

မန္တလေးတိုင်းဒေသကြီး၊ လမ်း ၅၀/၅၁ လမ်းကြားတွင် နေထိုင်သည့် လူမှုကယ်ဆယ်ရေးလုပ်ငန်းများ ဆောင် ရွက်နေသော အမျိုးသားတစ်ဦး၏ နေအိမ် ဗုံးပစ်ခံခဲ့ရပြီး ၎င်း၏ မိခင်ဖြစ်သူ သေဆုံးခဲ့ပါတယ်။

 

“ည ၆ နာရီ ၄၅ လောက်ကဖြစ်တာ အဲ့ဒီဖြစ်တဲ့အချိန်မှာ ကျွန်တော်က အဲ့ဒီမှာမရှိဘူး လူမှုကယ်ဆယ်ရေးရုံးကို ရောက်နေတာ” ဟု မိသားစုဝင်တစ်ဦးက People Media ကို ပြောပါတယ်။

 

၎င်းတို့အနေဖြင့် လူမှုကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်သည်မှာ အသားရောင်၊ ပါတီအရောင်ခွဲခြားချင်း မရှိပဲ ဆောင်ရွက်ပေးနေသော်လည်း ယခုကဲ့သို့ နေအိမ်သို့ ဗုံးပစ်ခံရသည့်အပေါ်တွင် ၎င်းအနေဖြင့် စဉ်းစား၍ မရကြောင်းလည်း ဆိုပါတယ်။

 

“ကျွန်တော်တို့က အဖြူရောင်သက်သက် ပရဟိတလုပ်တာ၊ ကျွန်တော်တို့က အနီတွေ အဝါတွေ အစိမ်းတွေ ကျွန်တော်တို့ မသိဘူး။ ကျွန်တော်တို့က လူနာတွေ့ရင်ကယ်မှာပဲ အဲ့ဒါကို ကျွန်တော်တို့ကို အခုလိုလုပ်တာက တော့ စဉ်းစားလို့မရဘူး” ဟု မိသားစုဝင်တစ်ဦးက ပြောပါတယ်။

 

စက်တင်ဘာ ၁၃ ရက်နေ့ နံနက်ပိုင်းကလည်း မန္တလေးမြို့၊ နန်းရှေ့စစ်ဆေးရေးဂိတ်၌ ဂိတ်မဖွင့်မှီ မိုင်းရှာဖွေရေး ဆောင်ရွက်ခြင်းမရှိသောကြောင့် မိုင်းကွဲပြီး လုံခြုံရေးဆောင်ရွက်သူ (၁၁) ဦးဒဏ်ရာရရှိခဲ့ပြီး တပ်မတော်သား တစ်ဦးနှင့် ရာအိမ်မှူးတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

 

#PeopleMedia #လူမှုကယ်ဆယ်ရေး #ဗုံးခွဲခံရ

 

(unicode)


……………………………………………………………………

 


 


 


 


 


 


 



Share this post