• Follow Us on

Home မန္တလေးမြို့၌ ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ နိုင်ငံတော်၏ အတိုင်ပင်ခံရုပ်တုကို လူတစ်စုမှ ဝင်ရောက်ဖျက်ဆီး

မန္တလေးမြို့၌ ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ နိုင်ငံတော်၏ အတိုင်ပင်ခံရုပ်တုကို လူတစ်စုမှ ဝင်ရောက်ဖျက်ဆီး

Share this post

မန္တလေး၊ အောက်တိုဘာ ၁၅ (People Media)

 

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ကံတက်ကုန်းမစိုးရိမ်ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ဝင်းအတွင်းရှိ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ပုံတူရုပ်တုကို ယနေ့အောက်တိုဘာ ၁၅ ရက်နေ့ နံနက်ပိုင်း၌ လူတစ်စုမှ ဝင်ရောက်ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

 

ဖြစ်စဉ်မှာ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် ၅၅ လမ်း၊ လမ်း ၄၀ နှင့် ၄၁ လမ်းကြားအရှေ့ဘက်လမ်းရှိ ကံ တက်ကုန်းမစိုးရိမ်ဘုးန်တော်ကြီးသင် ပညာရေးကျောင်းသို့ နံနက် ၄ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် လူတစ်စု သည် ကျောင်းသို့ကားတစ်စီးရောက်ရှိလာပြီး ကျောင်းဝင်းတံခါးအား ရိုက်ချိုးဖျက်ဆီးဝင်ရောက်ကာ နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရုပ်တုအား ဖျက်ဆီးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

 

ယင်းကျောင်းဝင်းအတွင်းရှိ ဒေါ်အောင်ဆန်းစုကြည်ရုပ်တုနှင့် ဗိုလ်ချုပ်အောင်ဆန်းရုပ်တုနှစ်ခုအနက် ဒေါ် အောင်ဆန်းစုကြည်ရုပ်တုတစ်ခုကိုသာ ဖျက်ဆီးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

 

အဆိုပါရုပ်တုကို ကံတက်ကုန်းမစိုးရိမ်ကျောင်းတိုက် ဆရာတော်ဘုရားကြီးကိုယ်တိုင် ကျောင်းဝင်းအတွင်း စိုက် ထူထားခြင်းဖြစ်ကြောင်း သိရှိရသည်။

 

Photo – Credit

 

#PeopleMedia #မန္တလေး #ဘုန်းကြီးကျောင်း #ဒေါ်အောင်ဆန်းစုကြည် #ရုပ်တု

 

(unicode)


…………………………………………………………

 

မန်တလေး၊ အောကျတိုဘာ ၁၅ (People Media)

 


 


 


 


 

Photo – Credit

 



Share this post