• Follow Us on

Home မႏၲေလးၿမိဳ႕၌ ေသဆုံးသြားသည့္ အိမ္ေျခမဲ့ကေလးငယ္တစ္ဦးထံမွ COVID ပိုးေတြ႕ရွိ

မႏၲေလးၿမိဳ႕၌ ေသဆုံးသြားသည့္ အိမ္ေျခမဲ့ကေလးငယ္တစ္ဦးထံမွ COVID ပိုးေတြ႕ရွိ

Share this post

မႏၲေလး၊ ႏိုဝင္ဘာ – ၂၃
 
မႏၲေလးတိုင္းေဒသႀကီး၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္ စစ္ကိုင္း-မႏၲေလးလမ္းေပၚရွိ ဦးပြားဘုရားအေနာက္ဘက္မုဒ္အ နီး၌ ေသဆုံးသြားသည့္ အိမ္ေျခမဲ့ကေလးငယ္တစ္ဦးထံက COVID ပိုးေတြ႕ရွိခဲ့ေၾကာင္း ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရး အဖြဲ႕တာဝန္ရွိသူမ်ားက အတည္ျပဳေျပာဆိုသည္။
 
ျဖစ္စဥ္မွာ နိုဝင္ဘာလ ၂၁ ရက္တြင္ ဦးပြားဘုရားအနီး၌ ေသဆုံးခဲ့ေသာကေလးငယ္သည္ မႏၲေလးၿမိဳ႕၊ ခ်မ္းျမ သာစည္ၿမိဳ႕နယ္ ၇၈ လမ္းႏွင့္ စစ္ကိုင္း-မႏၲေလး လမ္းမီးပြိဳင့္၌ ေတာင္းရမ္းစားေသာက္ေနသူတစ္ဦးျဖစ္သည္။
 
အဆိုပါကေလးငယ္၏ ႐ုပ္အေလာင္းကို မႏၲေလးေဆး႐ုံႀကီးသို႔ ပို႔ေဆာင္၍ စစ္ေဆးခဲ့ရာ COVID -19 ေရာဂါပိုး ေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ဒုတိယအေထြေထြအုပ္ခ်ဳပ္ေရးမွဴး ဦးစိုးေဇယ်ာထြန္းက အတည္ျပဳေျပာၾကားသည္။
 
လက္ရွိအခ်ိန္၌ အဆိုပါကေလးငယ္ႏွင့္ ထိေတြ႕ခဲ့သည့္ အိမ္ေျခမဲ့ကေလးငယ္(၉)ဦးကို Q စင္တာသို႔ ပို႔ေဆာင္ထားၿပီး သက္ဆိုင္ရာက က်န္းမာေရးေစာင့္ေရွာက္မႈေပးလ်က္ရွိသည္။
 
မႏၲေလးၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ၊ သန႔္ရွင္းေရးဌာနကလည္း Facebook လူမႈကြန္ရက္ စာ မ်က္ႏွာမွတဆင့္ ေတာင္းရမ္းစားေသာက္သူ ကေလးငယ္မ်ားကို ေရွာင္ရွားၾကရန္ နိုဝင္ဘာလ ၂၂ ရက္က ေမတၱာရပ္ခံခ်က္ ထုတ္ျပန္ထားသည္။
 
အဆိုပါထုတ္ျပန္ခ်က္တြင္ “လမ္းေပၚေန ကေလးသူငယ္မ်ား၊ ေတာင္းရမ္းစားေသာက္သူမ်ားႏွင့္ ပန္းေရာင္းမုန႔္ ေရာင္းဟန္ျပေတာင္းစားသူမ်ားမွတဆင့္ ေရာဂါကူးစက္ျပန႔္ပြားနိုင္သျဖင့္ ေပးကမ္းျခင္း၊ ဝယ္ယူအားေပးျခင္း မျပဳလုပ္ပဲ ေရွာင္ရွားနိုင္ရန္ ေမတၱာရပ္ခံတင္ျပအပ္ပါသည္” ဟု ေရးသားေဖၚျပထားသည္။
 
Photo – credit
 
#PeopleMedia #COVID #အိမ္ေျခမဲ့
 
(unicode)
မန္တလေးမြို့၌ သေဆုံးသွားသည့် အိမ်ခြေမဲ့ကလေးငယ်တစ်ဦးထံမှ COVID ပိုးတွေ့ရှိ
………………………………………
 
မန္တလေး၊ နိုဝင်ဘာ – ၂၃
 
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် စစ်ကိုင်း-မန္တလေးလမ်းပေါ်ရှိ ဦးပွားဘုရားအနောက်ဘက်မုဒ်အ နီး၌ သေဆုံးသွားသည့် အိမ်ခြေမဲ့ကလေးငယ်တစ်ဦးထံက COVID ပိုးတွေ့ရှိခဲ့ကြောင်း မြို့နယ်အုပ်ချုပ်ရေး အဖွဲ့တာဝန်ရှိသူများက အတည်ပြုပြောဆိုသည်။
 
ဖြစ်စဉ်မှာ နိုဝင်ဘာလ ၂၁ ရက်တွင် ဦးပွားဘုရားအနီး၌ သေဆုံးခဲ့သောကလေးငယ်သည် မန္တလေးမြို့၊ ချမ်းမြ သာစည်မြို့နယ် ၇၈ လမ်းနှင့် စစ်ကိုင်း-မန္တလေး လမ်းမီးပွိုင့်၌ တောင်းရမ်းစားသောက်နေသူတစ်ဦးဖြစ်သည်။
 
အဆိုပါကလေးငယ်၏ ရုပ်အလောင်းကို မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်၍ စစ်ဆေးခဲ့ရာ COVID -19 ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ချမ်းမြသာစည်မြို့နယ်၊ ဒုတိယအထွေထွေအုပ်ချုပ်ရေးမှူး ဦးစိုးဇေယျာထွန်းက အတည်ပြုပြောကြားသည်။
 
လက်ရှိအချိန်၌ အဆိုပါကလေးငယ်နှင့် ထိတွေ့ခဲ့သည့် အိမ်ခြေမဲ့ကလေးငယ်(၉)ဦးကို Q စင်တာသို့ ပို့ဆောင်ထားပြီး သက်ဆိုင်ရာက ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိသည်။
 
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ သန့်ရှင်းရေးဌာနကလည်း Facebook လူမှုကွန်ရက် စာ မျက်နှာမှတဆင့် တောင်းရမ်းစားသောက်သူ ကလေးငယ်များကို ရှောင်ရှားကြရန် နိုဝင်ဘာလ ၂၂ ရက်က မေတ္တာရပ်ခံချက် ထုတ်ပြန်ထားသည်။
 
အဆိုပါထုတ်ပြန်ချက်တွင် “လမ်းပေါ်နေ ကလေးသူငယ်များ၊ တောင်းရမ်းစားသောက်သူများနှင့် ပန်းရောင်းမုန့် ရောင်းဟန်ပြတောင်းစားသူများမှတဆင့် ရောဂါကူးစက်ပြန့်ပွားနိုင်သဖြင့် ပေးကမ်းခြင်း၊ ဝယ်ယူအားပေးခြင်း မပြုလုပ်ပဲ ရှောင်ရှားနိုင်ရန် မေတ္တာရပ်ခံတင်ပြအပ်ပါသည်” ဟု ရေးသားဖေါ်ပြထားသည်။
 
Photo – credit
 
#PeopleMedia #COVID #အိမ်ခြေမဲ့

Share this post