• Follow Us on

Home မႏၲေလးၿမိဳ႕၌ COVID-19 ေရာဂါကင္းရွင္းေၾကာင္း ေထာက္ခံစာအတု ျပဳလုပ္ေနသူအား ဖမ္းဆီးရမိ

မႏၲေလးၿမိဳ႕၌ COVID-19 ေရာဂါကင္းရွင္းေၾကာင္း ေထာက္ခံစာအတု ျပဳလုပ္ေနသူအား ဖမ္းဆီးရမိ

Share this post

ရန္ကုန္၊ ဒီဇင္ဘာ ၈ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

မႏၲေလးၿမိဳ႕၌ COVID-19 ေရာဂါကင္းရွင္းေၾကာင္း ေထာက္ခံစာအတုျပဳလုပ္ေနသူအား ဖမ္းဆီးရမိခဲ့ေၾကာင္း မႏၲေလးတိုင္း ရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။

အဆိုပါထုတ္ျပန္ခ်က္တြင္ မႏၲေလးတိုင္းေဒသႀကီး၊ အမရပူရၿမိဳ႕နယ္၊ နတ္ေရကန္ေက်းရြာအုပ္စု၊ ၀၀ ရပ္ကြက္၊ ၆၃ လမ္းေဘးရွိ ဓာတ္ပုံအျမန္ မိတၳဴဆိုင္အား ဒီဇင္ဘာ ၇ ရက္ ေန႔လည္ ၂ နာရီခြဲအခ်ိန္ COVID-19 ေရာဂါ ကင္းရွင္းေၾကာင္း က်န္းမာေရး ဦးစီးဌာန၏ ေထာက္ခံစာမ်ား အတုျပဳလုပ္ေနေၾကာင္းသတင္းရရွိသျဖင့္ ျမစ္ငယ္နယ္ေျမရဲစခန္းမွ တပ္ဖြဲ႕ဝင္မ်ားသည္ အမရပူရၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံ ကုသေရးဦးစီးဌာနမွ တာဝန္ရွိ သူမ်ား၊ အမရပူရ ၿမိဳ႕နယ္အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာနမွ တာဝန္ရွိသူမ်ားပါဝင္သည့္ ပူးေပါင္းအဖြဲ႕ျဖင့္ သြား ေရာက္စစ္ေဆးခဲ့ေၾကာင္း ေဖာ္ျပပါရွိသည္။

ဆက္လက္ၿပီး ေထာက္ခံစာမ်ား အတုျပဳလုပ္ေနေၾကာင္း သတင္းအရ ၀င္ေရာက္ရွာေဖြဖမ္းဆီးရာ သူရေအာင္ ၃၂ ႏွစ္၊ ဝဝရပ္ကြက္၊ နတ္ေရကန္ေက်းရြာ၊ အမရပူရၿမိဳ႕နယ္ ေနသူအား ေထာက္ခံစာမ်ား အတုျပဳလုပ္ရာ တြင္အသုံးျပဳသည့္ Computer၊ Printerႏွင့္ အျခားသက္ေသခံပစၥည္းမ်ားႏွင့္အတူ ေတြ႕ရွိသိမ္းဆီးရမိသျဖင့္ ျမစ္ငယ္နယ္ေျမရဲစခန္း(ပ)၄၄၀/၂၀၂၀၊ ရာဇသတ္ႀကီးပုဒ္မ၄၂၀/၄၆၈ အရ အမႈဖြင့္စစ္ေဆးေဆာင္ရြက္လ်က္ရွိ ေၾကာင္း မႏၲေလးတိုင္းရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။

#PeopleMedia #ေထာက္ခံစာအတု #မႏၲေလး

(unicode)
မန္တလေးမြို့၌ COVID-19 ရောဂါကင်းရှင်းကြောင်း ထောက်ခံစာအတု ပြုလုပ်နေသူအား ဖမ်းဆီးရမိ
…………………………………………………………………

ရန်ကုန်၊ ဒီဇင်ဘာ ၈ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

မန္တလေးမြို့၌ COVID-19 ရောဂါကင်းရှင်းကြောင်း ထောက်ခံစာအတုပြုလုပ်နေသူအား ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

အဆိုပါထုတ်ပြန်ချက်တွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ နတ်ရေကန်ကျေးရွာအုပ်စု၊ ၀၀ ရပ်ကွက်၊ ၆၃ လမ်းဘေးရှိ ဓာတ်ပုံအမြန် မိတ္ထူဆိုင်အား ဒီဇင်ဘာ ၇ ရက် နေ့လည် ၂ နာရီခွဲအချိန် COVID-19 ရောဂါ ကင်းရှင်းကြောင်း ကျန်းမာရေး ဦးစီးဌာန၏ ထောက်ခံစာများ အတုပြုလုပ်နေကြောင်းသတင်းရရှိသဖြင့် မြစ်ငယ်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် အမရပူရမြို့နယ်ပြည်သူ့ဆေးရုံ ကုသရေးဦးစီးဌာနမှ တာဝန်ရှိ သူများ၊ အမရပူရ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် သွား ရောက်စစ်ဆေးခဲ့ကြောင်း ဖော်ပြပါရှိသည်။

ဆက်လက်ပြီး ထောက်ခံစာများ အတုပြုလုပ်နေကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေဖမ်းဆီးရာ သူရအောင် ၃၂ နှစ်၊ ဝဝရပ်ကွက်၊ နတ်ရေကန်ကျေးရွာ၊ အမရပူရမြို့နယ် နေသူအား ထောက်ခံစာများ အတုပြုလုပ်ရာ တွင်အသုံးပြုသည့် Computer၊ Printerနှင့် အခြားသက်သေခံပစ္စည်းများနှင့်အတူ တွေ့ရှိသိမ်းဆီးရမိသဖြင့် မြစ်ငယ်နယ်မြေရဲစခန်း(ပ)၄၄၀/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ၄၂၀/၄၆၈ အရ အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိ ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

#PeopleMedia #ထောက်ခံစာအတု #မန္တလေး


Share this post