• Follow Us on

Home မန္တလေးမြို့ မဟာလူမှုကူညီရေးအသင်းမှ ဒု-ဥက္ကဋ္ဌအပါအဝင် ၈ ဦး ဖမ်းဆီးကာ အသင်းရုံးကို ချိတ်ပိတ်ခံရ

မန္တလေးမြို့ မဟာလူမှုကူညီရေးအသင်းမှ ဒု-ဥက္ကဋ္ဌအပါအဝင် ၈ ဦး ဖမ်းဆီးကာ အသင်းရုံးကို ချိတ်ပိတ်ခံရ

Share this post

မန္တလေး၊ ဖေဖော်ဝါရီ ၁၁ (People Media)

 

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်ရှိ မဟာလူမှုကူညီရေးအသင်းရုံးကို ဖေဖော်ဝါရီ ၁၀ ရက် နေ့က ချိတ်ပိတ်ခြင်းခံရကြောင်း အသင်းနှင့် နီးစပ်သူများထံမှာသိရပါတယ်။

 

လက်ရှိအချိန်အထိ အသင်းရုံးကို ချိတ်ပိတ်ခံရသည့် အဓိကအကြောင်းအရင်းအား သိရှိခြင်းမရှိသေးပဲ အသင်းရှိ လူ ၈ ဖမ်းဆီးခံရသည့် အကြောင်းအရင်းကိုလည်း သိရှိရခြင်းမရှိသေးကြောင်း အသင်းနှင့် နီးစပ်သူများက ဆိုပါ တယ်။

 

“အခု ချိတ်မပိတ်ခင်ကာလအထိတော့ လူမှုကူညီရေးလုပ်ငန်းတွေကို တောက်လျောက်လုပ်တယ်။ ဟိုနေ့က လာဖမ်းတဲ့နေ့ကဆိုရင် ခဏစစ်စရာရှိလို့ဆိုပြီးတော့ ခေါ်သွားတာ အခုအထိ ပြန်မလွှတ်သေးဘူး။ အဲ့ဒါပြီးတော့ မနေ့က အသင်းရုံးကို လာပြီးတော့ ချိတ်ပိတ်သွားတာ” ဟု အသင်းနှင့် နီးစပ်သူတစ်ဦးက ပြောပါတယ်။

 

ပြီးခဲ့သည်လပိုင်းကလည်း ရန်ကုန်တိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးရှိ လူမှုကူညီရေးအသင်းများ များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ခေါ်ယူစစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

 

#PeopleMedia #မဟာလူမှုကူညီရေးအသင်း #မန္တလေး #ချိတ်ပိတ်ခံရ

 

(unicode)


……………………………………………………………..

 

မန်တလေး၊ ဖဖေောျဝါရီ ၁၁ (People Media)

 


 


 


 


 

#PeopleMedia #မဟာလူမှုကူညီရေးအသငျး #မန်တလေး #ခြိတျပိတျခံရ


Share this post