• Follow Us on

Home မန္တလေးမြို့ အမျိုးသမီးဘော်ဒါဆောင်တစ်ခုတွင် သူနာပြုအမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံး

မန္တလေးမြို့ အမျိုးသမီးဘော်ဒါဆောင်တစ်ခုတွင် သူနာပြုအမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံး

Share this post

မန္တလေး၊ မတ် ၁

 

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၁၀၆ (A) လမ်း၊ ၆၃ လမ်းတွင်ရှိသည့် အမျိုးသမီးဘော်ဒါ ဆောင်တစ်ခုတွင် သူနာပြုအမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံးသွားကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၈ ရက် ညနေ ၅ နာရီခန့်တွင် အမျိုးသမီး(ဘော်ဒါဆောင်)၌ တစ်ယောက်ထဲရှိနေစဉ် ကြိုးဆွဲချ သေဆုံးသွားခြင်းဖြစ်ပြီး၊ မည်သည့်အကြောင်းကြောင့် ကြိုးဆွဲချ သေဆုံးသွားခြင်းကိုမူ မရှိရသေး ကြောင်း သိရသည်။

 

“အဆောင်လည်းပြန်ရောက်ရော သူကကြိုးဆွဲချသေဆုံးနေတာ။ ဘာလို့ ကြိုးဆွဲချတယ်ဆိုတာ စစ်ဆေးတုန်း။ ဘာလို့ကြိုးဆွဲချလည်းတော့ မသိဘူး” လို့ အားမာန် လူငယ်(ပရဟိတ) အရေးပေါ်ကယ်ဆယ်ရေးယာဉ်မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

ကြိုးဆွဲချသေဆုံးခဲ့သည့် သူနာပြုအမျိုးသမီးမှာ အသက် (၂၆) နှစ်အရွယ်ရှိပြီဖြစ်ပြီး၊ သူနာပြုအလုပ် လုပ်ကိုင် နေသူတစ်ဦးဖြစ်ကြောင်း ၎င်း၏ ရုပ်အလောင်းကို သက်ဆိုင်ရာမှ စစ်ဆေးနေကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia #မန္တလေးမြို့

 

(unicode)


…………………………………………

 

မန်တလေး၊ မတျ ၁

 


 


 


 


 

Photo – Credit

 

#PeopleMedia #မန်တလေးမွို့


Share this post