• Follow Us on

Home မန္တလေးမြို့ အဝင် အထွက်နှင့် အထင်ကရ နေရာများ၌ လုံခြုံရေးအဖွဲ့များမှ မိုင်းရှင်း လင်းရေးဆောင်ရွက်

မန္တလေးမြို့ အဝင် အထွက်နှင့် အထင်ကရ နေရာများ၌ လုံခြုံရေးအဖွဲ့များမှ မိုင်းရှင်း လင်းရေးဆောင်ရွက်

Share this post

မန္တလေး၊ စက်တင်ဘာ – ၂၆

မန္တလေးမြို့အဝင် အထွက်နှင့် အထင်ကရ နေရာများတွင် စက်တင်ဘာလ ၂၆ ရက် ညနေပိုင်းက မိုင်းရှာဖွေ ရှင်းလင်းခြင်းများကို တိုင်းဒေသကြီးရဲတပ်ဖွဲ့နှင့်လုံခြုံရေးအဖွဲ့
များက ဆောင်ရွက်လျှက်ရှိသည်။

မြို့လူထု လုံခြုံ အန္တရာယ်ကင်းရှင်းစေရန်အတွက် မြို့ဝင် မြို့ထွက်များ တန်ခိုးကြီးဘုရား များနှင့်လူစည်ကားရာနေရာတွင် လုံခြုံရေးယူ၍မိုင်းရှာဖွေရှင်းလင်းနေခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှသိရသည်။မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့နှင့်မိုင်းရှင်းလင်းရှာဖွေရေးအဖွဲ့တို့ ပူးပေါင်း၍ ဆောင်ရွက်နေခြင်းဖြစ်သည်။

အလားတူ မြန်မာနိုင်ငံအခြေစိုက် အမေရိကန်သံရုံးက နေပြည်တော်၊ရန်ကုန်နဲ့ မန္တလေးတို့မှာ လာမယ့်ရက်ပိုင်းအတွင်း အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားနိုင်တယ်လို့ စက်တင်ဘာ ၂၆ ရက်နေ့မှာ လုံခြုံရေးသတိပေးချက် ထုတ်ပြန်ထားသည်။

အမေရိကန်သံရုံးရဲ့ ထုတ်ပြန်ချက်အရ တိုက်ခိုက်မှုတွေဟာ နေပြည်တော်မှာ စက်တင်ဘာ ၂၆ ရက် ၊အောက်တိုဘာ ၁၆ ရက်နဲ့ ၂၆ ရက်နေ့တွေမှာ ဖြစ်ပွားနိုင်တယ်လို့ သိရပါတယ်။ လာမယ့်လတွေမှာ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ အကြမ်းဖက်မှုတွေရှိလာနိုင်တယ်လို့ ဆိုသည်။

လုံခြုံရေးသတိပေးချက်ထဲမှာ အမေရိကန်နိုင်ငံသားတွေကို ၄င်းတို့ရဲ့ လုံခြုံရေးဆိုင်ရာ သတိပြုကြဖို့၊အထူးသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ အစိုးရဌာနတွေကို သွားလာတဲ့အခါ ဂရုပြုကြဖို့နဲ့ ပြည်တွင်းသတင်းမီဒီယာက သတင်းဖော်ပြချက်တွေကို စောင့်ကြည်ရန် အကြုံပြုထားသည်။

သတင်း၊ ဓါတ်ပုံ အောင်အောင် (မန္တလေး)


Share this post