• Follow Us on

Home မန္တလေးမြို့ မြို့မတူရိယာအသင်းထံ န-စ-ကဥက္ကဋ္ဌမှ တူရိယာပစ္စည်းများနှင့် အခြေခံစားသောက်ကုန်များ လှူဒါန်း

မန္တလေးမြို့ မြို့မတူရိယာအသင်းထံ န-စ-ကဥက္ကဋ္ဌမှ တူရိယာပစ္စည်းများနှင့် အခြေခံစားသောက်ကုန်များ လှူဒါန်း

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂၇ (People Media)

 

မန္တလေးမြို့၊ မြို့မတူရိယာအသင်းအတွက် နိုင်င်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ တူရိယာပစ္စည်းများနှင့် အခြေခံစားသောက်ကုန်များလှူဒါန်းခဲ့ကြောင်း သိရှိရသည်။

 

အဆိုပါ ပေးအပ်လှူဒါန်းပွဲကို စက်တင်ဘာလ ၂၅ ရက်နေ့ နေ့လည်ပိုင်းအချိန်တွင် မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီမြို့တော်ခန်းမ၌ ပြုလုပ်ခဲ့ပြီး မန္တလေးမြို့မတူရိယာအသင်းကို နစကဥက္ကဋ္ဌမှ တူရိယာ ပစ္စည်းများပေးအပ်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

 

မန္တလေးမြို့မတူရိယာအသင်းအတွက် နစကဥက္ကဋ္ဌကိုယ်စား တိုင်းမှူးမှ တူရိယာပစ္စည်းများဖြစ်သည့် Drum Set မျိုးစုံ၊ Percussion(LPUSA) မျိုးစုံ၊ Vionlin ၅ လက်၊ Flute ၁ လက်၊ Clarinet ၁ လက်၊ Trumpet ၁ လက်၊ Saxophone ၁ လက်နှင့် Cello & Stand ၁ စုံတို့ကို အသင်း၏ နာယကမှ လက်ခံရယူခဲ့ကြောင်း သိရှိရသည်။

 

ထို့အပြင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သည့် ဆန်အိတ် ၄၀၊ ဆီ ၂၀ ပိဿာ၊ ကုလား ပဲ ၄၀ ပိဿာ၊ ကြက်သွန်နီ ၄၀ ပိဿာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကိုပေးအပ်ခဲ့ပြီး အဆိုပါပေးအပ်ပွဲသို့ တိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူ များတက်ရောက်ခဲ့ကြသည်။

 

#PeopleMedia #နစက #မန္တလေးမြို့မအသင်း #တူရိယာ

 

(unicode)

မန်တလေးမွို့ မွို့မတူရိယာအသငျးထံ န-စ-ကဥက်ကဋ်ဌမှ တူရိယာပစ်စညျးမြားနှင့ျ အခွခေံစားသောကျကုနျမြား လှူဒါနျး

………………………………………………………………………

 


 


 


 


 


 

#PeopleMedia #နစက #မန်တလေးမွို့မအသငျး #တူရိယာ


Share this post