• Follow Us on

Home မန္တလေး-ကလေး ပြေးဆွဲနေသည့် ခရီးသည်တင် မော်တော်ယာဉ်နှစ်စီးသည် မိုင်းခွဲတိုက်ခိုက်ခံရခြင်း၊ သေနတ် ဖြင့် ပစ်ခတ်ခံရမှုများ ကြုံတွေ့ခဲ့ရသော်လည်း ယာဉ်ပေါ်လိုက်ပါသည် ခရီးသည်များ ထိခိုက်မှုမရှိ

မန္တလေး-ကလေး ပြေးဆွဲနေသည့် ခရီးသည်တင် မော်တော်ယာဉ်နှစ်စီးသည် မိုင်းခွဲတိုက်ခိုက်ခံရခြင်း၊ သေနတ် ဖြင့် ပစ်ခတ်ခံရမှုများ ကြုံတွေ့ခဲ့ရသော်လည်း ယာဉ်ပေါ်လိုက်ပါသည် ခရီးသည်များ ထိခိုက်မှုမရှိ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၃ (People Media)

 

မန္တလေးမှ ကလေးမြို့သို့ ပြေးဆွဲလျက်ရှိသည် ခရီးသည်တင်မော်တော်ယာဉ်နှစ်စီးသည် စက်တင်ဘာ ၁၂ ရက်နေ့က လမ်းခရီး၌ မိုင်းခွဲတိုက်ခိုက်ခံရခြင်း၊ သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရမှုများ ကြုံတွေ့ခဲ့ရသော်လည်း ယာဉ်ပေါ်လိုက်ပါသည့် ခရီးသည်များသည် ထိခိုက်မှုမရှိခဲ့ကြောင်း သက်ဆိုင်ရာယာဉ်လိုင်းတာဝန်ရှိသူများက အတည်ပြုပြောဆိုသည်။

 

ဖြစ်စဉ်အနက် မန္တလေးမှ ကလေးမြို့သို့ ပြေးဆွဲနေသည့် ခရီးသည်ယာဉ်တစ်စီးသည် ကလေးမြို့အနီး၌ မိုင်ခွဲတိုက်ခိုက်ခြင်းခံခဲ့ရပြီး ကျန်တစ်စီးမှာ ကလေးမြို့အနီးရှိ ထမင်းဆိုင်၌ ရပ်နားထားစဉ် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည်။

 

“သွားရင်းနဲ့ အပစ်ခံရတာမျိုးမဟုတ်ပဲနဲ့ ကားက ထမင်းစားနားတဲ့အခါမှာ ချုံထဲမှာ ထိုးထားတဲ့အချိန်မှာ အပစ်ခံရတာ” ဟု အပစ်ခံရသည့် မော်တော်ယာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

အထက်ပါကဲ့သို့ မော်တော်ယာဉ်နှစ်စီးသည် မိုင်းခွဲတိုက်ခိုက်ခြင်း၊ သေနတ်ဖြင့် ပစ်ခက်ခြင်းတို့ခံခဲ့ရသော်လည်း မော်တော်ယာဉ်သာ ထိခိုက်ပျက်စီးမှုရှိခဲ့ပြီး ခရီးသည်များ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိကြောင်း သိရသည်။

 

အလားတူ စက်တင်ဘာ ၁၂ ရက်နေ့၌ ကလေးမြို့(PDF)အဖွဲ့မှ မော်တော်ယာဉ်များ မောင်းနှင်သွားလာခြင်း မပြုရန်နှင့် သွားလာလျှင် ပစ်ခတ်သွားမယ်လို့ ထုတ်ပြန်မှုရှိခဲ့သည်။

 

ထိုကဲ့သို့ ယာဉ်လိုင်းများ ပစ်ခတ်ခံရမှုကြောင့် ကလေးမြို့မှ အခြားဒေသသို့ ပြေးဆွဲနေသည့်ယာဉ်လိုင်းများ ရပ်ဆိုင်းထားကြောင်း သိရသည်။

 

#PeopleMedia #PDF #ကလေးမြို့

 

(unicode)


……………………………………………………………………..

 


 


 


 


 


 


 


 



Share this post