• Follow Us on

Home မန္တလေး ချမ်းမြသာစည်မြို့နယ် ရာအိမ်မှူးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

မန္တလေး ချမ်းမြသာစည်မြို့နယ် ရာအိမ်မှူးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

Share this post

နေပြည်တော်၊ အောက်တိုဘာ ၆ (People Media)

 

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ကံသာယာရပ်ကွက်ရှိ ရာအိမ်မှူးတစ်ဦး ယနေ့ အောက်တိုဘာ(၆)ရက် မနက်ပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံ၍ လုပ်ကြံသတ်ဖြတ်ခြင်းခံရကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ယနေ့ မနက် (၈) နာရီဝန်းကျင်က ပြည်ကြီးတံခွန်မြို့နယ် ၁၁၅ လမ်းနှင့် ၅၉ လမ်းထောင့်တွင် ချမ်းမြသာစည်မြို့နယ် ကံသာယာရပ်ကွက်ရာအိမ်မှူး ဦးဇော်မင်းသည် လမ်းမပေါ်၌ ရပ်နေစဉ်တွင် သေ နတ်သမားနှစ်ဦးက ဆိုင်ကယ်ဖြင့် လာရောက်ကာ ပစ်ခတ်သွားခြင်းဖြစ်ကြောင်း သိရသည်။

 

“ဖြစ်စဉ်ကတော့ ဟုတ်ပါတယ်။ သေနတ်ဖြင့် အပစ်ခံရတဲ့သူက နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

 

ပြီးခဲ့သည့်ရက်ပိုင်းကလည်း ကံသာယာရပ်ကွက် ရာအိမ်မှူးတစ်ဦး လုပ်ကြံသတ်ဖြတ်ခံရပြီး ယခုတွင် ယင်း ရပ်ကွက်ရှိ ရာအိမ်မှူးတစ်ဦး ထပ်မံလုပ်ကြံသတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။

 

“တစ်နေ့ကလည်း အဲ့ဒီရပ်ကွက်ကပဲ ရာအိမ်မှူးတစ်ဦး လုပ်ကြံခံရတာရှိတယ်။ အခုလည်း ထပ်လုပ်ကြံခံရတာ ဆိုတော့ ဒီရက်ထဲကို တစ်ရပ်ကွက်ထဲက ရာအိမ်မှူးနှစ်ဦးလုပ်ကြံခံရတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

 

ပြီးခဲ့သည့်လပိုင်းမှ စတင်ကာ မန္တလေးတိုင်းဒေသကြီးတွင် လက်လုပ်ဗုံးနှင့် လက်လုပ်မိုင်းပေါက်ကွဲမှုဖြစ်စဉ် များမှလွဲ၍ လုပ်ကြံသတ်ဖြတ်မှုဖြစ်စဉ်များမရှိခဲ့သော်လည်း ယခုရက်ပိုင်းမှ စတင်ကာ လုပ်ကြံသတ်ဖြတ်မှု ဖြစ်စဉ်များပြန်လည်ဖြစ်ပွားလျက်ရှိသည်။

 

Photo – Credit

 

#PeopleMedia #မန္တလေး

 

(unicode)

မန်တလေး ခမြျးမွသာစညျမွို့နယျ ရာအိမျမှူးတဈဦး သနေတျဖွင့ျ ပဈသတျခံရ

…………………………………………………………………

 


 


 


 


 


 


 


 

Photo – Credit

 

#PeopleMedia #မန်တလေး


Share this post