• Follow Us on

Home မႏၲေလး ေစ်းခ်ိဳေတာ္ေရွ႕၌ ဒုတိယအႀကိမ္ ဆႏၵျပခဲ့သည့္ ေက်ာင္းသား ၃ ဦး၏အမႈ လာမည့္ ႐ုံးခ်ိန္းတြင္ အၿပီးသတ္ အမိန႔္ခ်မည္

မႏၲေလး ေစ်းခ်ိဳေတာ္ေရွ႕၌ ဒုတိယအႀကိမ္ ဆႏၵျပခဲ့သည့္ ေက်ာင္းသား ၃ ဦး၏အမႈ လာမည့္ ႐ုံးခ်ိန္းတြင္ အၿပီးသတ္ အမိန႔္ခ်မည္

Share this post

မႏၲေလး၊ ေအာက္တိုဘာ – ၂
မႏၲေလးၿမိဳ႕ ေစ်းခ်ိဳေတာ္ေရွ႕တြင္ ရခိုင္ျပည္နယ္အေရးအတြက္ စက္တင္ဘာလ ၂၅ ရက္ ဒုတိယအႀကိမ္ ဆႏၵျပခဲ့သည့္ ေက်ာင္းသားသုံးဦးကို ေအာက္တိုဘာ (၁)ရက္ေန႔ ႐ုံးခ်ိန္း၌ ၅၀၅(ခ) ျဖင့္ စြဲခ်က္တင္ခဲ့ၿပီး လာမည့္ ႐ုံးခ်ိန္းတြင္ အၿပီးသတ္ အမိန႔္ခ်မွတ္မည္ျဖစ္သည္။
႐ုံးခ်ိန္း၌ တရားလိုျဖစ္သူ ရဲမွဴးေဇာ္မိုးေအာင္ႏွင့္ တရားလိုျပသက္ေသမ်ား ကို စစ္ေဆးခဲ့သလို စြပ္စြဲခံရသူ မ်ားကိုလည္း တစ္ခါတည္း စစ္ေဆးခဲ့ၿပီးေနာက္ အဆိုပါ အမႈကို တရား႐ုံးက ၅၀၅(ခ) ျဖင့္ စြဲခ်က္တင္ခဲ့ျခင္း ျဖစ္ေၾကာင္း ခ်မ္းေအးသာစံၿမိဳ႕နယ္ တရား႐ုံး သတင္းျပန္ၾကားေရး အရာရွိ ဦးေက်ာ္မ်ိဳးဝင္းက ေျပာသည္။
“တရား႐ုံးက စြဲခ်က္ေလၽွာက္လဲခ်က္ၾကားနာၿပီးေတာ့ စိုးလွနိုင္ပါ ၃ ေယာက္ကို ရာဇသတ္ႀကီး ပုဒ္မ ၅၀၅ ခ အရ စြဲခ်က္တင္ခဲ့ပါတယ္၊ ကိုစိုးလွနိုင္တို႔ သုံးေယာက္က အျပစ္မရွိေၾကာင္း ထုေခ်ပါတယ္၊ ဒါေပမဲ့ ခံျပသက္ေသ တင္ျပခဲ့ျခင္းမရွိပါဘူး၊ ဒီေန႔ စြပ္စြဲခံရသူ သုံးေယာက္ကို စစ္ေဆးခဲ့ပါတယ္၊ စစ္ေဆးၿပီးေတာ့ ႏွစ္ဖက္ အၿပီးသတ္ ေလၽွာက္လဲခ်က္ကို ၾကားနာၿပီးေတာ့ အမိန႔္ခ်ဖို႔ ေနာက္ထပ္ ႐ုံးခ်ိန္း တစ္ခ်ိန္း ခ်ိန္းလိုက္ ပါတယ္” ဟု ၎ကဆိုသည္။
႐ုံးခ်ိန္းတြင္ ေစ်းခ်ိဳေရွ႕ ဒုတိယအႀကိမ္ ဆႏၵျပမႈတြင္ပါဝင္သည့္ ကိုစိုးလွနိုင္၊ ကိုရဲရင့္ေက်ာ္ႏွင့္ ကိုေက်ာ္ သီဟရဲေက်ာ္တို႔ကို ခ်မ္းေအးသာစံ တရား႐ုံးက ၅၀၅(ခ) ျဖင့္ စစ္ေဆး စြဲခ်က္တင္ခဲ့သလို ကိုေက်ာ္သီဟ ရဲေက်ာ္ႏွင့္ ကိုစိုးလွနိုင္တို႔ႏွစ္ဦးပါဝင္သည့္ အျခား အမႈတစ္ခုကိုလည္း ၅၀၅(က) ၊ ၅၀၅(ခ) တို႔ျဖင့္ စြဲခ်က္ တင္ခဲ့သည္။
ကိုစိုးလွနိုင္ႏွင့္ ကိုေက်ာ္သီဟရဲေက်ာ္တို႔ႏွစ္ဦးသည္ စက္တင္ဘာလ ၁၄ ရက္ ၌ ၂၆ ×၇၃ လမ္းဆုံရွိ မီးပြိဳင့္ အေဆာက္အဦး၊ အုတ္နံရံ၊ လမ္းဓါတ္တိုင္မ်ားတြင္ ဆႏၵျပစာသားပါ စတစ္ကာကပ္ျခင္းတို႔ကို ေဆာင္ရြက္ ခဲ့သျဖင့္ ရဲမွဴးေဇာ္မိုးေအာင္က တရားလို ျပဳလုပ္၍ အမႈဖြင့္ခဲ့ျခင္းျဖစ္သည္။
အထက္ပါ စတစ္ကာကပ္သည့္ အမႈကိုလည္း ယေန႔ ႐ုံးခ်ိန္း၌ တစ္ခါတည္း စစ္ေဆး၍ ၅၀၅(က) ၊ ၅၀၅(ခ) တို႔ျဖင့္ စစ္ေဆးစြဲခ်က္တင္ခဲ့ၿပီး လာမည့္ ေအာက္တိုဘာလ ၉ ရက္ တြင္ အၿပီးသတ္ အမိန႔္ခ်မွတ္သြား မည္ျဖစ္ေၾကာင္း သတင္းျပန္ၾကားေရး အရာရွိဦးေက်ာ္မ်ိဳးဝင္းက ဆိုသည္။
ခ်မ္းေအးသာစံၿမိဳ႕နယ္ ႐ုံးခ်ိန္းသို႔ ေရာက္ရွိလာသူ ေက်ာင္းသားမ်ားႏွင့္ သက္ဆိုင္သည့္ အမႈႏွစ္ခုကို တစ္ေပါင္းတည္း စစ္ေဆးခဲ့ၿပီးေနာက္ သက္ဆိုင္ရာ ပုဒ္မမ်ားျဖင့္ တရား႐ုံးက စြဲခ်က္တင္ခဲ့သလို အမႈႏွစ္ခု စလုံးကိုလည္း ေအာက္တိုဘာလ ၉ ရက္ တြင္ အၿပီးသတ္ အမိန႔္ခ်မွတ္သြားမည္ျဖစ္သည္။
ျမန္မာနိုင္ငံရွိ ေနရာေဒသအသီးသီးတြင္ မတရားသျဖင့္ ဖမ္းဆီးခံထားရေသာ ေက်ာင္းသား အေရအတြက္သည္ ၁၇ ဦးရွိၿပီး ၃၀ ဦး ေက်ာ္သည္ ဖမ္းဝရမ္းထုတ္ခံထားရေၾကာင္း ဗကသအဖြဲ႕ခ်ဳပ္က ထုတ္ျပန္ထားသည္။
ေနေသာ္ (မန္း)
#PeopleMedia #ဗကသ
(Unicode)
မန္တလေး စျေးချိုတော်ရှေ့၌ ဒုတိယအကြိမ် ဆန္ဒပြခဲ့သည့် ကျောင်းသား ၃ ဦး၏အမှု လာမည့် ရုံးချိန်းတွင် အပြီးသတ် အမိန့်ချမည်
…………………………………………………………
မန္တလေး၊ အောက်တိုဘာ – ၂
မန္တလေးမြို့ စျေးချိုတော်ရှေ့တွင် ရခိုင်ပြည်နယ်အရေးအတွက် စက်တင်ဘာလ ၂၅ ရက် ဒုတိယအကြိမ် ဆန္ဒပြခဲ့သည့် ကျောင်းသားသုံးဦးကို အောက်တိုဘာ (၁)ရက်နေ့ ရုံးချိန်း၌ ၅၀၅(ခ) ဖြင့် စွဲချက်တင်ခဲ့ပြီး လာမည့် ရုံးချိန်းတွင် အပြီးသတ် အမိန့်ချမှတ်မည်ဖြစ်သည်။
ရုံးချိန်း၌ တရားလိုဖြစ်သူ ရဲမှူးဇော်မိုးအောင်နှင့် တရားလိုပြသက်သေများ ကို စစ်ဆေးခဲ့သလို စွပ်စွဲခံရသူ များကိုလည်း တစ်ခါတည်း စစ်ဆေးခဲ့ပြီးနောက် အဆိုပါ အမှုကို တရားရုံးက ၅၀၅(ခ) ဖြင့် စွဲချက်တင်ခဲ့ခြင်း ဖြစ်ကြောင်း ချမ်းအေးသာစံမြို့နယ် တရားရုံး သတင်းပြန်ကြားရေး အရာရှိ ဦးကျော်မျိုးဝင်းက ပြောသည်။
“တရားရုံးက စွဲချက်လျှောက်လဲချက်ကြားနာပြီးတော့ စိုးလှနိုင်ပါ ၃ ယောက်ကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅ ခ အရ စွဲချက်တင်ခဲ့ပါတယ်၊ ကိုစိုးလှနိုင်တို့ သုံးယောက်က အပြစ်မရှိကြောင်း ထုချေပါတယ်၊ ဒါပေမဲ့ ခံပြသက်သေ တင်ပြခဲ့ခြင်းမရှိပါဘူး၊ ဒီနေ့ စွပ်စွဲခံရသူ သုံးယောက်ကို စစ်ဆေးခဲ့ပါတယ်၊ စစ်ဆေးပြီးတော့ နှစ်ဖက် အပြီးသတ် လျှောက်လဲချက်ကို ကြားနာပြီးတော့ အမိန့်ချဖို့ နောက်ထပ် ရုံးချိန်း တစ်ချိန်း ချိန်းလိုက် ပါတယ်” ဟု ၎င်းကဆိုသည်။
ရုံးချိန်းတွင် စျေးချိုရှေ့ ဒုတိယအကြိမ် ဆန္ဒပြမှုတွင်ပါဝင်သည့် ကိုစိုးလှနိုင်၊ ကိုရဲရင့်ကျော်နှင့် ကိုကျော် သီဟရဲကျော်တို့ကို ချမ်းအေးသာစံ တရားရုံးက ၅၀၅(ခ) ဖြင့် စစ်ဆေး စွဲချက်တင်ခဲ့သလို ကိုကျော်သီဟ ရဲကျော်နှင့် ကိုစိုးလှနိုင်တို့နှစ်ဦးပါဝင်သည့် အခြား အမှုတစ်ခုကိုလည်း ၅၀၅(က) ၊ ၅၀၅(ခ) တို့ဖြင့် စွဲချက် တင်ခဲ့သည်။
ကိုစိုးလှနိုင်နှင့် ကိုကျော်သီဟရဲကျော်တို့နှစ်ဦးသည် စက်တင်ဘာလ ၁၄ ရက် ၌ ၂၆ ×၇၃ လမ်းဆုံရှိ မီးပွိုင့် အဆောက်အဦး၊ အုတ်နံရံ၊ လမ်းဓါတ်တိုင်များတွင် ဆန္ဒပြစာသားပါ စတစ်ကာကပ်ခြင်းတို့ကို ဆောင်ရွက် ခဲ့သဖြင့် ရဲမှူးဇော်မိုးအောင်က တရားလို ပြုလုပ်၍ အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။
အထက်ပါ စတစ်ကာကပ်သည့် အမှုကိုလည်း ယနေ့ ရုံးချိန်း၌ တစ်ခါတည်း စစ်ဆေး၍ ၅၀၅(က) ၊ ၅၀၅(ခ) တို့ဖြင့် စစ်ဆေးစွဲချက်တင်ခဲ့ပြီး လာမည့် အောက်တိုဘာလ ၉ ရက် တွင် အပြီးသတ် အမိန့်ချမှတ်သွား မည်ဖြစ်ကြောင်း သတင်းပြန်ကြားရေး အရာရှိဦးကျော်မျိုးဝင်းက ဆိုသည်။
ချမ်းအေးသာစံမြို့နယ် ရုံးချိန်းသို့ ရောက်ရှိလာသူ ကျောင်းသားများနှင့် သက်ဆိုင်သည့် အမှုနှစ်ခုကို တစ်ပေါင်းတည်း စစ်ဆေးခဲ့ပြီးနောက် သက်ဆိုင်ရာ ပုဒ်မများဖြင့် တရားရုံးက စွဲချက်တင်ခဲ့သလို အမှုနှစ်ခု စလုံးကိုလည်း အောက်တိုဘာလ ၉ ရက် တွင် အပြီးသတ် အမိန့်ချမှတ်သွားမည်ဖြစ်သည်။
မြန်မာနိုင်ငံရှိ နေရာဒေသအသီးသီးတွင် မတရားသဖြင့် ဖမ်းဆီးခံထားရသော ကျောင်းသား အရေအတွက်သည် ၁၇ ဦးရှိပြီး ၃၀ ဦး ကျော်သည် ဖမ်းဝရမ်းထုတ်ခံထားရကြောင်း ဗကသအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။
နေသော် (မန်း)
#PeopleMedia #ဗကသ


Share this post