• Follow Us on

Home မန္တလေး-မြစ်ကြီးနား မီးရထားလမ်း မိုင်းခွဲ ဖျက်ဆီးခံရမှုကြောင့် မီးရထားလမ်းပိုင်းနှင့် ချောင်းကူးတံတားပျက်စီး

မန္တလေး-မြစ်ကြီးနား မီးရထားလမ်း မိုင်းခွဲ ဖျက်ဆီးခံရမှုကြောင့် မီးရထားလမ်းပိုင်းနှင့် ချောင်းကူးတံတားပျက်စီး

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၆ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ထန်းတပင်ဘူတာနှင့် ညောင်ဇင်းဘူတာအကြားရှိ မန္တလေး-မြစ်ကြီး နားမီးရထားလမ်းပိုင်း စက်တင်ဘာ ၁၅ ရက်နေ့၌ မိုင်းခွဲခံရ၍  မီးရထားလမ်းပိုင်းနှင့် ချောင်းကူးတံတား ပျက်စီး ခဲ့ကြောင်း သိရှိရသည်။

 

အဆိုပါ မန္တလေး-မြစ်ကြီးနား လမ်းပိုင်းမိုင်တိုင်အမှတ် ၄၇၃/၄ နှင့် ၆ အကြား တံတားအမှတ် ၁၅၉ ၌ ဖောက်ခွဲခံ ရခြင်းဖြစ်ပြီး တံတားရေလည်တိုင်၏ သံဘောင်များ၊ ဇလီဖားတုံးများ၊ သံလမ်းများထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိ ရသည်။

 

ယင်းပေါက်ကွဲမှုကြောင့် မန္တလေး-မြစ်ကြီးနားရထားလမ်းပိုင်းသည် လတ်တလောတွင် သွားလာ၍မရသေး ကြောင်း သိရှိရသည်။

 

အလားတူ ဖြစ်စဉ်ဖြစ်ပွားသည့် ကန့်ဘလူမြို့နယ်မှာ ပြီးခဲ့သည့်ရက်ပိုင်းကလည်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF အဖွဲ့များ တိုက်ပွဲများဖြစ်ပွားလျက်ရှိသည့် မြို့နယ်လည်းဖြစ်သည်။

 

#PeopleMedia #ကန့်ဘလူ #မီးရထားလမ်းပိုင်း

 

(unicode)


……………………………………………………………………..

 


 


 


 


 


 



Share this post