• Follow Us on

Home ယခုရက္ပိုင္း ကုန္စည္၀င္ေရာက္မႈ မရွိသျဖင့္ ပလက္ဝၿမိဳ႕၌ စားေသာက္ကုန္ႏွင့္ စက္သုံးဆီမ်ား ျပတ္လပ္မႈ ျဖစ္ေပၚ

ယခုရက္ပိုင္း ကုန္စည္၀င္ေရာက္မႈ မရွိသျဖင့္ ပလက္ဝၿမိဳ႕၌ စားေသာက္ကုန္ႏွင့္ စက္သုံးဆီမ်ား ျပတ္လပ္မႈ ျဖစ္ေပၚ

Share this post

ရန္ကုန္၊ စက္တင္ဘာ ၁၅

ခ်င္းျပည္နယ္၊ ပက္လက္ဝၿမိဳ႕၌ ယခုလ ၁၀ ရက္ေန႔ ေနာက္ ပိုင္းမွ စတင္၍ ကုန္စည္၀င္ေရာက္မႈ မရွိသျဖင့္ စားေသာက္ကုန္စည္းမ်ားႏွင့္ စက္သုံးဆီမ်ား ျပတ္လပ္ လ်က္ရွိေၾကာင္း ယင္းေဒသခံမ်ားထံမွ သိရသည္။

“ကုန္တင္ကားေတြက ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ဖက္ကေန လာၾကတာျဖစ္တယ္၊ ကိုဗစ္ကိစၥေရာ၊ လုံၿခဳံ ေရးအတြက္ပါ ေက်ာက္ေတာ္ဖက္က ပိတ္ထားတယ္လို႔ၾကားရတယ္၊ ပလက္၀ကို ကုန္စည္မ၀င္တာ တပတ္ နီးပါးရွိသြားၿပီ၊ လက္က်န္ကုန္စည္ေတြကလဲ ထိန္းမွ်ၿပီး ေရာင္းေပးေနရတယ္” ဟု ၎ေဒသခံ ကုန္စုံဆိုင္ ရွင္တစ္ဦးမွ ေျပာသည္။

ယခုလ ၁၀ ရက္ေနာက္ပိုင္တြင္ ပလက္ဝေဒသို႔ ကုန္စည္၀င္ေရာက္မႈ မရွိသေလာက္ နည္းပါးသြားၿပီး လက္က်န္ ကုန္ပစၥည္းမ်ားကို ကုန္စုံဆိုင္မ်ားက မွ်ေဝေရာင္းခ်ေပးသည့္ စနစ္ျဖင့္သာ ေရာင္းခ်ေနျခင္းကို လည္း၎ကေျပာသည္။

“လူသုံးကုန္ပစၥည္းက ေျပာသေလာက္ႀကီး အခက္အခဲမရွိဘူး ၊ စားေသာက္ကုန္ ပစၥည္းက အဓိက အ ခက္အခဲျဖစ္ေနတာ ၊ စက္သုံးဆီကလဲ မ၀င္ဘူးျဖစ္တယ္ ၊ အခုဆို မီးမလင္းတာ သုံးရက္ရွိသြားၿပီ” ျဖစ္ ေၾကာင္း ေဒသခံျပည္သူတစ္ဦးမွ ေျပာသည္။

ပလက္ဝဲၿမိဳ႕သို႔ စက္သုံးဆီ (ဒီဇယ္) ၀င္ေရာက္မႈမရွိသည့္အတြက္ ျပတ္လပ္ကာ ၿမိဳ႕မီးလင္းေရး လုပ္ငန္းမ်ားလဲ ရပ္နားထားရေၾကာင္း သိရသည္။

အဆိုပါေဒသသည္ အင္ဂ်င္စက္ျဖင့္ လွ်ပ္စစ္ဓာတ္အားမ်ား ထုတ္လုပ္၍ ညစဉ္ ၇ နာရီမွ ၁၀ နာရီအထိ တညလွ်င္ ၃ နာရီၾကာ လွ်ပ္စစ္ဓာတ္အားမ်ား ျဖန္႔ျဖဴးေပးႏိုင္ခဲ့ေသာ္လည္ စက္ တင္ဘာ ၁၁ ရက္ေန႔မွ စတင္၍ စက္သုံးဆီ ျပတ္လပ္မႈေၾကာင့္ ဓာတ္အားျဖန္႔ေဝေပးေရး လုပ္ငန္းမ်ားကို ရပ္ နားထားရေၾကာင္း သိရသည္။

ၿဖိဳးၿဖိဳး (MPI)

#PeopleMedia #MPI #ပလက္၀

(unicode)
ယခုရက်ပိုင်း ကုန်စည်ဝင်ရောက်မှု မရှိသဖြင့် ပလက်ဝမြို့၌ စားသောက်ကုန်နှင့် စက်သုံးဆီများ ပြတ်လပ်မှု ဖြစ်ပေါ်
………………………………………

ရန်ကုန်၊ စက်တင်ဘာ ၁၅

ချင်းပြည်နယ်၊ ပက်လက်ဝမြို့၌ ယခုလ ၁၀ ရက်နေ့ နောက် ပိုင်းမှ စတင်၍ ကုန်စည်ဝင်ရောက်မှု မရှိသဖြင့် စားသောက်ကုန်စည်းများနှင့် စက်သုံးဆီများ ပြတ်လပ် လျက်ရှိကြောင်း ယင်းဒေသခံများထံမှ သိရသည်။

“ကုန်တင်ကားတွေက ရခိုင်ပြည်နယ် ကျောက်တော်ဖက်ကနေ လာကြတာဖြစ်တယ်၊ ကိုဗစ်ကိစ္စရော၊ လုံခြုံ ရေးအတွက်ပါ ကျောက်တော်ဖက်က ပိတ်ထားတယ်လို့ကြားရတယ်၊ ပလက်ဝကို ကုန်စည်မဝင်တာ တပတ် နီးပါးရှိသွားပြီ၊ လက်ကျန်ကုန်စည်တွေကလဲ ထိန်းမျှပြီး ရောင်းပေးနေရတယ်” ဟု ၎င်းဒေသခံ ကုန်စုံဆိုင် ရှင်တစ်ဦးမှ ပြောသည်။

ယခုလ ၁၀ ရက်နောက်ပိုင်တွင် ပလက်ဝဒေသို့ ကုန်စည်ဝင်ရောက်မှု မရှိသလောက် နည်းပါးသွားပြီး လက်ကျန် ကုန်ပစ္စည်းများကို ကုန်စုံဆိုင်များက မျှဝေရောင်းချပေးသည့် စနစ်ဖြင့်သာ ရောင်းချနေခြင်းကို လည်း၎င်းကပြောသည်။

“လူသုံးကုန်ပစ္စည်းက ပြောသလောက်ကြီး အခက်အခဲမရှိဘူး ၊ စားသောက်ကုန် ပစ္စည်းက အဓိက အ ခက်အခဲဖြစ်နေတာ ၊ စက်သုံးဆီကလဲ မဝင်ဘူးဖြစ်တယ် ၊ အခုဆို မီးမလင်းတာ သုံးရက်ရှိသွားပြီ” ဖြစ် ကြောင်း ဒေသခံပြည်သူတစ်ဦးမှ ပြောသည်။

ပလက်ဝဲမြို့သို့ စက်သုံးဆီ (ဒီဇယ်) ဝင်ရောက်မှုမရှိသည့်အတွက် ပြတ်လပ်ကာ မြို့မီးလင်းရေး လုပ်ငန်းများလဲ ရပ်နားထားရကြောင်း သိရသည်။

အဆိုပါဒေသသည် အင်ဂျင်စက်ဖြင့် လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်၍ ညစဉ် ၇ နာရီမှ ၁၀ နာရီအထိ တညလျှင် ၃ နာရီကြာ လျှပ်စစ်ဓာတ်အားများ ဖြန့်ဖြူးပေးနိုင်ခဲ့သော်လည် စက် တင်ဘာ ၁၁ ရက်နေ့မှ စတင်၍ စက်သုံးဆီ ပြတ်လပ်မှုကြောင့် ဓာတ်အားဖြန့်ဝေပေးရေး လုပ်ငန်းများကို ရပ် နားထားရကြောင်း သိရသည်။

ဖြိုးဖြိုး (MPI)

#PeopleMedia #MPI #ပလက်၀


Share this post