• Follow Us on
Latest News

Home ယခုလကုန်မှ ဖေဖော်ဝါရီလလယ်အတွင်း အဆင်းရဲဆုံးနိုင်ငံများ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများရရှိမည်ဟု WHO ကတိပေး

ယခုလကုန်မှ ဖေဖော်ဝါရီလလယ်အတွင်း အဆင်းရဲဆုံးနိုင်ငံများ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများရရှိမည်ဟု WHO ကတိပေး

Share this post

ဂျီနီဗာ၊ ဇန်နဝါရီ ၈ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
ဇန်နဝါရီလကုန်နှင့် ဖေဖော်ဝါရီလလယ်ကြားတွင် ပထမဆုံးကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများရရှိမည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကြာသပတေးနေ့တွင်ကတိပေးသည်။
 
အမေရိကန်၊ ဗြိတိန်၊ ဥရောပသမဂ္ဂဝင်နိုင်ငံများနှင့် ကနေဒါတို့ကဲ့သို့သော ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံများတွင် ကာကွယ်ဆေးထိုးလုပ်ငန်းများစတင်နေပြီဖြစ်သည်။
 
ကမ္ဘာအနှံ့ကိုရိုနာဗိုင်းရပ်စ်ဝယ်ယူရေးနှင့်ဖြန့်ချိရေးမဟာမိတ်အစီအစဉ်က ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးသန်း ၂၀၀၀ ဝယ်ယူရန် သဘောတူညီချက်ရထားပြီး လာမည့်သီတင်းပတ်များအတွင်း ပထမဆုံးဆေးများ ရောက်ရှိ လာမည်ဟု WHO ၏ကာကွယ်ဆေးဆိုင်ရာအကြီးအကဲ ကိတ် အိုဘရိုင်ယန်ကပြောသည်။
 
ယခုနှစ်အကုန်တွင် အစီအစဉ်တွင်ပါဝင်သည့်နိုင်ငံတိုင်း၏လူဦးရေ ၂၀ ရာခိုင်နှုန်းအတွက် ကာကွယ်ဆေးရရန် ရည်မှန်းထားပြီး အစီအစဉ်တွင်ပါဝင်သည့် ဝင်ငွေအလယ်အလတ်နှင့် ဝင်ငွေနည်းနိုင်ငံ ၉၂ နိုင်ငံအတွက် ဆေး ဝယ်ယူမှုခြုံငုံမိမည်ဖြစ်သည်။
 
အစီအစဉ်ကို WHO၊ GAVI ကာကွယ်ဆေးမဟာမိတ်အဖွဲ့နှင့် ကပ်ရောဂါပြင်ဆင်မှုတီထွင်ဖန်တီးခြင်းညွှန့်ပေါင်း အဖွဲ့ CEPI တို့က ပူးပေါင်းဦးဆောင်နေသည်။
 
ဖိုင်ဇာ/ဘိုင်ယွန်းတက်ခ်ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို ဒီဇင်ဘာ ၃၁ ရက်တွင် WHO ကအသိအမှတ်ပြုခဲ့ပြီး နောက် နိုင်ငံအများအပြားက ထိုဆေးကိုတင်သွင်းဖြန့်ချိခွင့်ပြုရန် မြန်မြန်ဆန်ဆန်ခွင့်ပြုချက်ပေးသည်။
 
Ref : Poorest countries can expect COVID-19 vaccines within weeks: WHO
 
#PeopleMedia
 
(unicode)
……………………………………………….
 
 
 
 
 
 
 
 
Ref : Poorest countries can expect COVID-19 vaccines within weeks: WHO
 
#PeopleMedia

Share this post