• Follow Us on

Home ယခုလအတွင်း ဗဟိုဘဏ်မှ ဒေါ်လာ (၃၈) သန်း ရောင်းချပေးခဲ့

ယခုလအတွင်း ဗဟိုဘဏ်မှ ဒေါ်လာ (၃၈) သန်း ရောင်းချပေးခဲ့

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂၁ (People Media)

 

၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှ စက်တင်ဘာလ ၂၀ ရက်နေ့ထိ ဗဟိုဘဏ်မှ အမေရိကန်ဒေါ်လာ (၃၈) သန်းကို ရောင်းချပေးခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သိရသည်။

 

၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့ထိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေ ဈေးပြိုင်လေလံဖြင့် ၂၃ သန်း ရောင်းချထားပြီး၊ ယနေ့က ထပ်မံပြီး ဒေါ်လာ ၁၅ သန်းကို ရောင်းချပေးခဲ့ကာ လေလံအတွက် ပျမ်းမျှ ငွေလဲလှယ်နှုန်းမှာ ၁၇၅၀ ကျပ် ဖြစ်ကြောင်း သိရသည်။

 

ထိုသို့ ရောင်းချပေးထားသော်လည်း ဒေါ်လာဈေးမြင့်တက်နေသေးပြီး၊ ယနေ့ ဒေါ်လာပေါက်ဈေးမှာ ငွေလဲ ကောင်တာ အရောင်းဈေးမှာ ၂၀၀၀ ကျပ်ဖြစ်ပြီး၊ ဝယ်ဈေးမှာတော့ ၁၉၇၀ ရှိကြောင်း ငွေလဲကောင်တာများ ထံမှ သိရသည်။

 

ဒေါ်လာဈေး မြင့်တက်လာမှုကြောင့် လက်ရှိ ပြည်တွင်း၌ စက်သုံးဆီဈေးနှုန်း၊ စားသုံးဆီဈေးနှုန်းနှင့် ဒေါ်လာဖြင့် ပေးဝယ်ရသည့် ဆက်စပ် လူသုံးကုန်ပစ္စည်းများလည်း ဈေးနှုန်းမြင့်တက်လျက်ရှိသည်။

 

#PeopleMedia #ဗဟိုဘဏ်

 

(unicode)


………………………………………………………………..

 


 


 


 


 


 



Share this post