• Follow Us on

Home “ယခုအခါ အက်ဥ္းေထာင္ႀကီးကုိ ႏုိင္ငံေရး၊ စီးပြားေရး၊ လူမႈေရး၊ လုံၿခံဳေရး၊ ရာဇဝတ္ေဘးအတြက္ အသုံးျပဳလာ ၾကပါတယ္” ဦးသန္းစုိး(အက်ဥ္းဦးစီးဌာနညႊန္ၾကားေရးမွဴး-ၿငိမ္း)

“ယခုအခါ အက်ဥ္းေထာင္ႀကီးကုိ ႏုိင္ငံေရး၊ စီးပြားေရး၊ လူမႈေရး၊ လုံၿခံဳေရး၊ ရာဇဝတ္ေဘးအတြက္ အသုံးျပဳလာ ၾကပါတယ္” ဦးသန္းစုိး(အက်ဥ္းဦးစီးဌာနညႊန္ၾကားေရးမွဴး-ၿငိမ္း)

Share this post

“ေထာင္ပုိင္မ်ားသည္ ေငြေနာက္လုိက္လွ်င္ နာမည္ေကာင္းႏွင့္ ရာထူးမရႏုိင္၊ ရာထူးႏွင့္ နာမည္ေကာင္းလုိခ်င္ လွ်င္ ေငြမရႏုိင္” ဦးသန္းစုိး(အက်ဥ္းဦးစီးဌာန ညႊန္ၾကားေရးမွဴး-ၿငိမ္း) လူတုိင္းအခ်ိန္မေရြးႀကံဳေတြ႕လာႏုိင္သည့္ အက်ဥ္းေထာင္

– အက်ဥ္းေထာင္ဆိုသည္မွာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ လူတိုင္းပတ္သတ္လာႏိုင္တယ္
– အဲဒီအခ်ိန္က်ရင္ အေထာက္အကူျဖစ္ႏိုင္ရင္ ေက်နပ္ပါတယ္
– ဒီေန႔ကေတာ့အက်ဥ္းေထာင္၏သေဘာကိုေျပာလိုပါတယ္
– “အက်ဥ္းေထာင္ဆိုသည္မွာ လူအဖြဲ႕အစည္းတခုအား ရာဇ၀တ္မႈမ်ားမွ ကာကြယ္ရန္ျဖစ္သည္”
– သို႔ေသာ္ယခုအခါ အဆိုပါအက်ဉ္းေထာင္ႀကီးအား ႏိုင္ငံေရး၊ စီးပြားေရး၊ လူမႈေရး၊ လုံၿခဳံေရး ရာဇ၀တ္ေဘး အတြက္ပါ အသုံးျပဳလာၾကပါတယ္
” Prison mean to protect the society from the crime ”

အပိုင္း(၁)

– ယမန္ေန႔က”အက်ဥ္းေထာင္”အဓိပၸါယ္ကိုေဖာ္ျပခဲ့ၿပီျဖစ္ပါတယ္
– ယေန႔အက်ဥ္းေထာင္၏ရည္ရြယ္ခ်က္ဆိုသည္မွာ
– ျပစ္ဒါဏ္က်အက်ဥ္းသား/သူမ်ားအား လုံၿခဳံစြာထိန္းသိမ္းထားရန္မွာ မူလတာ၀န္ျဖစ္သည္။
၎အျပင္ခ်ဳပ္ရီမာန္ျဖင့္ လာေရာက္အပ္ႏွံထားသည့္အခ်ဳပ္တရားခံမ်ားအား ရီမာန္ကာလအထိယာယီခ်ဳပ္ေႏွာင္ ထားေပးရျခင္းျဖစ္သည္။ ရီမာန္ကာလေက်ာ္လြန္၍ခ်ဳပ္ေႏွာင္ထားခြင့္မရွိပါ။
– အက်ဥ္းသား/အက်ဥ္းသူမ်ားအား လုံလုံၿခဳံစြာထိန္းသိမ္းထားျခင္းအျပင္ ေအာက္ပါတို႔ကိုပါ တာ၀န္ယူေဆာင္ ရြက္ေပးရပါသည္။
– စားေရးေသာက္ေရးကိစၥမ်ားအား သတ္မွတ္ႏႈန္းထားအတိုင္း ခ်က္ျပဳတ္ေကြၽးေမြးျခင္း
– အ၀တ္အစားအိပ္ယာအျပည့္အစုံထုတ္ေပးရျခင္း သတ္မွတ္သက္တမ္းတြင္ လဲလွယ္ေပးရျခင္း
– က်န္းမာေရးအတြက္ေဆးဝါးကုသေပးရျခင္း သီးျခားထားကုသရမည့္သူမ်ားအား သီးျခားထားကုသရျခင္း။ ဥပမာ – TB /ကိုယ္ေရျပားေရာဂါသည္။
– ျပစ္ဒါဏ္ကာလအတြင္းလုံၿခဳံစြာ ထိန္းသိမ္းရသည့္အျပင္အသက္အႏၲရယ္ႏွင့္ ထိခိုက္ဒါဏ္ရာအနာတရမျဖစ္ ေအာင္ ထိန္းသိမ္းေစာင့္ေရွာက္ေပးရျခင္း
– က်န္းမာေလ်ာ္ညီစြာေထာင္တြင္းလုပ္ငန္းမ်ားတြင္ တရား၀င္အလုပ္ခ်မွတ္ခိုင္းေစျခင္း လုပ္ငန္းကြၽမ္းက်င္မႈ အရခ်ထားျခင္း
– လုပ္ငန္းတာ၀န္ခ်ထားျခင္း ေထာင္တြင္းလိုက္နာရမည့္ေထာင္စည္းကမ္းမ်ားအားသင္ၾကားျပသေပးျခင္း စည္း ကမ္းေဖာက္ဖ်က္မႈႏွင့္ ေထာင္တြင္းျပစ္မႈက်ဴးလြန္မႈမ်ားအတြက္ ေထာင္ဥပေဒအရသတ္မွတ္ျပဌာန္းထား‌သည့္ ျပစ္ဒါဏ္မ်ားခ်မွတ္ျခင္း
– ေထာင္တာ၀န္ခံ၏ လုပ္ပိုင္ခြင့္အတြင္းအက်ဳံး၀င္သည့္ျပစ္မႈမ်ားအတြက္သာ ခ်မွတ္ေပးႏိုင္ျခင္း လုပ္ပိုင္ခြင့္ အတြင္း အက်ဳံးမဝင္သည့္ျပစ္မႈမ်ားအတြက္ျပစ္ဒဏ္ခ်မွတ္ပိုင္ခြင့္မရွိပါ။ နယ္ဘက္တရား႐ုံးမ်ားတြင္ စြဲဆိုရ မည့္ျပစ္မႈမ်ားအတြက္ နယ္ဘက္တရားမ်ားသို႔အမႈစြဲဆိုတင္ျပျခင္း။ ဥပမာ – လူသတ္မႈ ဓားခုတ္မႈ မူးယစ္ေဆးဝါး မႈစသည့္အမႈမ်ား
– လုပ္ငန္းတာ၀န္ခ်ထားမႈကိုအေၾကာင္းျပဳၿပီး ေထာင္ဥပေဒျဖင့္ျပဌာန္းထားသည့္သာမန္ေလ်ာ့ရက္ အထူးေလ်ာ့ ရက္ႏွင့္ ႏိုင္ငံေတာ္မွခြင့္ျပဳသည့္ေလွ်ာ့ရက္မ်ားခ်ီးျမႇင့္ျခင္း
– ေလွ်ာ့ရက္စနစ္သတ္မွတ္ျပဌာန္းခ်ီးျမႇင့္ျခင္းမွာျပစ္ဒါဏ္က်အက်ဉ္းသားမ်ား၏ ျပစ္ဒါဏ္ကို ၃ ပုံ ၁ ပုံထိ တာ၀န္ ခံအရာရွိမွ ခ်ီးျမႇင့္ေလွ်ာ့ေပါ႔ႏိုင္သည္။
– ေလွ်ာ့ရက္ေပးျခင္းအားလုပ္ငန္းကြၽမ္းက်င္ႀကိဳးစားမႈ စည္းကမ္းလိုက္နာမႈအခ်က္ ၂ ခ်က္ေပၚ အေျခခံ၍ အဆင့္အတန္း(၃)မ်ိဳးျဖင့္ ခ်ီးျမႇင့္ႏိုင္သည္။ ေလ်ာ့ရက္(၃)မ်ိဳးႏွင့္ပတ္သက္၍ သတ္မွတ္ခ်က္မ်ားအား ေလွ်ာ့ရက္အခန္းက႑တင္ျပမႈတြင္ဆက္လက္ေဖာ္ျပပါမည္။
– အက်ဥ္းေထာင္အတြင္းထိန္းသိမ္းထားစဥ္လုပ္ငန္းတာ၀န္ေပးအပ္ေစခိုင္းမႈျဖင့္ လည္းေကာင္း။ စည္းကမ္း လိုက္နာမႈျဖင့္ ၎စာရိတၱျပဳျပင္ေပးသည့္အျပင္ အသက္ေမြး၀မ္းေက်ာင္းပညာရပ္မ်ားသင္ၾကားပို႔ခ်ျခင္း အတန္း ပညာမ်ားဆက္လက္သင္ၾကားလိုသူမ်ားအားအတန္းပညာမ်ားသင္ၾကားေပးျခင္း စက္မႈလက္မႈ ကြန္ပ်ဴတာ ပညာမ်ားအျပင္ အက်ဥ္းေထာင္အေနအထားအလိုက္သင့္ေတာ္ေစရန္ ပညာရပ္မ်ားသင္ၾကားေပးျခင္း လြတ္ ေျမာက္သြားလွ်င္လည္းအလုပ္အကိုင္မ်ားရရွိရန္ဆက္သြယ္ေဆာင္ရြက္ေပးျခင္း
– ဘာသာေရးနည္းလမ္းမ်ားျဖင့္စိတ္ဓာတ္မ်ားႏူးညံ့ေပ်ာ့ေျပာင္းလာေစရန္ သက္ဆိုင္ရာဘာသာအလိုက္၀တ္ျပဳ ကိုးကြယ္ တရားအားထုတ္ေစျခင္း တရားစခန္းမ်ားဖြင့္လွစ္ေပးျခင္း ဘာသာေရးဆိုင္ရာအႀကီးအကဲမ်ားအား ေန႔ႀကီးရက္ႀကီးမ်ားတြင္ အလ်ဉ္းသင့္သလိုပင့္ဖိတ္တရားေဟာၾကားနာေစျခင္း အနိမ့္ဆုံးနံနက္ေထာင္ဖြင့္ ညေနေထာင္ပိတ္ခ်ိန္မ်ားတြင္ဗုဒၶဘာသာ၀င္မ်ားအတြက္ ဗုဒၶဘဂဝါပါတိေမာက္ ငါးပါးသီလ ၃၈ ျဖာမဂၤလာ တရားမ်ားကို အနက္အဓိပၸါယ္ျဖင့္ ေန႔စဥ္ရြတ္ဖတ္သီဆိုေစျခင္း လူတဦးျခင္းအလြတ္ဆိုႏိုင္သည့္အထိ ၾကပ္ မတ္သင္ၾကားေပးျခင္း ဘာသာေရးအေလ့အက်င့္မ်ားရရွိေစျခင္း
– အားလပ္ခ်ိန္မ်ားတြင္သတင္းစာ ဂ်ာနယ္ ဗဟုသုတရရွိႏိုင္သည့္စာအုပ္စာေပမ်ား ဘာသာေရးစာအုပ္မ်ား ဖတ္ရႈေစျခင္း
– ႐ုပ္ျမင္သံၾကားစက္မ်ားအခန္းတိုင္းတြင္တပ္ဆင္ၿပီျပင္ပႏွင့္ အဆက္အဆက္ မျပတ္ေစရန္ၾကည့္ရႈခြင့္ျပဳျခင္း အပန္ေျဖရန္အတြက္ ႐ုပ္ရွင္ၾကည့္ရႈခြင့္ ေဆာင္ရွိေသာေထာင္မ်ားတြင္ကာရာအိုေကဆိုခြင့္မ်ားခြင့္ျပဳထားျခင္း
– မိသားစုႏွင့္ အဆက္အသြယ္မျပတ္ေစရန္စာေရးသားဆက္သြယ္ခြင့္ ေထာင္၀င္စာေတြ႕ဆုံခြင့္မ်ားအား ဥပေဒႏွင့္အညီ ေဆာင္ရြက္ေပးထားျခင္း
– ေထာင္တြင္းအက်ဥ္းသားမ်ား၏ စားေရးေနေရး၀တ္ေရး က်န္းမာေရးႏွင့္ ၎တို႔၏ရပိုင္ခြင့္မ်ား အျပည့္အ၀ရရွိ ျခင္းရွိ/မရွိကို ျပည္တြင္းျပည္ပလူ႔အခြင့္အေရးအဖြဲ႕အစည္းမ်ား (I.C.R.C) လိုၾကက္ေျခနီအဖြဲ႕အစည္းမ်ားအား ၀င္ေရာက္ေလ့လာခြင့္ေပးျခင္းမ်ားကိုေဆာင္ေရြတ္‌ေရာက္ေလ့လာခြင့္ေပးျခင္းမ်ားကိုေဆာင္ရြက္ေပးရပါသည္။
– ေထာင္တြင္းျပစ္ဒါဏ္က်အက်ဥ္းသားမ်ားက်ဴးလြန္လာသည့္ျပစ္မႈမ်ား ထပ္မံမက်ဴးလြန္ေစရန္ နည္းလမ္း ေပါင္းစုံျဖင့္ ျပဳျပင္ေပးျခင္း အသက္ေမြး၀မ္းေက်ာင္းအတန္းပညာမ်ားသင္ၾကားေပးျခင္း ဘာသာေရးနည္းလမ္း မ်ားျဖင့္ ထိန္းေက်ာင္းၾကပ္မတ္ကာသူေကာင္းျပဳေပးရာေနရာတခုျဖစ္ပါသည္။ တနည္းအားျဖင့္ စာရိတၱျပဳျပင္ ေရးဌာနတခုအသြင္ျဖစ္ပါသည္။

အပိုင္း(၂)

“အက်ဥ္းေထာင္မ်ားအားႀကီးၾကပ္ကြပ္ကဲျခင္း”

– အက်ဥ္းေထာင္အုပ္ခ်ဳပ္ေရးအား ၁၈၉၄ ခုႏွစ္တြင္ ျပ႒ာန္းထားေသာ အက်ဥ္းေထာင္လက္စြဲဥပေဒအပိုင္း(၁) အပိုင္း(၂)တို႔ျဖင့္ ဥပေဒႏွင့္အညီ ကြပ္ကဲအုပ္ခ်ဳပ္ပါသည္။

– အက်ဥ္းေထာင္လက္စြဲဥပေဒတြင္ အခန္းေပါင္း(၂၀)ျဖင့္ ဖြဲ႕စည္းထားၿပီး ပုဒ္မေပါင္း(၁၂၄၉)ခုျဖင့္ ျပဌာန္းထား ရွိကာ ၁.၇.၁၈၉၄ ခုႏွစ္တြင္ စတင္အသက္၀င္ကာ ၎ဥပေဒမ်ားအတိုင္း အုပ္ခ်ဳပ္ရပါသည္။ ၎အျပင္ အေျခ အေနအခ်ိန္အခါႏွင့္ မကိုက္ညီသည့္ပုဒ္မမ်ား ဥပမာ ေသဒဏ္ ႀကိမ္ဒဏ္ A,B,C အတန္းအစားခြဲျခား အုပ္ခ်ဳပ္ ျခင္း A,B အတန္းအစားအားပယ္ဖ်က္၍ C အတန္းအစားတမ်ိဳးတည္းသာထားရွိျခင္း ၎ျပင္အေျခအေနအခ်ိန္ အခါႏွင့္ လိုက္ေလ်ာညီေထြျဖစ္ေစရန္လိုအပ္သည္။ အမိန္႔ၫႊန္ၾကားခ်က္မ်ားထုတ္ျပန္၍ သီးသန္႔အက်ဥ္းသား ဆိုင္ရာကိစၥရပ္မ်ား အစာငတ္ခံဆႏၵျပလွ်င္ လိုက္နာေဆာင္ရြက္ရမည့္အမိန္႔ၫႊန္ၾကားခ်က္မ်ားကဲ့သို႔ေသာ ၫႊန္ ၾကားခ်က္မ်ားထုတ္ျပန္ေဆာင္ရြက္ခ်င္ေသာၫႊန္ၾကားခ်က္မ်ားထုတ္ျပန္ေဆာင္ရြက္ျခင္း

– အက်ဉ္းေထာင္လက္စြဲဥပေဒအပိုင္း(၁)တြင္ သုံးစြဲထားသည့္စကားရပ္မ်ား၏ အဓိပၸါယ္ကို အတိအက်သိရွိရန္ အုပ္ခ်ဳပ္သူအားလုံးအား အသိေပးလိုပါသည္။ ဥပေဒတစ္ရပ္ကို ပီပီျပင္ျပင္က်င့္သုံးေဆာင္ရြက္ႏိုင္ရန္မွာ ၎ဥပ ေဒတြင္ ပါ၀င္သုံးစြဲသည့္စကားရပ္မ်ား၏အဓိပၸါယ္ကို အတိအက်သိရွိရန္ အေရးႀကီးဆုံးျဖစ္ပါသည္။

– ေထာင္လက္စြဲဥပေဒတြင္ သုံးစြဲမည့္စကားရပ္မ်ား၏အဓိပၸါယ္မွာ ေအာက္ပါအတိုင္းျဖစ္ပါသည္။

(က) (Prison) အက်ဥ္းေထာင္ဆိုသည္မွာ အက်ဥ္းသားမ်ားခ်ဳပ္ေႏွာင္ရန္ ယာယီ(သို႔)အၿမဲတမ္း သတ္မွတ္ထား သည့္ေထာင္ Jail (သို႔) Place ေနရာအားလုံးကို အစိုးရ၏အေထြေထြအမိန္႔(သို႔)အထူးအမိန္႔ထုတ္ျပန္ကာ သတ္မွတ္ထားရွိေသာ ေျမအားလုံးေနရာအားလုံး အေဆာက္အဦးပရဂုဏ္အားလုံးအႀကဳံး၀င္ပါသည္။

– ရဲအခ်ဳပ္ခန္းမ်ား ေနရာဌာနမ်ား အစိုးရ၏အေထြေထြအထူးအမိန္႔မ်ားျဖင့္ ၁၈၈၂ ခုႏွစ္ရာဇ၀တ္ဥပေဒပုဒ္မ ၅၄ အရထုတ္ျပန္ထားေသာေနရာမ်ား အစိုးရ၏အထူး(သို႔)အေထြေထြအမိန္႔ျဖင့္ ေၾကျငာထားသည့္ Subsidiary Jail မ်ားမပါ၀င္ပါ။
(ခ) ရာဇ၀တ္အက်ဉ္းသား (Criminal Prisoners) ဆိုသည္မွာ အက်ဉ္းေထာင္သို႔ ပို႔အပ္ပါေသာ၀ရမ္းျဖင့္ စီရင္ ခ်က္ခ်မွတ္ခံထားရေသာရာဇ၀တ္တရား႐ုံးမ်ားမွ ျပစ္ဒဏ္က်တရားခံမ်ား ရာဇ၀တ္ခုံ႐ုံးမ်ားမွ ခ်မွတ္ခံရေသာ အက်ဥ္းသားမ်ားပါ၀င္ပါသည္။

(ဂ) Civil Prisoner (တရားမအက်ဥ္းသား) ဆိုသည္မွာ ရာဇ၀တ္အက်ဉ္းသားမဟုတ္သူမ်ားကိုဆိုလိုပါသည္။

(ဃ) Remession System (ေလ်ာ့ရက္စနစ္) ဆိုသည္မွာ ပုံမွန္အခ်ိန္ကာလအေလ်ာက္အက်ဥ္းသားမ်ား၏ ျပစ္ ဒဏ္မ်ားကိုတိုေတာင္းသြားေစရန္ ခ်ီးျမႇင့္ေသာေလ်ာ့ရက္မ်ားခံစားခြင့္ျပဳသည့္စနစ္ျဖစ္ပါသည္။

(င) History Ticket (အထုပၸတိမွတ္တမ္း) ဥပေဒအရ အက်ဥ္းသားတေယာက္စီတိုင္း၏ ကိုယ္ေရးအေၾကာင္း အရာအခ်က္မ်ားမွတ္တမ္းတင္ထားရွိေသာမွတ္တမ္းကိုဆိုလိုသည္။

(စ) Inspector General (ၫႊန္ၾကားေရးမွဴးခ်ဳပ္) အက်ဥ္းေထာင္မ်ားအားလုံး၏အႀကီးအကဲကိုဆိုလိုသည္။

(ဆ) Medical Subordinate (ေထာင္ေဆး႐ုံဆရာ၀န္) ေဆးဘက္လက္ေထာက္ႏွင့္ ေဆး႐ုံလက္ေထာက္က်န္း မာေရး၀န္ထမ္းကိုဆိုလိုသည္။

(ဇ) Prohibited Article (တားျမစ္ပိတ္ပင္ပစၥည္း) ဆိုသည္မွာ ဤလက္စြဲဥပေဒအရအက်ဥ္းေထာင္အတြင္းသို႔ ထုတ္/သြင္းျခင္းမျပဳလုပ္ရန္ တားျမစ္ပိတ္ပင္ထားသည့္ပစၥည္းအားလုံးကိုဆိုလိုပါသည္။

– ဤဥပေဒစာအုပ္တြင္ အသုံးျပဳမည့္ေဖာ္ျပပါစာကားရပ္မ်ားအားလုံးကို ေသခ်ာစြာသိရွိရန္ အေရးႀကီးပါသည္။ အက်ဥ္းေထာင္ဟု ဆိုလိုက္တာနဲ႔ အုတ္႐ိုး(၄)ထပ္အတြင္းကိုသာ အက်ဥ္းေထာင္ဟု အမွတ္မထင္မွတ္ယူထား လွ်င္ မွားပါလိမ့္မည္။ အက်ဥ္းေထာင္ပရဂုဏ္အတြင္းရွိ ေျမေနရာအေဆာင္အဦးအားလုံးအက်ဳံး၀င္ပါသည္။
– အက်ဥ္းေထာင္အျပင္ဘက္ရွိ အေဆာင္အဦးဧည့္ရိပ္သာမ်ားတြင္ ခ်ဳပ္ေႏွာင္ထားၿပီး ျပစ္ဒဏ္က်ခံရ၍ ေထာင္ ဒဏ္က်ခံရသူမ်ားအား ႏိုင္ငံေတာ္မွလိုအပ္ခ်က္အရ ၄၀၁(၁) ျဖင့္ ျပစ္ဒဏ္ကိုေလ်ာ့ေပါ႔လြတ္ၿငိမ္းခြင့္ျပဳသည့္ ကိစၥမ်ားတြင္ ေထာင္ဒဏ္၏အစိတ္အပိုင္းတခ်ိဳ႕က်ခံၿပီးမွ က်န္ျပစ္ဒဏ္ကာလကို လြတ္ၿငိမ္းခြင့္ျပဳေသာပုဒ္မျဖစ္ သျဖင့္ အဆိုပါတရားခံသည္ေထာင္တြင္းမေရာက္ေသာ္လည္း ေထာင္ပရဂုဏ္အတြင္းရွိေျမ အေဆာင္အဦး အားလုံးသည္ အက်ဥ္းေထာင္ဟု ဤဥပေဒႏွင့္လြတ္ေျမာက္သည့္ေန႔မ်ားသည္ ေထာင္ဒဏ္၌ အက်ဳံး၀င္ ေၾကာင္း ဥပေဒအရျပ႒ာန္းထားရွိေသာေၾကာင့္ ၄၀၁ (၁) အရ လႊတ္ေပးျခင္းမွာအျငင္းပြားရန္မလိုပါ။

– အက်ဥ္းေၾကာင္းမသိရွိသူမ်ားအတြက္ အျငင္းပြါးေစာဒကတက္ဖြယ္ရွိႏိုင္သည္ကိုသိရွိေစလိုပါသည္။

– အက်ဥ္းေထာင္အတြင္း သတ္မွတ္အင္အားထက္ပိုမိုလာျခင္း ေလ်ာ့ခ်ရန္ႏွင့္ အက်ဥ္းသားမ်ားကူးစက္ျမန္ကပ္ ေရာဂါမ်ားျဖစ္ပြားလာပါက ေထာင္အုတ္႐ိုးျပင္ပေထာင္ပရဂုဏ္အတြင္း ယာယီအမိုးအကာမ်ားျဖင့္ ယာယီ ေဆာက္လုပ္ၿပီး အက်ဥ္းသားမ်ားထားရွိကာ အက်ဥ္းေထာင္အျဖစ္ အသုံးျပဳႏိုင္သည္။

အပိုင္း(၃)

ေထာင္တာ၀န္ခံအရာရွိ(Superintendent)ေထာင္ပိုင္၏‌တာ၀န္၀တၱရားမ်ား”

– ေထာင္ပိုင္ကိုအက်ဉ္းေထာင္တိုင္းတြင္အက်ဉ္းေထာင္ကိစၥအ၀၀ကို ႀကီးၾကပ္ေဆာင္ရြက္ရန္ၫႊန္ၾကားေရးမွဴး ခ်ဳပ္မွခန္႔ထားႏိုင္သည္။ ေထာင္ပိုင္သည္အက်ဉ္းေထာင္၏ ေအာက္ေဖာ္ျပကိစၥရပ္မ်ားကို အဓိကေဆာင္ရြက္ရ မည္။
(က) အက်ဥ္းေထာင္၏အေထြေထြစည္းကမ္းေသ၀ပ္ေရး
(ခ) အလုပ္အကိုင္ေနရာခ်ထားမႈမ်ားစီမံေဆာင္ရြက္ျခင္း
(ဂ) အက်ဉ္းေထာင္၏အသုံးစရိတ္မ်ားစီမံခန္႔ခြဲျခင္း
(ဃ) ျပစ္မႈမ်ားအားျပစ္ဒါဏ္စီရင္ခ်မွတ္ျခင္း
(င) အက်ဥ္းေထာင္၏ကိစၥရပ္မ်ားထိန္းခ်ဳပ္ကြပ္ကဲျခင္း
– ၎အျပင္အက်ဉ္းေထာင္တာ၀န္ခံအရာရွိသည္ ၫႊန္ၾကားေရးမွဴးခ်ဳပ္၏အမိန္႔ၫႊန္ၾကားခ်က္မ်ားႏွင့္ ေဒသဆိုင္ အာဏာပိုင္အဖြဲ႕အစည္းမ်ား၏အမိန္႔ၫႊန္ၾကားခ်က္မ်ားကို လိုက္နာရန္တာ၀န္ရွိၿပီးလိုက္နာေဆာင္ရြက္မႈမ်ား အား ၫႊန္ၾကားေရးမွဴးခ်ဳပ္ထံအခ်ိန္ႏွင့္ တ‌ေျပးညီတင္ျပရမည္။
– တာ၀န္ခံအရာရွိသည္ လက္ေအာက္အဆင့္ဆင့္အားတိုက္႐ိုက္စီမံကြပ္ကဲအုပ္ခ်ဳပ္ရန္ တာ၀န္ရွိသကဲ့သို႔ အဆင့္ဆင့္အရာရွိ၀န္ထမ္းမ်ားအား တာ၀န္ခြဲေဝသတ္မွတ္ၿပီးတာ၀န္က်သည့္ဌာနစု၏ တာ၀န္၀တၱရားမ်ားအား ေက်ညက္စြာသေဘာေပါက္အလြတ္က်က္မွတ္ၿပီး တာ၀န္ခံအရာရွိမွ အေပါတ္စဉ္တနလၤာေန႔တိုင္း စစ္ေဆးေမး ျမန္းျခင္းျဖင့္ အက်ဥ္းေထာင္တခုလုံး၏လုပ္ငန္းတာ၀န္မ်ားအား ဥပေဒႏွင့္အညီေဆာင္ရြက္ႏိုင္မည္ျဖစ္သည္။
– အရာရွိမ်ားဆိုလွ်င္လည္းမိမိတာ၀န္၀တၱရားမ်ားကိုဥပေဒပါအတိုင္းေက်ညက္စြာသိရွိေနရန္လိုအပ္ပါသည္။
– ဒုတိယတာ၀န္ခံ၏တာ၀န္၀တၱရားမ်ား
– ေထာင္မွဴးႀကီး၏တာ၀န္၀တၱရားမ်ား
– ေထာင္က်႐ုံး အခ်ဳပ္႐ုံး မိန္းေဂ်း တံခါးႀကီး ရိကၡာ႐ုံး ေငြစာရင္း အိပ္ေဆာင္ အေဆာင္မွဴးတာ၀န္၀တၱရားမ်ားအား တာ၀န္က်အရာရွိမ်ားကိုယ္တိုင္ ဥပေဒပါအတိုင္းက်က္မွတ္သိရွိ လိုက္နာ ေဆာင္ရြက္တတ္ရန္လိုပါသည္။
– တာ၀န္ခံအရာရွိမွအပါတ္စဉ္စစ္ေဆးေမးျမန္းကာ ဆုေပး – ဒဏ္ေပးစနစ္ျဖင့္ကြပ္ကဲရန္လိုအပ္ပါသည္။
– စစ္ေဆးမည့္တာ၀န္ခံအရာရွိကိုယ္တိုင္လည္းဌာနစုမ်ား၏တာ၀န္၀တၱရားမ်ားကို ဥပေဒပါအတိုင္း ေလ့လာသိ ရွိမွသာလွ်င္ လက္ေအာက္သို႔စစ္ေဆးၾကပ္မတ္ႏိုင္မည္ျဖစ္ပါသည္။
– အနိမ့္ဆုံးအဆင့္အေနျဖင့္ အရာရွိတိုင္း မိမိ၏တာ၀န္၀တၱရားမ်ားကို ဘယ္ေလာက္သိရွိလိုက္နာေဆာင္ရြက္ ေနသည့္ကို အၿမဲတမ္းမိမိကိုယ္ကို မလိမ္မညာတမ္းဆန္းစစ္ဖို႔လို႔ပါသည္။
– မိမိတာ၀န္၀တၱရားမ်ားကိုမသိရွိဘဲ ၿဖီးျဖန္းေနလွ်င္ ေထာင္အုပ္ခ်ဳပ္ေရးကိုထိခိုက္ႏိုင္သည္။
– အျခားအဆင့္၀န္ထမ္းမ်ားကိုလည္း မိမိတို႔၏တာ၀န္က်သည့္ေနရာဌာနအလိုက္ တာ၀န္၀တၱရားမ်ားအား ေလ့ လာက်က္မွတ္ၿပီး ဥပေဒႏွင့္အညီေဆာင္ရြက္ႏိုင္ရန္လိုအပ္ပါသည္။
– အလုပ္အကိုင္ေနရာခ်ထားေရးႏွင့္ပါတ္သက္၍အရာရွိမ်ားကိုလည္းလုပ္ငန္းကြၽမ္းက်င္မႈ ႐ိုးသားမႈ ႀကိဳးစားမႈ မ်ားျဖင့္ သာတာ၀န္ခြဲေဝခိုင္းထားရန္ ေျခာက္လ တႀကိမ္ အလွည့္က်တာ၀န္ခ်ထားရန္။
– အျခားအဆင့္၀န္ထမ္းမ်ားကိုလည္း တံခါးႀကီး ဗဟိုကင္း မိန္းေဂ်းအျပင္ဘုတ္ စသည္ျဖင့္ အက်ဥ္းေထာင္၏ အေရးႀကီးေနရာမ်ားအံ၀င္ဂြင္က် တာ၀န္ခ်ထားႏိုင္ရန္တဦးခ်င္းစီ၏လုပ္ရည္ကိုင္ရည္ႏွင့္႐ိုးသား ႀကိဳးစားမႈကို အေျခခံကာတာ၀န္ခ်ထားရန္လိုအပ္ပါသည္။ ေနရာဌာနအလိုက္ ဥပေဒပါတာ၀န္မ်ားေရးသားခ်ိတ္ဆြဲထားရန္။
– အက်ဥ္းသားမ်ားအားအလုပ္ခြဲေဝရာတြင္ျပစ္မႈျပစ္ဒဏ္ ပုဒ္မကိုအေျခခံ၍ လုံၿခဳံေရးရႈေထာင့္မွ အလုပ္ခ်ထား ျခင္း လုပ္ငန္းကြၽမ္းက်င္မႈေပၚအေျခခံ၍အလုပ္ခ်ထားျခင္းမ်ားကိုျပဳလုပ္ရန္လိုအပ္ပါသည္။
– တာ၀န္ခံအရာရွိသည္ ေငြထုတ္သူ အရာရွိျဖစ္သည္ႏွင့္အညီ အက်ဉ္းေထာင္၏အသုံးစရိတ္မ်ားအား ေလလြင့္ ဆုံးရႈံးမႈမရွိေစရန္တာ၀န္ရွိသည္။ ပစၥည္း၀ယ္ယူမႈမ်ားႏွင့္ပါတ္သက္၍ ၀ယ္ယူေရးမူမ်ားအရသာ ၀ယ္ယူရန္ႏွင့္ ေဒသေပါက္ေဈးႏွင့္ ေဈးႏႈန္းကြာဟခ်က္မရွိေစရန္ အၿမဲတမ္း စုံစမ္းတိုက္ဆိုင္စစ္ေဆးၿပီး ကြာဟခ်က္မရွိေစေရး အတြက္ စီမံေဆာင္ရြက္ရမည္ျဖစ္သည္။ ေဒသေပါက္ေဈးႏွင့္ ျမင့္ေသာေဈးႏႈန္းျဖင့္ ေငြေပးေခ်မႈမ်ားမရွိေစရန္ အတြက္ သတိထားေဆာင္ရြက္ရပါသည္။
ဥပမာ – ခြင့္ျပဳေဈးႏႈန္းျမင့္ေနၿပီး ေဒသေပါက္ေဈးနိမ့္ေနလွ်င္ သတိထားေဆာင္ရြက္သင့္ပါသည္။
– ေဒသေပါက္ေဈးထက္ျမင့္မားေသာ ေငြထုတ္ယူမႈမ်ားသည္ ျပႆနာေပၚလာႏိုင္ပါသည္။
– အသားေကြၽးေမြးမႈမ်ားတြင္လည္း လူတဦးအတြက္ရရွိမည့္(၄) ေအာင္စ ေငြကိုခြင့္ျပဳေဈးႏႈန္းျဖင့္ တြက္ခ်က္ ကာ သတ္မွတ္အသားကိုသာ ၀ယ္ယူေကြၽးေမြးရန္ သတ္မွတ္အသားမစားသူမ်ားအား အျခားအသား ဥေကြၽး ေမြးလွ်င္ လူတဦး တရက္ခြင့္ျပဳေငြႏွင့္ညီမွ်ေသာ အေလးခ်ိန္ အေရအတြက္ကို ေကြၽးေမြးရန္လိုအပ္ပါသည္။ ျပႆနာတစုံတရာေပၚေပါက္လာလွ်င္ တာ၀န္ရွိသူမ်ားအတြက္ အလြန္အမင္း အႏၲရာယ္မ်ားပါသည္။ အထူး သတိျပဳရန္လိုအပ္ပါသည္။
– စည္ပင္သာယာတြင္ ေန႔စဥ္ေဒသေပါက္ေဈး မွတ္တမ္းမ်ားရွိပါသည္။ ေဒသ ေပါက္ေဈးႏွင့္ညီၫႊတ္မွ်တရန္ႏွင့္ ေပါက္ေဈးထက္ပိုမိုထုတ္ေပးျခင္းမ်ား အထူးသတိျပဳရန္လိုအပ္ပါသည္။
– ယခင္ကဆိုလွ်င္ ခြင့္ျပဳေငြသည္ ေပါက္ေဈး၏ တ၀က္မွ်ပင္မရရွိသျဖင့္ ပိုမိုထုတ္ေပးျခင္း ျပႆနာမရွိပါ။
– ယခုအခါတြင္ လူအခြင့္အေရးကိစၥမ်ားေၾကာင့္ ေပါက္ေဈးထက္ျမင့္ေသာ ခြင့္ျပဳေငြမ်ား ခ်ထားျခင္းမ်ားရွိေနသ ျဖင့္ ေငြထုတ္ယူအရာရွိမွာ အႏၲရာယ္ရွိေနပါသည္။
– အက်ဥ္းေထာင္တခုခုမွာ ျပႆနာေပၚလွ်င္အလားတူျပႆနာမ်ိဳး အျခားအက်ဥ္းေထာင္မ်ားတြင္လည္း ရွိ/မရွိ စစ္ေဆးရန္အေၾကာင္းရွိလာမည္ျဖစ္ပါသည္။
– ေထာင္ပိုင္မ်ား မိမိေထာင္အတြက္ပစၥည္းထုတ္ယူမႈမ်ား ဥပေဒ ၫႊန္ၾကားခ်က္မ်ားႏွင့္အညီေဆာင္ရြက္ေနမႈ ရွိ/မရွိႏွင့္ေဈးႏႈန္းမ်ား ေဒသေပါက္ေဈးႏွင့္ကြာဟခ်က္မ်ား ေဆာင္ရြက္ရန္ႏွင့္ အက်ဥ္းေထာင္အသုံးစရိတ္မ်ား ေလလြင့္မႈ မရွိေစရန္ေထာင္ဥပေဒအရျပဌာန္းထားရွိသည္ကိုသတိထားရန္လိုအပ္ပါသည္။
– ၀န္ထမ္းျပစ္မႈမ်ားႏွင့္ပတ္သတ္၍ေသာ္လည္းေကာင္း အက်ဉ္းသားျပစ္မႈမ်ားႏွင့္ေသာ္လည္းေကာင္း က်ဴးလြန္ ေသာျပစ္မႈႏွင့္ခ်မွတ္ေသာျပစ္ဒါဏ္သည္ ဥပေဒပါျပဌာန္းခ်က္ႏွင့္ကိုက္ညီမႈရွိရန္လိုပါသည္။ ဥပေဒအရ ခြင့္မျပဳ ေသာ ျပစ္ဒါဏ္ကိုခ်မွတ္မိသည္ဆိုလွ်င္ ေျဖရွင္းရခက္မည္ျဖစ္ပါသည္။
ဥပမာ အခ်ဳပ္သားတဦးျပစ္မႈျဖစ္ပြားလွ်င္ေျချခင္းခတ္ျခင္း တိုက္ပိတ္ျခင္းမ်ားအားအက်ဉ္းေထာင္လက္စြဲဥပေဒ က ခြင့္ျပဳမထားပါ။ ဒါေၾကာင့္ ျပစ္ဒဏ္ခ်မွတ္မည္ဆိုလွ်င္ က်ဴးလြန္ေသာျပစ္မႈသည္ မိမိ၏စီရင္ပိုင္ခြင့္အာဏာ အတြင္း က်ေရာက္ျခင္းရွိ/မရွိႏွင့္ ခ်မွတ္ပိုင္ခြင့္ရွိေသာ ျပစ္ဒါဏ္ဟုတ္မဟုတ္ကို ေသခ်ာစြာ သတိထားေဆာင္ ရြက္ရန္လိုပါသည္။
– အက်ဥ္းေထာင္အား ထိန္းခ်ဳပ္ကြပ္ကဲရသူတာ၀န္ခံအရာရွိသည္ အက်ဉ္းေထာင္လုံၿခဳံေရးအတြက္ ဂါတ္မႀကီး တြင္အေျခခ်ေနထိုင္ခြင့္ျပဳထားျခင္းမွာနာရီႏွင့္အမွ်ျပႆနာျဖစ္ေပၚႏိုင္ေသာ‌ေၾကာင့္ျဖစ္ပါသည္။ သို႔ျဖစ္၍ တာ၀န္ခံအရာရွိသည္ မိမိသေဘာအေလ်ာက္အက်ဥ္းေထာင္အား စြန္႔ခြာ၍သြားလာျခင္းမ်ား ေရွာင္က်ဥ္သင့္ပါသည္။
– တာ၀န္ခံအရာရွိ၏ အမိန္႔ၫႊန္ၾကားခ်က္မ်ားအား လက္ေအာက္အရာရွိ ၀န္ထမ္းအဆင့္ဆင့္အလိုက္ လိုက္နာ ရန္ တာ၀န္ရွိေၾကာင္း အက္ဥပေဒ (၅၉)အရျပဌာန္းထားရွိပါသည္။
– တာ၀န္ခံအရာရွိအပါအ၀င္ အရာရွိ၀န္ထမ္းအားလုံး အက်ဥ္းေထာင္သို႔ေပးသြင္းေသာ ပစၥည္းမ်ား၀ယ္ယူျခင္း ႏွင့္ ေပးသြင္းသူမ်ားထံမွ အက်ိဳးအျမတ္ရယူခံစားခြင့္မရွိေစရ တင္းၾကပ္စြာတားျမစ္ထားသည္။ မိမိကိုယ္တိုင္မွ လည္း အက်ဥ္းေထာင္သို႔ ပစၥည္းမ်ားေပးသြင္းၿပီး အက်ိဳးအျမတ္ရယူခံစားခြင့္မရွိပါ။တင္ဒါစနစ္ျဖင့္သာ ပစၥည္း အားလုံး၀ယ္ယူေပးသြင္းရမည္ျဖစ္ပါသည္။ မိမိအစီအစဉ္ျဖင့္ ပစၥည္းမ်ားေပးသြင္းၿပီးကန္ထ႐ိုက္အမည္ခံ၍ ေငြထုတ္ယူျခင္းမ်ားမျပဳလုပ္ရန္လိုအပ္ပါသည္။ ျပႆနာျဖစ္ပြားလွ်င္ ျပဳလုပ္သူအတြက္ ျပစ္ဒဏ္ႀကီးမားစြာ ရရွိႏိုင္ပါသည္။
– တာ၀န္ခံအရာရွိတေယာက္အေနျဖင့္ ဥပေဒႏွင့္မညီၫႊတ္ေသာကိစၥရပ္မ်ား အထူးေရွာင္ရွားသင့္ပါသည္။
– ဌာနဆိုင္ရာသေဘာအရ တာ၀န္ခံမ်ားသည္ ဒုတိယတာ၀န္ခံမ်ားအား ေနရာမေပးဘဲ မိမိတစ္ဦးတည္း လက္ဝါးႀကီးအုပ္လုပ္ကိုင္ေဆာင္ရြက္ေနမႈမ်ားအား သတိထား ေရွာင္ရွားသင့္ပါသည္။ လက္ေအာက္အရာရွိ ၀န္ထမ္းမ်ားသည္ တာ၀န္ခံအရာရွိကိုယ္ပိုင္လုပ္ငန္းတြင္တာ၀န္ထမ္းေဆာင္ေနျခင္းမဟုတ္ပါ။ တာ၀န္ခံနည္းတူ ႏိုင္ငံတာ၀န္ထမ္းေဆာင္ေနသူျဖစ္သည္ကို အထူးသတိျပဳသင့္ပါသည္။ က်ရာတာ၀န္မ်ားကို ဦးလည္မသုန္ထမ္း ရြက္သင့္ပါသည္။
– တာ၀န္ခံအရာရွိသည္ အက်ဥ္းေထာင္လက္စြဲအက္ဥပေဒအပိုဒ္ (၁၂) အရ ေအာက္ေဖာ္ျပပါအက်ဥ္းေထာင္ မွတ္တမ္းမ်ားအားထားရွိေဆာင္ရြက္ရမည္။
(က) အက်ဥ္းသားမွတ္ပုံတင္စာအုပ္တပုံစံ ၂၁-၂၆
(ခ) အက်ဥ္းသားမ်ား၏လြတ္ရက္မွတ္ပုံတင္စာအုပ္ ၆၄
(ဂ) အက်ဥ္းသားမ်ား၏ေထာင္တြင္းျပစ္မႈက်ဴးလြန္မႈမ်ားႏွင့္ ျပစ္ဒဏ္ေပးမႈမွတ္တမ္းစာအုပ္။
(ဃ) ဧည့္သည္ေတာ္မွတ္တမ္းစာအုပ္။
(င) အက်ဥ္းသားမ်ား၏အဖိုးတန္ပစၥည္းႏွင့္အပ္ေငြစာရင္းစာအုပ္။
-အက်ဥ္းေထာင္မ်ားတြင္ျပစ္ဒဏ္က်အက်ဥ္းသားမ်ားထံမွ ေငြေၾကးေတာင္းခံမႈမ်ား လက္ေအာက္အရာရွိမ်ားႏွင့္ ၀န္ထမ္းမ်ားလြယ္လင့္တကူမေဆာင္ရြက္ႏိုင္ေစရန္အၿမဲမျပတ္ၾကပ္မတ္ေဆာင္ရြက္ေနရန္လိုအပ္ပါသည္။
– ၎ျပင္အက်ဥ္းေထာင္သို႔ေရာက္ရွိလာသည့္ ျပစ္ဒဏ္က်အက်ဥ္းသားမ်ားအားလုံးလူသစ္ဘ၀တြင္ပင္ ၎တို႔ ၏ ရပိုက္ခြင့္မ်ား ဥပမာ ေလွ်ာ့ရက္စည္းမ်ဉ္းမ်ား ရရွိႏိုင္ေသာသာမန္ေလ်ာ့ရက္ႏွင့္အထူးေလ်ာ့ရက္မ်ား တနဂၤ ေႏြေလ်ာ့ရက္ ၃လပါတ္ ကြာ ေလ်ာ့ရက္မ်ား ႏွစ္ကြာမ်ား သာမန္ေလ်ာ့ရက္ျဖစ္သည့္အလုပ္ေကာင္းလွ်င္ အက်င့္စာရိတၱေကာင္းလွ်င္ရရွိႏိုင္ေသာေလ်ာ့ရက္မ်ား စုစုေပါင္း ျပစ္ဒဏ္၃ပုံ၁ပုံထိရရွိႏိုင္ေၾကာင္းတို႔ကိုလည္း ေကာင္း။
– ႏိုင္ငံေတာ္မွအက်ဥ္းသားတစ္ဦးအား တေန႔ခြင့္ျပဳရိကၡာႏႈန္းထားမ်ား တပါတ္လွ်င္ အသားစားရက္မ်ား အသား တစ္ဦးတရက္ႏႈန္းထားမ်ား အသားမစားလွ်င္ ၾကက္ဥစားဆိုလွ်င္အသားခြင့္ျပဳႏႈန္းက်သင့္ေငြျဖင့္ ညီမွ်သည့္ ၾကက္ဥအလုံးေရတို႔ကိုမွန္ကန္ရရွိေစရန္ရွင္းလင္းေျပာၾကားထားရန္။
– ျပစ္ဒဏ္က်အက်ဉ္းသားမ်ားအား ရဲဘက္ေရြးခ်ယ္ေရးမူမ်ား ဥပမာ ရဲဘက္အႀကဳံး၀င္သည့္ပုဒ္မ ျပစ္ဒဏ္ က်န္ကာလ အသက္အရြယ္ပမာဏ က်န္းမာေရးအေျခအေနမ်ားကိုရွင္းရွင္းလင္းလင္း ရွင္းျပထားျခင္းျဖင့္ အက်ဉ္းသားတိုင္းက၎တို႔သည္ပုဒ္မအရအႀကဳံ၀င္ျခင္းရွိ/မရွိ ျပစ္ဒဏ္က်န္ကာလအရအႀကဳံး၀င္ျခင္းရွိ/မရွိ အသက္အရြယ္အရ ရဲဘက္အႀကဳံး၀င္/မ၀င္ က်န္းမာေရးအရ ရဲဘက္အႀကဳံး၀င္/မ၀င္ တို႔ကိုေငြေၾကးေတာင္းခံမႈ မ်ားမွေရွာင္ရွားႏိုင္မည္ျဖစ္သည္။

– ၎ျပင္ေထာင္၀င္စာကိစၥ ေထာင္တြင္းစည္းကမ္းမ်ားကိုပါတပါတည္းရွင္းလင္းျပသထားရန္။
– ေထာင္တြင္းျပစ္မႈက်ဴးလြန္သူ အက်ဥ္းသားမ်ားအားျပစ္မႈအလိုက္ရရွိမည့္ ျပစ္ဒဏ္မ်ားအားႀကိဳတင္ အသိေပး ‌ေျပာၾကားထားရန္။
– အလုပ္ေနရာခ်ထားျခင္း ရဲဘက္ထုတ္ျခင္း ရဲဘက္ခ်န္လွပ္ေပးျခင္း အိပ္ယာေနရာခ်ထားျခင္း ေဆး႐ုံတက္ခြင့္ ေထာင္၀င္စာေတြ႕ခြင့္မ်ား ေထာင္ပိုင္က်န္ရက္ ကြာအဆင့္အတန္းမ်ားအတြက္ေငြေၾကးေပးရန္မလိုေၾကာင္း အက်ဉ္းသားတိုင္းသိရွိရန္ တာ၀န္ခံအရာရွိမ်ား ရွင္းလင္းအသိေပးေျပာၾကားထားရန္။
– အက်ဥ္းေထာင္အတြင္းမည္သည့္ကိစၥအတြက္မွ ေငြေၾကးေပးရန္မလိုေၾကာင္းႏွင့္ ေတာင္းခံမႈမ်ားအတြက္ တာ၀န္ခံအရာရွိထံတင္ျပတိုင္ၾကားရန္။
– တာ၀န္ခံအရာရွိအေန႔ျဖင့္အက်ဥ္းသားတိုင္းအား မိမိ၏ နစ္နာခ်က္မ်ား ႏွစ္ကိုယ္ျခား သီးျခားတင္ျပခြင့္ျပဳေပး ရန္ႏွင့္ တင္ျပခ်က္မ်ားအား ခ်က္ျခင္းအေရးယူေဆာင္ရြက္ေပးလွ်င္ တခါတရံ တင္ျပသူတြင္အႏၲရာယ္ျဖစ္ေပၚ ႏိုင္သျဖင့္ အျခားအက်ဥ္းသားႏွင့္ ၀န္ထမ္းမ်ားသတိမထားမိေစရန္ သတိထားအေရးယူမႈမ်ားျပဳလုပ္ရန္ လိုအပ္ သည္။
– တင္ျပခ်က္ေၾကာင့္ အေရးယူခံရသူအားခ်က္ျခင္း အျပစ္ေပးအေရးယူလွ်င္ တင္ျပသူအားရန္ရွာႏိုင္သည္ကို အထူးသတိျပဳရမည္။
– တာ၀န္ခံအရာရွိမ်ားအေထာင္အုပ္ခ်ဳပ္ေရးေအာင္ျမင္ေစရန္ လက္ေအာက္အရာရွိ၀န္ထမ္း အက်ဥ္းသားမ်ား၏ တာ၀န္ႏွင့္ရပိုင္ခြင့္မ်ားအား ရွင္းရွင္းလင္းလင္းေျပာၾကားထားရန္ႏွင့္ ျပစ္မႈျဖစ္ပြားလွ်င္ျပစ္ဒါဏ္အေပးခံရမႈမ်ား ကိုလည္း ရွင္းလင္းေျပာၾကားထားရန္လိုပါသည္။
– အက်ဥ္းေထာင္တာ၀န္ခံအရာရွိတစ္ဦးသည္အုပ္ခ်ဳပ္ေရးေအာင္ျမင္ရန္အတြက္ ကိုယ္က်င့္တရားေကာင္းမြန္မႈ ေထာင္ဥပေဒပညာရပ္မ်ားသိရွိကြၽမ္းက်င္မႈျဖင့္ လက္ေအာက္အရာရွိ ၀န္ထမ္းႏွင့္ အက်ဥ္းသားမ်ား၏ ယုံၾကည္ ကိုးစားမႈကို ရယူႏိုင္သည္။
– ေထာင္ပိုင္ကို အေတြ႕အႀကဳံအရ(၂)မ်ိဳးရွိေၾကာင္း ေငြေနာက္သို႔လိုက္လွ်င္ နာမည္ေကာင္းႏွင့္ ရာထူးမရႏိုင္ပါ။ ရာထူးႏွင့္နာမည္ေကာင္းလိုခ်င္လွ်င္ ေငြေၾကးမရႏိုင္ပါ။
– တခ်ိန္တည္းမွာေငြေၾကးေရာ နာမည္ေကာင္းႏွင့္ရထူးေရာ မရရွိႏိုင္ေၾကာင္းေသခ်ာပါသည္။ ဒါေၾကာင့္ မေကာင္းမႈႏွင့္ ေက်ာ္ၾကားခ်င္လား ေကာင္းသတင္းႏွင့္ ေက်ာ္ၾကားခ်င္လား လမ္းႏွစ္သြယ္ကို မိမိဘာသာေရြး ခ်ယ္တတ္ရမည္ျဖစ္ပါသည္။ မိမိႏွင့္ မိမိမိသားစု မိမိဌာန၏ဂုဏ္သိကၡာကို အမိအရ ရယူႏိုင္ေသာ တာ၀န္ခံျဖစ္ ႏိုင္ေစရန္ ေရြးခ်ယ္မႈမွန္ကန္ဖို႔လိုပါသည္။

အပိုင္း(၄)

ဆက္လက္ေဖာ္ျပမည္။
ေဆာင္းပါးရွင္ ဦးသန္းစုိးသည္ အက်ဥ္းဦးစီးဌာန၌ ညႊန္ၾကားေရးမွဴး(ၿငိမ္း)တာဝန္ကုိ ထမ္းေဆာင္ခဲ့သူတစ္ဦး ျဖစ္သည္။

#PeopleMedia #အက်ဥ္းေထာင္

(unicode)
“ယခုအခါ အကျဉ်းထောင်ကြီးကို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး၊ ရာဇဝတ်ဘေးအတွက် အသုံးပြုလာ ကြပါတယ်” ဦးသန်းစိုး(အကျဉ်းဦးစီးဌာနညွှန်ကြားရေးမှူး-ငြိမ်း)

“ထောင်ပိုင်များသည် ငွေနောက်လိုက်လျှင် နာမည်ကောင်းနှင့် ရာထူးမရနိုင်၊ ရာထူးနှင့် နာမည်ကောင်းလိုချင် လျှင် ငွေမရနိုင်” ဦးသန်းစိုး(အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး-ငြိမ်း) လူတိုင်းအချိန်မရွေးကြုံတွေ့လာနိုင်သည့် အကျဉ်းထောင်

– အကျဉ်းထောင်ဆိုသည်မှာ အကြောင်းအမျိုးမျိုးကြောင့် လူတိုင်းပတ်သတ်လာနိုင်တယ်
– အဲဒီအချိန်ကျရင် အထောက်အကူဖြစ်နိုင်ရင် ကျေနပ်ပါတယ်
– ဒီနေ့ကတော့အကျဉ်းထောင်၏သဘောကိုပြောလိုပါတယ်
– “အကျဉ်းထောင်ဆိုသည်မှာ လူအဖွဲ့အစည်းတခုအား ရာဇဝတ်မှုများမှ ကာကွယ်ရန်ဖြစ်သည်”
– သို့သော်ယခုအခါ အဆိုပါအကျဉ်းထောင်ကြီးအား နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး ရာဇဝတ်ဘေး အတွက်ပါ အသုံးပြုလာကြပါတယ်
” Prison mean to protect the society from the crime ”

အပိုင်း(၁)

– ယမန်နေ့က”အကျဉ်းထောင်”အဓိပ္ပါယ်ကိုဖော်ပြခဲ့ပြီဖြစ်ပါတယ်
– ယနေ့အကျဉ်းထောင်၏ရည်ရွယ်ချက်ဆိုသည်မှာ
– ပြစ်ဒါဏ်ကျအကျဉ်းသား/သူများအား လုံခြုံစွာထိန်းသိမ်းထားရန်မှာ မူလတာဝန်ဖြစ်သည်။
၎င်းအပြင်ချုပ်ရီမာန်ဖြင့် လာရောက်အပ်နှံထားသည့်အချုပ်တရားခံများအား ရီမာန်ကာလအထိယာယီချုပ်နှောင် ထားပေးရခြင်းဖြစ်သည်။ ရီမာန်ကာလကျော်လွန်၍ချုပ်နှောင်ထားခွင့်မရှိပါ။
– အကျဉ်းသား/အကျဉ်းသူများအား လုံလုံခြုံစွာထိန်းသိမ်းထားခြင်းအပြင် အောက်ပါတို့ကိုပါ တာဝန်ယူဆောင် ရွက်ပေးရပါသည်။
– စားရေးသောက်ရေးကိစ္စများအား သတ်မှတ်နှုန်းထားအတိုင်း ချက်ပြုတ်ကျွေးမွေးခြင်း
– အဝတ်အစားအိပ်ယာအပြည့်အစုံထုတ်ပေးရခြင်း သတ်မှတ်သက်တမ်းတွင် လဲလှယ်ပေးရခြင်း
– ကျန်းမာရေးအတွက်ဆေးဝါးကုသပေးရခြင်း သီးခြားထားကုသရမည့်သူများအား သီးခြားထားကုသရခြင်း။ ဥပမာ – TB /ကိုယ်ရေပြားရောဂါသည်။
– ပြစ်ဒါဏ်ကာလအတွင်းလုံခြုံစွာ ထိန်းသိမ်းရသည့်အပြင်အသက်အန္တရယ်နှင့် ထိခိုက်ဒါဏ်ရာအနာတရမဖြစ် အောင် ထိန်းသိမ်းစောင့်ရှောက်ပေးရခြင်း
– ကျန်းမာလျော်ညီစွာထောင်တွင်းလုပ်ငန်းများတွင် တရားဝင်အလုပ်ချမှတ်ခိုင်းစေခြင်း လုပ်ငန်းကျွမ်းကျင်မှု အရချထားခြင်း
– လုပ်ငန်းတာဝန်ချထားခြင်း ထောင်တွင်းလိုက်နာရမည့်ထောင်စည်းကမ်းများအားသင်ကြားပြသပေးခြင်း စည်း ကမ်းဖောက်ဖျက်မှုနှင့် ထောင်တွင်းပြစ်မှုကျူးလွန်မှုများအတွက် ထောင်ဥပဒေအရသတ်မှတ်ပြဌာန်းထား‌သည့် ပြစ်ဒါဏ်များချမှတ်ခြင်း
– ထောင်တာဝန်ခံ၏ လုပ်ပိုင်ခွင့်အတွင်းအကျုံးဝင်သည့်ပြစ်မှုများအတွက်သာ ချမှတ်ပေးနိုင်ခြင်း လုပ်ပိုင်ခွင့် အတွင်း အကျုံးမဝင်သည့်ပြစ်မှုများအတွက်ပြစ်ဒဏ်ချမှတ်ပိုင်ခွင့်မရှိပါ။ နယ်ဘက်တရားရုံးများတွင် စွဲဆိုရ မည့်ပြစ်မှုများအတွက် နယ်ဘက်တရားများသို့အမှုစွဲဆိုတင်ပြခြင်း။ ဥပမာ – လူသတ်မှု ဓားခုတ်မှု မူးယစ်ဆေးဝါး မှုစသည့်အမှုများ
– လုပ်ငန်းတာဝန်ချထားမှုကိုအကြောင်းပြုပြီး ထောင်ဥပဒေဖြင့်ပြဌာန်းထားသည့်သာမန်လျော့ရက် အထူးလျော့ ရက်နှင့် နိုင်ငံတော်မှခွင့်ပြုသည့်လျှော့ရက်များချီးမြှင့်ခြင်း
– လျှော့ရက်စနစ်သတ်မှတ်ပြဌာန်းချီးမြှင့်ခြင်းမှာပြစ်ဒါဏ်ကျအကျဉ်းသားများ၏ ပြစ်ဒါဏ်ကို ၃ ပုံ ၁ ပုံထိ တာဝန် ခံအရာရှိမှ ချီးမြှင့်လျှော့ပေါ့နိုင်သည်။
– လျှော့ရက်ပေးခြင်းအားလုပ်ငန်းကျွမ်းကျင်ကြိုးစားမှု စည်းကမ်းလိုက်နာမှုအချက် ၂ ချက်ပေါ် အခြေခံ၍ အဆင့်အတန်း(၃)မျိုးဖြင့် ချီးမြှင့်နိုင်သည်။ လျော့ရက်(၃)မျိုးနှင့်ပတ်သက်၍ သတ်မှတ်ချက်များအား လျှော့ရက်အခန်းကဏ္ဍတင်ပြမှုတွင်ဆက်လက်ဖော်ပြပါမည်။
– အကျဉ်းထောင်အတွင်းထိန်းသိမ်းထားစဉ်လုပ်ငန်းတာဝန်ပေးအပ်စေခိုင်းမှုဖြင့် လည်းကောင်း။ စည်းကမ်း လိုက်နာမှုဖြင့် ၎င်းစာရိတ္တပြုပြင်ပေးသည့်အပြင် အသက်မွေးဝမ်းကျောင်းပညာရပ်များသင်ကြားပို့ချခြင်း အတန်း ပညာများဆက်လက်သင်ကြားလိုသူများအားအတန်းပညာများသင်ကြားပေးခြင်း စက်မှုလက်မှု ကွန်ပျူတာ ပညာများအပြင် အကျဉ်းထောင်အနေအထားအလိုက်သင့်တော်စေရန် ပညာရပ်များသင်ကြားပေးခြင်း လွတ် မြောက်သွားလျှင်လည်းအလုပ်အကိုင်များရရှိရန်ဆက်သွယ်ဆောင်ရွက်ပေးခြင်း
– ဘာသာရေးနည်းလမ်းများဖြင့်စိတ်ဓာတ်များနူးညံ့ပျော့ပြောင်းလာစေရန် သက်ဆိုင်ရာဘာသာအလိုက်ဝတ်ပြု ကိုးကွယ် တရားအားထုတ်စေခြင်း တရားစခန်းများဖွင့်လှစ်ပေးခြင်း ဘာသာရေးဆိုင်ရာအကြီးအကဲများအား နေ့ကြီးရက်ကြီးများတွင် အလျဉ်းသင့်သလိုပင့်ဖိတ်တရားဟောကြားနာစေခြင်း အနိမ့်ဆုံးနံနက်ထောင်ဖွင့် ညနေထောင်ပိတ်ချိန်များတွင်ဗုဒ္ဓဘာသာဝင်များအတွက် ဗုဒ္ဓဘဂဝါပါတိမောက် ငါးပါးသီလ ၃၈ ဖြာမင်္ဂလာ တရားများကို အနက်အဓိပ္ပါယ်ဖြင့် နေ့စဉ်ရွတ်ဖတ်သီဆိုစေခြင်း လူတဦးခြင်းအလွတ်ဆိုနိုင်သည့်အထိ ကြပ် မတ်သင်ကြားပေးခြင်း ဘာသာရေးအလေ့အကျင့်များရရှိစေခြင်း
– အားလပ်ချိန်များတွင်သတင်းစာ ဂျာနယ် ဗဟုသုတရရှိနိုင်သည့်စာအုပ်စာပေများ ဘာသာရေးစာအုပ်များ ဖတ်ရှုစေခြင်း
– ရုပ်မြင်သံကြားစက်များအခန်းတိုင်းတွင်တပ်ဆင်ပြီပြင်ပနှင့် အဆက်အဆက် မပြတ်စေရန်ကြည့်ရှုခွင့်ပြုခြင်း အပန်ဖြေရန်အတွက် ရုပ်ရှင်ကြည့်ရှုခွင့် ဆောင်ရှိသောထောင်များတွင်ကာရာအိုကေဆိုခွင့်များခွင့်ပြုထားခြင်း
– မိသားစုနှင့် အဆက်အသွယ်မပြတ်စေရန်စာရေးသားဆက်သွယ်ခွင့် ထောင်ဝင်စာတွေ့ဆုံခွင့်များအား ဥပဒေနှင့်အညီ ဆောင်ရွက်ပေးထားခြင်း
– ထောင်တွင်းအကျဉ်းသားများ၏ စားရေးနေရေးဝတ်ရေး ကျန်းမာရေးနှင့် ၎င်းတို့၏ရပိုင်ခွင့်များ အပြည့်အဝရရှိ ခြင်းရှိ/မရှိကို ပြည်တွင်းပြည်ပလူ့အခွင့်အရေးအဖွဲ့အစည်းများ (I.C.R.C) လိုကြက်ခြေနီအဖွဲ့အစည်းများအား ဝင်ရောက်လေ့လာခွင့်ပေးခြင်းများကိုဆောင်ရွေတ်ရောက်လေ့လာခွင့်ပေးခြင်းများကိုဆောင်ရွက်ပေးရပါသည်။
– ထောင်တွင်းပြစ်ဒါဏ်ကျအကျဉ်းသားများကျူးလွန်လာသည့်ပြစ်မှုများ ထပ်မံမကျူးလွန်စေရန် နည်းလမ်း ပေါင်းစုံဖြင့် ပြုပြင်ပေးခြင်း အသက်မွေးဝမ်းကျောင်းအတန်းပညာများသင်ကြားပေးခြင်း ဘာသာရေးနည်းလမ်း များဖြင့် ထိန်းကျောင်းကြပ်မတ်ကာသူကောင်းပြုပေးရာနေရာတခုဖြစ်ပါသည်။ တနည်းအားဖြင့် စာရိတ္တပြုပြင် ရေးဌာနတခုအသွင်ဖြစ်ပါသည်။

အပိုင်း(၂)

“အကျဉ်းထောင်များအားကြီးကြပ်ကွပ်ကဲခြင်း”

– အကျဉ်းထောင်အုပ်ချုပ်ရေးအား ၁၈၉၄ ခုနှစ်တွင် ပြဋ္ဌာန်းထားသော အကျဉ်းထောင်လက်စွဲဥပဒေအပိုင်း(၁) အပိုင်း(၂)တို့ဖြင့် ဥပဒေနှင့်အညီ ကွပ်ကဲအုပ်ချုပ်ပါသည်။

– အကျဉ်းထောင်လက်စွဲဥပဒေတွင် အခန်းပေါင်း(၂၀)ဖြင့် ဖွဲ့စည်းထားပြီး ပုဒ်မပေါင်း(၁၂၄၉)ခုဖြင့် ပြဌာန်းထား ရှိကာ ၁.ရ.၁၈၉၄ ခုနှစ်တွင် စတင်အသက်ဝင်ကာ ၎င်းဥပဒေများအတိုင်း အုပ်ချုပ်ရပါသည်။ ၎င်းအပြင် အခြေ အနေအချိန်အခါနှင့် မကိုက်ညီသည့်ပုဒ်မများ ဥပမာ သေဒဏ် ကြိမ်ဒဏ် A,B,C အတန်းအစားခွဲခြား အုပ်ချုပ် ခြင်း A,B အတန်းအစားအားပယ်ဖျက်၍ C အတန်းအစားတမျိုးတည်းသာထားရှိခြင်း ၎င်းပြင်အခြေအနေအချိန် အခါနှင့် လိုက်လျောညီထွေဖြစ်စေရန်လိုအပ်သည်။ အမိန့်ညွှန်ကြားချက်များထုတ်ပြန်၍ သီးသန့်အကျဉ်းသား ဆိုင်ရာကိစ္စရပ်များ အစာငတ်ခံဆန္ဒပြလျှင် လိုက်နာဆောင်ရွက်ရမည့်အမိန့်ညွှန်ကြားချက်များကဲ့သို့သော ညွှန် ကြားချက်များထုတ်ပြန်ဆောင်ရွက်ချင်သောညွှန်ကြားချက်များထုတ်ပြန်ဆောင်ရွက်ခြင်း

– အကျဉ်းထောင်လက်စွဲဥပဒေအပိုင်း(၁)တွင် သုံးစွဲထားသည့်စကားရပ်များ၏ အဓိပ္ပါယ်ကို အတိအကျသိရှိရန် အုပ်ချုပ်သူအားလုံးအား အသိပေးလိုပါသည်။ ဥပဒေတစ်ရပ်ကို ပီပီပြင်ပြင်ကျင့်သုံးဆောင်ရွက်နိုင်ရန်မှာ ၎င်းဥပ ဒေတွင် ပါဝင်သုံးစွဲသည့်စကားရပ်များ၏အဓိပ္ပါယ်ကို အတိအကျသိရှိရန် အရေးကြီးဆုံးဖြစ်ပါသည်။

– ထောင်လက်စွဲဥပဒေတွင် သုံးစွဲမည့်စကားရပ်များ၏အဓိပ္ပါယ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

(က) (Prison) အကျဉ်းထောင်ဆိုသည်မှာ အကျဉ်းသားများချုပ်နှောင်ရန် ယာယီ(သို့)အမြဲတမ်း သတ်မှတ်ထား သည့်ထောင် Jail (သို့) Place နေရာအားလုံးကို အစိုးရ၏အထွေထွေအမိန့်(သို့)အထူးအမိန့်ထုတ်ပြန်ကာ သတ်မှတ်ထားရှိသော မြေအားလုံးနေရာအားလုံး အဆောက်အဦးပရဂုဏ်အားလုံးအကြုံးဝင်ပါသည်။

– ရဲအချုပ်ခန်းများ နေရာဌာနများ အစိုးရ၏အထွေထွေအထူးအမိန့်များဖြင့် ၁၈၈၂ ခုနှစ်ရာဇဝတ်ဥပဒေပုဒ်မ ၅၄ အရထုတ်ပြန်ထားသောနေရာများ အစိုးရ၏အထူး(သို့)အထွေထွေအမိန့်ဖြင့် ကြေငြာထားသည့် Subsidiary Jail များမပါဝင်ပါ။
(ခ) ရာဇဝတ်အကျဉ်းသား (Criminal Prisoners) ဆိုသည်မှာ အကျဉ်းထောင်သို့ ပို့အပ်ပါသောဝရမ်းဖြင့် စီရင် ချက်ချမှတ်ခံထားရသောရာဇဝတ်တရားရုံးများမှ ပြစ်ဒဏ်ကျတရားခံများ ရာဇဝတ်ခုံရုံးများမှ ချမှတ်ခံရသော အကျဉ်းသားများပါဝင်ပါသည်။

(ဂ) Civil Prisoner (တရားမအကျဉ်းသား) ဆိုသည်မှာ ရာဇဝတ်အကျဉ်းသားမဟုတ်သူများကိုဆိုလိုပါသည်။

(ဃ) Remession System (လျော့ရက်စနစ်) ဆိုသည်မှာ ပုံမှန်အချိန်ကာလအလျောက်အကျဉ်းသားများ၏ ပြစ် ဒဏ်များကိုတိုတောင်းသွားစေရန် ချီးမြှင့်သောလျော့ရက်များခံစားခွင့်ပြုသည့်စနစ်ဖြစ်ပါသည်။

(င) History Ticket (အထုပ္ပတိမှတ်တမ်း) ဥပဒေအရ အကျဉ်းသားတယောက်စီတိုင်း၏ ကိုယ်ရေးအကြောင်း အရာအချက်များမှတ်တမ်းတင်ထားရှိသောမှတ်တမ်းကိုဆိုလိုသည်။

(စ) Inspector General (ညွှန်ကြားရေးမှူးချုပ်) အကျဉ်းထောင်များအားလုံး၏အကြီးအကဲကိုဆိုလိုသည်။

(ဆ) Medical Subordinate (ထောင်ဆေးရုံဆရာဝန်) ဆေးဘက်လက်ထောက်နှင့် ဆေးရုံလက်ထောက်ကျန်း မာရေးဝန်ထမ်းကိုဆိုလိုသည်။

(ဇ) Prohibited Article (တားမြစ်ပိတ်ပင်ပစ္စည်း) ဆိုသည်မှာ ဤလက်စွဲဥပဒေအရအကျဉ်းထောင်အတွင်းသို့ ထုတ်/သွင်းခြင်းမပြုလုပ်ရန် တားမြစ်ပိတ်ပင်ထားသည့်ပစ္စည်းအားလုံးကိုဆိုလိုပါသည်။

– ဤဥပဒေစာအုပ်တွင် အသုံးပြုမည့်ဖော်ပြပါစာကားရပ်များအားလုံးကို သေချာစွာသိရှိရန် အရေးကြီးပါသည်။ အကျဉ်းထောင်ဟု ဆိုလိုက်တာနဲ့ အုတ်ရိုး(၄)ထပ်အတွင်းကိုသာ အကျဉ်းထောင်ဟု အမှတ်မထင်မှတ်ယူထား လျှင် မှားပါလိမ့်မည်။ အကျဉ်းထောင်ပရဂုဏ်အတွင်းရှိ မြေနေရာအဆောင်အဦးအားလုံးအကျုံးဝင်ပါသည်။
– အကျဉ်းထောင်အပြင်ဘက်ရှိ အဆောင်အဦးဧည့်ရိပ်သာများတွင် ချုပ်နှောင်ထားပြီး ပြစ်ဒဏ်ကျခံရ၍ ထောင် ဒဏ်ကျခံရသူများအား နိုင်ငံတော်မှလိုအပ်ချက်အရ ၄၀၁(၁) ဖြင့် ပြစ်ဒဏ်ကိုလျော့ပေါ့လွတ်ငြိမ်းခွင့်ပြုသည့် ကိစ္စများတွင် ထောင်ဒဏ်၏အစိတ်အပိုင်းတချို့ကျခံပြီးမှ ကျန်ပြစ်ဒဏ်ကာလကို လွတ်ငြိမ်းခွင့်ပြုသောပုဒ်မဖြစ် သဖြင့် အဆိုပါတရားခံသည်ထောင်တွင်းမရောက်သော်လည်း ထောင်ပရဂုဏ်အတွင်းရှိမြေ အဆောင်အဦး အားလုံးသည် အကျဉ်းထောင်ဟု ဤဥပဒေနှင့်လွတ်မြောက်သည့်နေ့များသည် ထောင်ဒဏ်၌ အကျုံးဝင် ကြောင်း ဥပဒေအရပြဋ္ဌာန်းထားရှိသောကြောင့် ၄၀၁ (၁) အရ လွှတ်ပေးခြင်းမှာအငြင်းပွားရန်မလိုပါ။

– အကျဉ်းကြောင်းမသိရှိသူများအတွက် အငြင်းပွါးစောဒကတက်ဖွယ်ရှိနိုင်သည်ကိုသိရှိစေလိုပါသည်။

– အကျဉ်းထောင်အတွင်း သတ်မှတ်အင်အားထက်ပိုမိုလာခြင်း လျော့ချရန်နှင့် အကျဉ်းသားများကူးစက်မြန်ကပ် ရောဂါများဖြစ်ပွားလာပါက ထောင်အုတ်ရိုးပြင်ပထောင်ပရဂုဏ်အတွင်း ယာယီအမိုးအကာများဖြင့် ယာယီ ဆောက်လုပ်ပြီး အကျဉ်းသားများထားရှိကာ အကျဉ်းထောင်အဖြစ် အသုံးပြုနိုင်သည်။

အပိုင်း(၃)

ထောင်တာဝန်ခံအရာရှိ(Superintendent)ထောင်ပိုင်၏‌တာဝန်ဝတ္တရားများ”

– ထောင်ပိုင်ကိုအကျဉ်းထောင်တိုင်းတွင်အကျဉ်းထောင်ကိစ္စအ၀၀ကို ကြီးကြပ်ဆောင်ရွက်ရန်ညွှန်ကြားရေးမှူး ချုပ်မှခန့်ထားနိုင်သည်။ ထောင်ပိုင်သည်အကျဉ်းထောင်၏ အောက်ဖော်ပြကိစ္စရပ်များကို အဓိကဆောင်ရွက်ရ မည်။
(က) အကျဉ်းထောင်၏အထွေထွေစည်းကမ်းသေဝပ်ရေး
(ခ) အလုပ်အကိုင်နေရာချထားမှုများစီမံဆောင်ရွက်ခြင်း
(ဂ) အကျဉ်းထောင်၏အသုံးစရိတ်များစီမံခန့်ခွဲခြင်း
(ဃ) ပြစ်မှုများအားပြစ်ဒါဏ်စီရင်ချမှတ်ခြင်း
(င) အကျဉ်းထောင်၏ကိစ္စရပ်များထိန်းချုပ်ကွပ်ကဲခြင်း
– ၎င်းအပြင်အကျဉ်းထောင်တာဝန်ခံအရာရှိသည် ညွှန်ကြားရေးမှူးချုပ်၏အမိန့်ညွှန်ကြားချက်များနှင့် ဒေသဆိုင် အာဏာပိုင်အဖွဲ့အစည်းများ၏အမိန့်ညွှန်ကြားချက်များကို လိုက်နာရန်တာဝန်ရှိပြီးလိုက်နာဆောင်ရွက်မှုများ အား ညွှန်ကြားရေးမှူးချုပ်ထံအချိန်နှင့် တ‌ပြေးညီတင်ပြရမည်။
– တာဝန်ခံအရာရှိသည် လက်အောက်အဆင့်ဆင့်အားတိုက်ရိုက်စီမံကွပ်ကဲအုပ်ချုပ်ရန် တာဝန်ရှိသကဲ့သို့ အဆင့်ဆင့်အရာရှိဝန်ထမ်းများအား တာဝန်ခွဲဝေသတ်မှတ်ပြီးတာဝန်ကျသည့်ဌာနစု၏ တာဝန်ဝတ္တရားများအား ကျေညက်စွာသဘောပေါက်အလွတ်ကျက်မှတ်ပြီး တာဝန်ခံအရာရှိမှ အပေါတ်စဉ်တနင်္လာနေ့တိုင်း စစ်ဆေးမေး မြန်းခြင်းဖြင့် အကျဉ်းထောင်တခုလုံး၏လုပ်ငန်းတာဝန်များအား ဥပဒေနှင့်အညီဆောင်ရွက်နိုင်မည်ဖြစ်သည်။
– အရာရှိများဆိုလျှင်လည်းမိမိတာဝန်ဝတ္တရားများကိုဥပဒေပါအတိုင်းကျေညက်စွာသိရှိနေရန်လိုအပ်ပါသည်။
– ဒုတိယတာဝန်ခံ၏တာဝန်ဝတ္တရားများ
– ထောင်မှူးကြီး၏တာဝန်ဝတ္တရားများ
– ထောင်ကျရုံး အချုပ်ရုံး မိန်းဂျေး တံခါးကြီး ရိက္ခာရုံး ငွေစာရင်း အိပ်ဆောင် အဆောင်မှူးတာဝန်ဝတ္တရားများအား တာဝန်ကျအရာရှိများကိုယ်တိုင် ဥပဒေပါအတိုင်းကျက်မှတ်သိရှိ လိုက်နာ ဆောင်ရွက်တတ်ရန်လိုပါသည်။
– တာဝန်ခံအရာရှိမှအပါတ်စဉ်စစ်ဆေးမေးမြန်းကာ ဆုပေး – ဒဏ်ပေးစနစ်ဖြင့်ကွပ်ကဲရန်လိုအပ်ပါသည်။
– စစ်ဆေးမည့်တာဝန်ခံအရာရှိကိုယ်တိုင်လည်းဌာနစုများ၏တာဝန်ဝတ္တရားများကို ဥပဒေပါအတိုင်း လေ့လာသိ ရှိမှသာလျှင် လက်အောက်သို့စစ်ဆေးကြပ်မတ်နိုင်မည်ဖြစ်ပါသည်။
– အနိမ့်ဆုံးအဆင့်အနေဖြင့် အရာရှိတိုင်း မိမိ၏တာဝန်ဝတ္တရားများကို ဘယ်လောက်သိရှိလိုက်နာဆောင်ရွက် နေသည့်ကို အမြဲတမ်းမိမိကိုယ်ကို မလိမ်မညာတမ်းဆန်းစစ်ဖို့လို့ပါသည်။
– မိမိတာဝန်ဝတ္တရားများကိုမသိရှိဘဲ ဖြီးဖြန်းနေလျှင် ထောင်အုပ်ချုပ်ရေးကိုထိခိုက်နိုင်သည်။
– အခြားအဆင့်ဝန်ထမ်းများကိုလည်း မိမိတို့၏တာဝန်ကျသည့်နေရာဌာနအလိုက် တာဝန်ဝတ္တရားများအား လေ့ လာကျက်မှတ်ပြီး ဥပဒေနှင့်အညီဆောင်ရွက်နိုင်ရန်လိုအပ်ပါသည်။
– အလုပ်အကိုင်နေရာချထားရေးနှင့်ပါတ်သက်၍အရာရှိများကိုလည်းလုပ်ငန်းကျွမ်းကျင်မှု ရိုးသားမှု ကြိုးစားမှု များဖြင့် သာတာဝန်ခွဲဝေခိုင်းထားရန် ခြောက်လ တကြိမ် အလှည့်ကျတာဝန်ချထားရန်။
– အခြားအဆင့်ဝန်ထမ်းများကိုလည်း တံခါးကြီး ဗဟိုကင်း မိန်းဂျေးအပြင်ဘုတ် စသည်ဖြင့် အကျဉ်းထောင်၏ အရေးကြီးနေရာများအံဝင်ဂွင်ကျ တာဝန်ချထားနိုင်ရန်တဦးချင်းစီ၏လုပ်ရည်ကိုင်ရည်နှင့်ရိုးသား ကြိုးစားမှုကို အခြေခံကာတာဝန်ချထားရန်လိုအပ်ပါသည်။ နေရာဌာနအလိုက် ဥပဒေပါတာဝန်များရေးသားချိတ်ဆွဲထားရန်။
– အကျဉ်းသားများအားအလုပ်ခွဲဝေရာတွင်ပြစ်မှုပြစ်ဒဏ် ပုဒ်မကိုအခြေခံ၍ လုံခြုံရေးရှုထောင့်မှ အလုပ်ချထား ခြင်း လုပ်ငန်းကျွမ်းကျင်မှုပေါ်အခြေခံ၍အလုပ်ချထားခြင်းများကိုပြုလုပ်ရန်လိုအပ်ပါသည်။
– တာဝန်ခံအရာရှိသည် ငွေထုတ်သူ အရာရှိဖြစ်သည်နှင့်အညီ အကျဉ်းထောင်၏အသုံးစရိတ်များအား လေလွင့် ဆုံးရှုံးမှုမရှိစေရန်တာဝန်ရှိသည်။ ပစ္စည်းဝယ်ယူမှုများနှင့်ပါတ်သက်၍ ဝယ်ယူရေးမူများအရသာ ဝယ်ယူရန်နှင့် ဒေသပေါက်ဈေးနှင့် ဈေးနှုန်းကွာဟချက်မရှိစေရန် အမြဲတမ်း စုံစမ်းတိုက်ဆိုင်စစ်ဆေးပြီး ကွာဟချက်မရှိစေရေး အတွက် စီမံဆောင်ရွက်ရမည်ဖြစ်သည်။ ဒေသပေါက်ဈေးနှင့် မြင့်သောဈေးနှုန်းဖြင့် ငွေပေးချေမှုများမရှိစေရန် အတွက် သတိထားဆောင်ရွက်ရပါသည်။
ဥပမာ – ခွင့်ပြုဈေးနှုန်းမြင့်နေပြီး ဒေသပေါက်ဈေးနိမ့်နေလျှင် သတိထားဆောင်ရွက်သင့်ပါသည်။
– ဒေသပေါက်ဈေးထက်မြင့်မားသော ငွေထုတ်ယူမှုများသည် ပြဿနာပေါ်လာနိုင်ပါသည်။
– အသားကျွေးမွေးမှုများတွင်လည်း လူတဦးအတွက်ရရှိမည့်(၄) အောင်စ ငွေကိုခွင့်ပြုဈေးနှုန်းဖြင့် တွက်ချက် ကာ သတ်မှတ်အသားကိုသာ ဝယ်ယူကျွေးမွေးရန် သတ်မှတ်အသားမစားသူများအား အခြားအသား ဥကျွေး မွေးလျှင် လူတဦး တရက်ခွင့်ပြုငွေနှင့်ညီမျှသော အလေးချိန် အရေအတွက်ကို ကျွေးမွေးရန်လိုအပ်ပါသည်။ ပြဿနာတစုံတရာပေါ်ပေါက်လာလျှင် တာဝန်ရှိသူများအတွက် အလွန်အမင်း အန္တရာယ်များပါသည်။ အထူး သတိပြုရန်လိုအပ်ပါသည်။
– စည်ပင်သာယာတွင် နေ့စဉ်ဒေသပေါက်ဈေး မှတ်တမ်းများရှိပါသည်။ ဒေသ ပေါက်ဈေးနှင့်ညီညွှတ်မျှတရန်နှင့် ပေါက်ဈေးထက်ပိုမိုထုတ်ပေးခြင်းများ အထူးသတိပြုရန်လိုအပ်ပါသည်။
– ယခင်ကဆိုလျှင် ခွင့်ပြုငွေသည် ပေါက်ဈေး၏ တဝက်မျှပင်မရရှိသဖြင့် ပိုမိုထုတ်ပေးခြင်း ပြဿနာမရှိပါ။
– ယခုအခါတွင် လူအခွင့်အရေးကိစ္စများကြောင့် ပေါက်ဈေးထက်မြင့်သော ခွင့်ပြုငွေများ ချထားခြင်းများရှိနေသ ဖြင့် ငွေထုတ်ယူအရာရှိမှာ အန္တရာယ်ရှိနေပါသည်။
– အကျဉ်းထောင်တခုခုမှာ ပြဿနာပေါ်လျှင်အလားတူပြဿနာမျိုး အခြားအကျဉ်းထောင်များတွင်လည်း ရှိ/မရှိ စစ်ဆေးရန်အကြောင်းရှိလာမည်ဖြစ်ပါသည်။
– ထောင်ပိုင်များ မိမိထောင်အတွက်ပစ္စည်းထုတ်ယူမှုများ ဥပဒေ ညွှန်ကြားချက်များနှင့်အညီဆောင်ရွက်နေမှု ရှိ/မရှိနှင့်ဈေးနှုန်းများ ဒေသပေါက်ဈေးနှင့်ကွာဟချက်များ ဆောင်ရွက်ရန်နှင့် အကျဉ်းထောင်အသုံးစရိတ်များ လေလွင့်မှု မရှိစေရန်ထောင်ဥပဒေအရပြဌာန်းထားရှိသည်ကိုသတိထားရန်လိုအပ်ပါသည်။
– ဝန်ထမ်းပြစ်မှုများနှင့်ပတ်သတ်၍သော်လည်းကောင်း အကျဉ်းသားပြစ်မှုများနှင့်သော်လည်းကောင်း ကျူးလွန် သောပြစ်မှုနှင့်ချမှတ်သောပြစ်ဒါဏ်သည် ဥပဒေပါပြဌာန်းချက်နှင့်ကိုက်ညီမှုရှိရန်လိုပါသည်။ ဥပဒေအရ ခွင့်မပြု သော ပြစ်ဒါဏ်ကိုချမှတ်မိသည်ဆိုလျှင် ဖြေရှင်းရခက်မည်ဖြစ်ပါသည်။
ဥပမာ အချုပ်သားတဦးပြစ်မှုဖြစ်ပွားလျှင်ခြေခြင်းခတ်ခြင်း တိုက်ပိတ်ခြင်းများအားအကျဉ်းထောင်လက်စွဲဥပဒေ က ခွင့်ပြုမထားပါ။ ဒါကြောင့် ပြစ်ဒဏ်ချမှတ်မည်ဆိုလျှင် ကျူးလွန်သောပြစ်မှုသည် မိမိ၏စီရင်ပိုင်ခွင့်အာဏာ အတွင်း ကျရောက်ခြင်းရှိ/မရှိနှင့် ချမှတ်ပိုင်ခွင့်ရှိသော ပြစ်ဒါဏ်ဟုတ်မဟုတ်ကို သေချာစွာ သတိထားဆောင် ရွက်ရန်လိုပါသည်။
– အကျဉ်းထောင်အား ထိန်းချုပ်ကွပ်ကဲရသူတာဝန်ခံအရာရှိသည် အကျဉ်းထောင်လုံခြုံရေးအတွက် ဂါတ်မကြီး တွင်အခြေချနေထိုင်ခွင့်ပြုထားခြင်းမှာနာရီနှင့်အမျှပြဿနာဖြစ်ပေါ်နိုင်သော‌ကြောင့်ဖြစ်ပါသည်။ သို့ဖြစ်၍ တာဝန်ခံအရာရှိသည် မိမိသဘောအလျောက်အကျဉ်းထောင်အား စွန့်ခွာ၍သွားလာခြင်းများ ရှောင်ကျဉ်သင့်ပါသည်။
– တာဝန်ခံအရာရှိ၏ အမိန့်ညွှန်ကြားချက်များအား လက်အောက်အရာရှိ ဝန်ထမ်းအဆင့်ဆင့်အလိုက် လိုက်နာ ရန် တာဝန်ရှိကြောင်း အက်ဥပဒေ (၅၉)အရပြဌာန်းထားရှိပါသည်။
– တာဝန်ခံအရာရှိအပါအဝင် အရာရှိဝန်ထမ်းအားလုံး အကျဉ်းထောင်သို့ပေးသွင်းသော ပစ္စည်းများဝယ်ယူခြင်း နှင့် ပေးသွင်းသူများထံမှ အကျိုးအမြတ်ရယူခံစားခွင့်မရှိစေရ တင်းကြပ်စွာတားမြစ်ထားသည်။ မိမိကိုယ်တိုင်မှ လည်း အကျဉ်းထောင်သို့ ပစ္စည်းများပေးသွင်းပြီး အကျိုးအမြတ်ရယူခံစားခွင့်မရှိပါ။တင်ဒါစနစ်ဖြင့်သာ ပစ္စည်း အားလုံးဝယ်ယူပေးသွင်းရမည်ဖြစ်ပါသည်။ မိမိအစီအစဉ်ဖြင့် ပစ္စည်းများပေးသွင်းပြီးကန်ထရိုက်အမည်ခံ၍ ငွေထုတ်ယူခြင်းများမပြုလုပ်ရန်လိုအပ်ပါသည်။ ပြဿနာဖြစ်ပွားလျှင် ပြုလုပ်သူအတွက် ပြစ်ဒဏ်ကြီးမားစွာ ရရှိနိုင်ပါသည်။
– တာဝန်ခံအရာရှိတယောက်အနေဖြင့် ဥပဒေနှင့်မညီညွှတ်သောကိစ္စရပ်များ အထူးရှောင်ရှားသင့်ပါသည်။
– ဌာနဆိုင်ရာသဘောအရ တာဝန်ခံများသည် ဒုတိယတာဝန်ခံများအား နေရာမပေးဘဲ မိမိတစ်ဦးတည်း လက်ဝါးကြီးအုပ်လုပ်ကိုင်ဆောင်ရွက်နေမှုများအား သတိထား ရှောင်ရှားသင့်ပါသည်။ လက်အောက်အရာရှိ ဝန်ထမ်းများသည် တာဝန်ခံအရာရှိကိုယ်ပိုင်လုပ်ငန်းတွင်တာဝန်ထမ်းဆောင်နေခြင်းမဟုတ်ပါ။ တာဝန်ခံနည်းတူ နိုင်ငံတာဝန်ထမ်းဆောင်နေသူဖြစ်သည်ကို အထူးသတိပြုသင့်ပါသည်။ ကျရာတာဝန်များကို ဦးလည်မသုန်ထမ်း ရွက်သင့်ပါသည်။
– တာဝန်ခံအရာရှိသည် အကျဉ်းထောင်လက်စွဲအက်ဥပဒေအပိုဒ် (၁၂) အရ အောက်ဖော်ပြပါအကျဉ်းထောင် မှတ်တမ်းများအားထားရှိဆောင်ရွက်ရမည်။
(က) အကျဉ်းသားမှတ်ပုံတင်စာအုပ်တပုံစံ ၂၁-၂၆
(ခ) အကျဉ်းသားများ၏လွတ်ရက်မှတ်ပုံတင်စာအုပ် ၆၄
(ဂ) အကျဉ်းသားများ၏ထောင်တွင်းပြစ်မှုကျူးလွန်မှုများနှင့် ပြစ်ဒဏ်ပေးမှုမှတ်တမ်းစာအုပ်။
(ဃ) ဧည့်သည်တော်မှတ်တမ်းစာအုပ်။
(င) အကျဉ်းသားများ၏အဖိုးတန်ပစ္စည်းနှင့်အပ်ငွေစာရင်းစာအုပ်။
-အကျဉ်းထောင်များတွင်ပြစ်ဒဏ်ကျအကျဉ်းသားများထံမှ ငွေကြေးတောင်းခံမှုများ လက်အောက်အရာရှိများနှင့် ဝန်ထမ်းများလွယ်လင့်တကူမဆောင်ရွက်နိုင်စေရန်အမြဲမပြတ်ကြပ်မတ်ဆောင်ရွက်နေရန်လိုအပ်ပါသည်။
– ၎င်းပြင်အကျဉ်းထောင်သို့ရောက်ရှိလာသည့် ပြစ်ဒဏ်ကျအကျဉ်းသားများအားလုံးလူသစ်ဘဝတွင်ပင် ၎င်းတို့ ၏ ရပိုက်ခွင့်များ ဥပမာ လျှော့ရက်စည်းမျဉ်းများ ရရှိနိုင်သောသာမန်လျော့ရက်နှင့်အထူးလျော့ရက်များ တနင်္ဂ နွေလျော့ရက် ၃လပါတ် ကွာ လျော့ရက်များ နှစ်ကွာများ သာမန်လျော့ရက်ဖြစ်သည့်အလုပ်ကောင်းလျှင် အကျင့်စာရိတ္တကောင်းလျှင်ရရှိနိုင်သောလျော့ရက်များ စုစုပေါင်း ပြစ်ဒဏ်၃ပုံ၁ပုံထိရရှိနိုင်ကြောင်းတို့ကိုလည်း ကောင်း။
– နိုင်ငံတော်မှအကျဉ်းသားတစ်ဦးအား တနေ့ခွင့်ပြုရိက္ခာနှုန်းထားများ တပါတ်လျှင် အသားစားရက်များ အသား တစ်ဦးတရက်နှုန်းထားများ အသားမစားလျှင် ကြက်ဥစားဆိုလျှင်အသားခွင့်ပြုနှုန်းကျသင့်ငွေဖြင့် ညီမျှသည့် ကြက်ဥအလုံးရေတို့ကိုမှန်ကန်ရရှိစေရန်ရှင်းလင်းပြောကြားထားရန်။
– ပြစ်ဒဏ်ကျအကျဉ်းသားများအား ရဲဘက်ရွေးချယ်ရေးမူများ ဥပမာ ရဲဘက်အကြုံးဝင်သည့်ပုဒ်မ ပြစ်ဒဏ် ကျန်ကာလ အသက်အရွယ်ပမာဏ ကျန်းမာရေးအခြေအနေများကိုရှင်းရှင်းလင်းလင်း ရှင်းပြထားခြင်းဖြင့် အကျဉ်းသားတိုင်းက၎င်းတို့သည်ပုဒ်မအရအကြုံဝင်ခြင်းရှိ/မရှိ ပြစ်ဒဏ်ကျန်ကာလအရအကြုံးဝင်ခြင်းရှိ/မရှိ အသက်အရွယ်အရ ရဲဘက်အကြုံးဝင်/မဝင် ကျန်းမာရေးအရ ရဲဘက်အကြုံးဝင်/မဝင် တို့ကိုငွေကြေးတောင်းခံမှု များမှရှောင်ရှားနိုင်မည်ဖြစ်သည်။

– ၎င်းပြင်ထောင်ဝင်စာကိစ္စ ထောင်တွင်းစည်းကမ်းများကိုပါတပါတည်းရှင်းလင်းပြသထားရန်။
– ထောင်တွင်းပြစ်မှုကျူးလွန်သူ အကျဉ်းသားများအားပြစ်မှုအလိုက်ရရှိမည့် ပြစ်ဒဏ်များအားကြိုတင် အသိပေး ‌ပြောကြားထားရန်။
– အလုပ်နေရာချထားခြင်း ရဲဘက်ထုတ်ခြင်း ရဲဘက်ချန်လှပ်ပေးခြင်း အိပ်ယာနေရာချထားခြင်း ဆေးရုံတက်ခွင့် ထောင်ဝင်စာတွေ့ခွင့်များ ထောင်ပိုင်ကျန်ရက် ကွာအဆင့်အတန်းများအတွက်ငွေကြေးပေးရန်မလိုကြောင်း အကျဉ်းသားတိုင်းသိရှိရန် တာဝန်ခံအရာရှိများ ရှင်းလင်းအသိပေးပြောကြားထားရန်။
– အကျဉ်းထောင်အတွင်းမည်သည့်ကိစ္စအတွက်မှ ငွေကြေးပေးရန်မလိုကြောင်းနှင့် တောင်းခံမှုများအတွက် တာဝန်ခံအရာရှိထံတင်ပြတိုင်ကြားရန်။
– တာဝန်ခံအရာရှိအနေ့ဖြင့်အကျဉ်းသားတိုင်းအား မိမိ၏ နစ်နာချက်များ နှစ်ကိုယ်ခြား သီးခြားတင်ပြခွင့်ပြုပေး ရန်နှင့် တင်ပြချက်များအား ချက်ခြင်းအရေးယူဆောင်ရွက်ပေးလျှင် တခါတရံ တင်ပြသူတွင်အန္တရာယ်ဖြစ်ပေါ် နိုင်သဖြင့် အခြားအကျဉ်းသားနှင့် ဝန်ထမ်းများသတိမထားမိစေရန် သတိထားအရေးယူမှုများပြုလုပ်ရန် လိုအပ် သည်။
– တင်ပြချက်ကြောင့် အရေးယူခံရသူအားချက်ခြင်း အပြစ်ပေးအရေးယူလျှင် တင်ပြသူအားရန်ရှာနိုင်သည်ကို အထူးသတိပြုရမည်။
– တာဝန်ခံအရာရှိများအထောင်အုပ်ချုပ်ရေးအောင်မြင်စေရန် လက်အောက်အရာရှိဝန်ထမ်း အကျဉ်းသားများ၏ တာဝန်နှင့်ရပိုင်ခွင့်များအား ရှင်းရှင်းလင်းလင်းပြောကြားထားရန်နှင့် ပြစ်မှုဖြစ်ပွားလျှင်ပြစ်ဒါဏ်အပေးခံရမှုများ ကိုလည်း ရှင်းလင်းပြောကြားထားရန်လိုပါသည်။
– အကျဉ်းထောင်တာဝန်ခံအရာရှိတစ်ဦးသည်အုပ်ချုပ်ရေးအောင်မြင်ရန်အတွက် ကိုယ်ကျင့်တရားကောင်းမွန်မှု ထောင်ဥပဒေပညာရပ်များသိရှိကျွမ်းကျင်မှုဖြင့် လက်အောက်အရာရှိ ဝန်ထမ်းနှင့် အကျဉ်းသားများ၏ ယုံကြည် ကိုးစားမှုကို ရယူနိုင်သည်။
– ထောင်ပိုင်ကို အတွေ့အကြုံအရ(၂)မျိုးရှိကြောင်း ငွေနောက်သို့လိုက်လျှင် နာမည်ကောင်းနှင့် ရာထူးမရနိုင်ပါ။ ရာထူးနှင့်နာမည်ကောင်းလိုချင်လျှင် ငွေကြေးမရနိုင်ပါ။
– တချိန်တည်းမှာငွေကြေးရော နာမည်ကောင်းနှင့်ရထူးရော မရရှိနိုင်ကြောင်းသေချာပါသည်။ ဒါကြောင့် မကောင်းမှုနှင့် ကျော်ကြားချင်လား ကောင်းသတင်းနှင့် ကျော်ကြားချင်လား လမ်းနှစ်သွယ်ကို မိမိဘာသာရွေး ချယ်တတ်ရမည်ဖြစ်ပါသည်။ မိမိနှင့် မိမိမိသားစု မိမိဌာန၏ဂုဏ်သိက္ခာကို အမိအရ ရယူနိုင်သော တာဝန်ခံဖြစ် နိုင်စေရန် ရွေးချယ်မှုမှန်ကန်ဖို့လိုပါသည်။

အပိုင်း(၄)

ဆက်လက်ဖော်ပြမည်။
ဆောင်းပါးရှင် ဦးသန်းစိုးသည် အကျဉ်းဦးစီးဌာန၌ ညွှန်ကြားရေးမှူး(ငြိမ်း)တာဝန်ကို ထမ်းဆောင်ခဲ့သူတစ်ဦး ဖြစ်သည်။

#PeopleMedia #အကျဉ်းထောင


Share this post