• Follow Us on
Latest News

Home ယခုေရြးေကာက္ပြဲတြင္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ေတာင္ၿပိဳကမ္းၿပိဳအနိုင္ရရွိခဲ့သည့္အတြက္ အစိုးရအဖြဲ႕ ဖြဲ႕စည္းခြင့္ရရွိမည္ျဖစ္သည္။ ထိုသို႔ ဖြဲ႕စည္းလွ်င္ တိုင္းရင္းသားပါတီမ်ားမွ အနိုင္ရရွိသူမ်ားကို အစိုးရအဖြဲ႕တြင္ ထည့္သြင္းဖြဲ႕စည္းရန္ရွိမရွိကို NLD ပါတီ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာမ်ိဳးညြန႔္ကို People Media မွ ဆက္သြယ္ေမးျမန္းခဲ့သည္။

ယခုေရြးေကာက္ပြဲတြင္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ေတာင္ၿပိဳကမ္းၿပိဳအနိုင္ရရွိခဲ့သည့္အတြက္ အစိုးရအဖြဲ႕ ဖြဲ႕စည္းခြင့္ရရွိမည္ျဖစ္သည္။ ထိုသို႔ ဖြဲ႕စည္းလွ်င္ တိုင္းရင္းသားပါတီမ်ားမွ အနိုင္ရရွိသူမ်ားကို အစိုးရအဖြဲ႕တြင္ ထည့္သြင္းဖြဲ႕စည္းရန္ရွိမရွိကို NLD ပါတီ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာမ်ိဳးညြန႔္ကို People Media မွ ဆက္သြယ္ေမးျမန္းခဲ့သည္။

Share this post

ေမး ။ ။ ဆရာတို႔ထုတ္ျပန္ခ်က္ထဲမွာလည္းပါတာေပါ့ေနာ္ တိုင္းရင္သားဆႏၵေတြကို အေလးထား ေဆာင္ရြက္မယ္ဆိုတာ အခုအေျခအေနက အစိုးရလည္း ဖြဲ႕နိုင္ၿပီဆိုေတာ့ တိုင္းရင္းသားေတြကို ဘယ္လိုေနရာေတြမွာေပးဖို႔ စီစဥ္ထားလဲ။

ေျဖ ။ ။ ကၽြန္ေတာ္တို႔ စာမွာက အနာဂတ္ ျပည္ေထာင္စုျဖစ္တည္ေရးအတြက္ကို အဓိကထားၿပီး ေျပာတာပါ၊ လက္ရွိမွာေတာ့ ဘယ္လိုလုပ္မယ္ဆိုတာ ေဆြးေႏြးတုန္းရွိပါေသးတယ္၊ ဆုံးျဖတ္ခ်က္မခ်ေသးပါဘူး၊ အဲ့ေတာ့ လက္တေလာမွာ ဘာလုပ္မယ္ ဘယ္လိုေနရာေပးမယ္ဆိုတာကေတာ့ ကၽြန္ေတာ္မွတ္ခ်က္မေပးနိုင္ပါဘူး။

ေမး ။ ။ တိုင္းရင္းသားေရးရာဝန္ႀကီးဌာနအပါအဝင္ ၀န္ႀကီးဌာနေတြကိုေျပာင္းလဲဖို႔ရွိလား။

ေျဖ။ ။ ကၽြန္ေတာ္တို႔ကေတာ့ ဝန္ႀကီးဌာနတိုင္းကို ၂၀၁၅ အလြန္ ၅ ႏွစ္ထက္ ပိုၿပီးေတာ့ ထိေရာက္တဲ့ အေနအထားမ်ိဳးျဖစ္ေအာင္ ေဆာင္ရြက္သြားဖို႔ေတာ့ ရည္မွန္းခ်က္ရွိပါတယ္၊ ဘယ္လိုလုပ္မယ္ဆိုတာကေတာ့ အေသးစိတ္ေဆြးေႏြးၿပီးေတာ့မွ ဆုံးျဖတ္ခ်က္ခ်မွာပါ။

ေမး။ ။ ၿပီးခဲ့တဲ့ရက္ပိုင္းက ဆရာတို႔ ထုတ္ျပန္ခ်က္မွာ တိုင္းရင္းသားဆႏၵေတြကို အေလးထားမယ္ဆိုတာ ၂၀၁၅ တုန္းကတည္းက လုပ္သင့္တာလို႔ ေျပာေနတဲ့ေပၚမွာ ဘာေျပာခ်င္လဲ

ေျဖ။ ။ နိုင္ငံေရးဆိုတာ တိုင္ပင္အေရးႀကီးပါတယ္၊ အခ်ိန္ကိုက္ လုပ္ေဆာင္နိုင္ဖို႔လိုပါတယ္၊ အေျခအေန အခ်ိန္အခါက ခြင့္ျပဳတာေပၚမူတည္ၿပီး လုပ္ေဆာင္ရပါတယ္။

ေမး ။ ။ ျပည္သူလူထုနဲ႔ တိုင္းရင္းသားေတြေပၚမွာ ဘာမ်ားသတင္းစကားပါးခ်င္ပါသလဲ

ေျဖ ။ ။ ကၽြန္ေတာ္တို႔အေနနဲ႔ ကၽြန္ေတာ္တို႔ရဲ႕ကတိကဝတ္ေတြကို အေျခအေန အခ်ိန္အခါက ခြင့္ျပဳတဲ့ အတိုင္းအတာျဖစ္ေအာင္ အစြမ္းကုန္ႀကိဳးစားသြားမယ္ဆိုတာ ျပည္သူေတြကို ကတိစကားေပးနိုင္ပါတယ္။ တိုင္းရင္းသားေတြနဲ႔ပတ္သက္ၿပီးလည္း ကၽြန္ေတာ္တို႔ ထုတ္ျပန္စာထဲမွာလည္း ပါပါတယ္၊ ဒီမိုကေရစီ ဖယ္ဒ ရယ္ျပည္ေထာင္စုကို ရရွိေအာင္ ႀကိဳးစားမယ္ဆိုတာ ပါၿပီးသားပါ၊ ကၽြန္ေတာ္တို႔ ဒီမိုကေရစီအရင္လား၊ ဖယ္ဒရယ္အရင္လားဆိုတာ ဝိဝါဒကြဲျပားမႈေၾကာင့္ ကၽြန္ေတာ္တို႔ အားလုံးယုံၾကည္တဲ့ ဒီမိုကေရစီအခြင့္အေရး ေတြလည္းရွိမယ္၊ ဖက္ဒရယ္ရပိုင္ခြင့္ေတြလည္းရွိမယ့္ ျပည္ေထာင္စုကို ပူးေပါင္းေဆာင္ရြက္ရာမွာ အဟန႔္အ တား မျဖစ္ေစခ်င္ပါဘူး။

#PeopleMedia

(unicode)
ယခုရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တောင်ပြိုကမ်းပြိုအနိုင်ရရှိခဲ့သည့်အတွက် အစိုးရအဖွဲ့ ဖွဲ့စည်းခွင့်ရရှိမည်ဖြစ်သည်။ ထိုသို့ ဖွဲ့စည်းလျှင် တိုင်းရင်းသားပါတီများမှ အနိုင်ရရှိသူများကို အစိုးရအဖွဲ့တွင် ထည့်သွင်းဖွဲ့စည်းရန်ရှိမရှိကို NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကို People Media မှ ဆက်သွယ်မေးမြန်းခဲ့သည်။

မေး ။ ။ ဆရာတို့ထုတ်ပြန်ချက်ထဲမှာလည်းပါတာပေါ့နော် တိုင်းရင်သားဆန္ဒတွေကို အလေးထား ဆောင်ရွက်မယ်ဆိုတာ အခုအခြေအနေက အစိုးရလည်း ဖွဲ့နိုင်ပြီဆိုတော့ တိုင်းရင်းသားတွေကို ဘယ်လိုနေရာတွေမှာပေးဖို့ စီစဉ်ထားလဲ။

ဖြေ ။ ။ ကျွန်တော်တို့ စာမှာက အနာဂတ် ပြည်ထောင်စုဖြစ်တည်ရေးအတွက်ကို အဓိကထားပြီး ပြောတာပါ၊ လက်ရှိမှာတော့ ဘယ်လိုလုပ်မယ်ဆိုတာ ဆွေးနွေးတုန်းရှိပါသေးတယ်၊ ဆုံးဖြတ်ချက်မချသေးပါဘူး၊ အဲ့တော့ လက်တလောမှာ ဘာလုပ်မယ် ဘယ်လိုနေရာပေးမယ်ဆိုတာကတော့ ကျွန်တော်မှတ်ချက်မပေးနိုင်ပါဘူး။

မေး ။ ။ တိုင်းရင်းသားရေးရာဝန်ကြီးဌာနအပါအဝင် ဝန်ကြီးဌာနတွေကိုပြောင်းလဲဖို့ရှိလား။

ဖြေ။ ။ ကျွန်တော်တို့ကတော့ ဝန်ကြီးဌာနတိုင်းကို ၂၀၁၅ အလွန် ၅ နှစ်ထက် ပိုပြီးတော့ ထိရောက်တဲ့ အနေအထားမျိုးဖြစ်အောင် ဆောင်ရွက်သွားဖို့တော့ ရည်မှန်းချက်ရှိပါတယ်၊ ဘယ်လိုလုပ်မယ်ဆိုတာကတော့ အသေးစိတ်ဆွေးနွေးပြီးတော့မှ ဆုံးဖြတ်ချက်ချမှာပါ။

မေး။ ။ ပြီးခဲ့တဲ့ရက်ပိုင်းက ဆရာတို့ ထုတ်ပြန်ချက်မှာ တိုင်းရင်းသားဆန္ဒတွေကို အလေးထားမယ်ဆိုတာ ၂၀၁၅ တုန်းကတည်းက လုပ်သင့်တာလို့ ပြောနေတဲ့ပေါ်မှာ ဘာပြောချင်လဲ

ဖြေ။ ။ နိုင်ငံရေးဆိုတာ တိုင်ပင်အရေးကြီးပါတယ်၊ အချိန်ကိုက် လုပ်ဆောင်နိုင်ဖို့လိုပါတယ်၊ အခြေအနေ အချိန်အခါက ခွင့်ပြုတာပေါ်မူတည်ပြီး လုပ်ဆောင်ရပါတယ်။

မေး ။ ။ ပြည်သူလူထုနဲ့ တိုင်းရင်းသားတွေပေါ်မှာ ဘာများသတင်းစကားပါးချင်ပါသလဲ

ဖြေ ။ ။ ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ရဲ့ကတိကဝတ်တွေကို အခြေအနေ အချိန်အခါက ခွင့်ပြုတဲ့ အတိုင်းအတာဖြစ်အောင် အစွမ်းကုန်ကြိုးစားသွားမယ်ဆိုတာ ပြည်သူတွေကို ကတိစကားပေးနိုင်ပါတယ်။ တိုင်းရင်းသားတွေနဲ့ပတ်သက်ပြီးလည်း ကျွန်တော်တို့ ထုတ်ပြန်စာထဲမှာလည်း ပါပါတယ်၊ ဒီမိုကရေစီ ဖယ်ဒ ရယ်ပြည်ထောင်စုကို ရရှိအောင် ကြိုးစားမယ်ဆိုတာ ပါပြီးသားပါ၊ ကျွန်တော်တို့ ဒီမိုကရေစီအရင်လား၊ ဖယ်ဒရယ်အရင်လားဆိုတာ ဝိဝါဒကွဲပြားမှုကြောင့် ကျွန်တော်တို့ အားလုံးယုံကြည်တဲ့ ဒီမိုကရေစီအခွင့်အရေး တွေလည်းရှိမယ်၊ ဖက်ဒရယ်ရပိုင်ခွင့်တွေလည်းရှိမယ့် ပြည်ထောင်စုကို ပူးပေါင်းဆောင်ရွက်ရာမှာ အဟန့်အ တား မဖြစ်စေချင်ပါဘူး။

#PeopleMedia


Share this post