• Follow Us on

Home ယခုႏွစ္အကုန္တြင္ ဗိုင္းရပ္စ္ကာကြယ္ေဆး အလုံးေရ သန္း ၆၀၀ ေက်ာ္ ထုတ္လုပ္နိုင္မည္ဟု တ႐ုတ္နိုင္ငံ ေျပာ

ယခုႏွစ္အကုန္တြင္ ဗိုင္းရပ္စ္ကာကြယ္ေဆး အလုံးေရ သန္း ၆၀၀ ေက်ာ္ ထုတ္လုပ္နိုင္မည္ဟု တ႐ုတ္နိုင္ငံ ေျပာ

Share this post

နိုင္ငံတကာ၊ စက္တင္ဘာ ၂၆
ယခုႏွစ္အကုန္တြင္ ကိုရိုနာဗိုင္းရပ္စ္ကာကြယ္ေဆး အလုံးေရ သန္း ၆၀၀ ေက်ာ္ ထုတ္လုပ္နိုင္မည္ဟု ေမၽွာ္မွန္းရေၾကာင္း တ႐ုတ္အစိုးရက ေျပာသည္။
တ႐ုတ္နိုင္ငံ၌ ထုတ္လုပ္ဆဲ အလားအလာရွိေသာ ဗိုင္းရပ္စ္ကာကြယ္ေဆး ၁၁ မ်ိဳးအနက္ ေလးမ်ိဳးမွာ လက္ေတြ႕စမ္းသပ္သည့္ ေနာက္ဆုံးအဆင့္ ေရာက္ရွိေနေၾကာင္း တ႐ုတ္ သိပၸံႏွင့္နည္းပညာဝန္ႀကီးဌာနမွ အႀကီး တန္းတာဝန္ရွိသူတစ္ဦး ယုယြမ္ဘင္က သတင္းစာရွင္းလင္းပြဲတစ္ခု၌ ေျပာၾကားခဲ့သည္။
ဗိုင္းရပ္စ္ကာကြယ္ေဆးမ်ား အၿပီးသတ္အဆင့္ စမ္းသပ္မႈမ်ားကို တ႐ုတ္နိုင္ငံျပင္ပ၌ လုပ္ေဆာင္ေန ေၾကာင္း ၄င္းက ေျပာသည္။
နိုင္ငံပိုင္ China National Biotech Group က ထုတ္လုပ္လ်က္ရွိေသာ အလားအလာရွိ ကာကြယ္ေဆး ေလးမ်ိဳးအနက္ ႏွစ္မ်ိဳးကို အေရွ႕အလယ္ပိုင္းေဒသ၌ လူေပါင္း ၃၅၀၀၀ ေက်ာ္ကို ထိုးေပးခဲ့ရာ ထူးျခားေသာျပႆ နာမ်ား မရွိခဲ့ဟု ၄င္းက ဆိုသည္။
Sinovac Biotech က ထုတ္လုပ္သည့္ အလားအလာေကာင္းေသာ ဗိုင္းရပ္စ္ကာကြယ္ေဆးတစ္မ်ိဳးမွာ ေတာင္အေမရိကႏွင့္ အေရွ႕ေတာင္အာရွေဒသ၌ ေနာက္ဆုံးစမ္းသပ္မႈအဆင့္ ေရာက္ရွိေနသလို CanSino Biologics ႏွင့္ တ႐ုတ္ျပည္သူ႔လြတ္ေျမာက္ေရးတပ္မေတာ္တို႔ ပူးတြဲထုတ္လုပ္သည့္ ဗိုင္းရပ္စ္ကာကြယ္ေဆးတစ္ မ်ိဳးမွာ အာရွႏွင့္ ဥေရာပတိုက္၌ အၿပီးသတ္စမ္းသပ္မႈအဆင့္ ေရာက္ရွိေနသည္ဟု ၄င္းက ဆိုသည္။
ဗိုင္းရပ္စ္ကာကြယ္ေဆးမ်ား၌ ေဘးထြက္ဆိုးက်ိဳးမ်ားမရွိေၾကာင္း ပညာရွင္တစ္ဦးက သတင္းစာရွင္း လင္းပြဲ၌ ေျပာၾကားခဲ့သည္။
တ႐ုတ္နိုင္ငံက ယခုႏွစ္အကုန္တြင္ ဗိုင္းရပ္စ္ကာကြယ္ေဆး အလုံးေရ သန္း ၆၁၀ ထုတ္လုပ္နိုင္ဖြယ္ရွိဟု အမ်ိဳးသားက်န္းမာေရးေကာ္မရွင္၊ ေဆးဘက္သိပၸံႏွင့္နည္းပညာ ဖြံ့ၿဖိဳးေရးဗဟိုဌာန၏ ညႊန္ၾကားေရးမႉး က်န္ ေက်ာင္ေဝက ေျပာၾကားခဲ့သည္။
၂၀၂၁ ခုႏွစ္တြင္ တ႐ုတ္နိုင္ငံ၏ ဗိုင္းရပ္စ္ကာကြယ္ေဆး ထုတ္လုပ္နိုင္မႈပမာဏက အလုံးေရ တစ္ဘီလီ ယံေက်ာ္အထိ ေရာက္ရွိမည္ဟု သူက ဆိုသည္။
–ကိုးကား–
အင္န္အိတ္ခ်္ေက
Ref; China: 600 mil. doses of vaccine by year-end

(UNICODE)

ယခုနှစ်အကုန်တွင် ဗိုင်းရပ်စ်ကာကွယ်ဆေး အလုံးရေ သန်း ၆၀၀ ကျော် ထုတ်လုပ်နိုင်မည်ဟု တရုတ်နိုင်ငံ ပြော
နိုင်ငံတကာ၊ စက်တင်ဘာ ၂၆
ယခုနှစ်အကုန်တွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး အလုံးရေ သန်း ၆၀၀ ကျော် ထုတ်လုပ်နိုင်မည်ဟု မျှော်မှန်းရကြောင်း တရုတ်အစိုးရက ပြောသည်။
တရုတ်နိုင်ငံ၌ ထုတ်လုပ်ဆဲ အလားအလာရှိသော ဗိုင်းရပ်စ်ကာကွယ်ဆေး ၁၁ မျိုးအနက် လေးမျိုးမှာ လက်တွေ့စမ်းသပ်သည့် နောက်ဆုံးအဆင့် ရောက်ရှိနေကြောင်း တရုတ် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ အကြီး တန်းတာဝန်ရှိသူတစ်ဦး ယုယွမ်ဘင်က သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြားခဲ့သည်။
ဗိုင်းရပ်စ်ကာကွယ်ဆေးများ အပြီးသတ်အဆင့် စမ်းသပ်မှုများကို တရုတ်နိုင်ငံပြင်ပ၌ လုပ်ဆောင်နေ ကြောင်း ၄င်းက ပြောသည်။
နိုင်ငံပိုင် China National Biotech Group က ထုတ်လုပ်လျက်ရှိသော အလားအလာရှိ ကာကွယ်ဆေး လေးမျိုးအနက် နှစ်မျိုးကို အရှေ့အလယ်ပိုင်းဒေသ၌ လူပေါင်း ၃၅၀၀၀ ကျော်ကို ထိုးပေးခဲ့ရာ ထူးခြားသောပြဿ နာများ မရှိခဲ့ဟု ၄င်းက ဆိုသည်။
Sinovac Biotech က ထုတ်လုပ်သည့် အလားအလာကောင်းသော ဗိုင်းရပ်စ်ကာကွယ်ဆေးတစ်မျိုးမှာ တောင်အမေရိကနှင့် အရှေ့တောင်အာရှဒေသ၌ နောက်ဆုံးစမ်းသပ်မှုအဆင့် ရောက်ရှိနေသလို CanSino Biologics နှင့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်တို့ ပူးတွဲထုတ်လုပ်သည့် ဗိုင်းရပ်စ်ကာကွယ်ဆေးတစ် မျိုးမှာ အာရှနှင့် ဥရောပတိုက်၌ အပြီးသတ်စမ်းသပ်မှုအဆင့် ရောက်ရှိနေသည်ဟု ၄င်းက ဆိုသည်။
ဗိုင်းရပ်စ်ကာကွယ်ဆေးများ၌ ဘေးထွက်ဆိုးကျိုးများမရှိကြောင်း ပညာရှင်တစ်ဦးက သတင်းစာရှင်း လင်းပွဲ၌ ပြောကြားခဲ့သည်။
တရုတ်နိုင်ငံက ယခုနှစ်အကုန်တွင် ဗိုင်းရပ်စ်ကာကွယ်ဆေး အလုံးရေ သန်း ၆၁၀ ထုတ်လုပ်နိုင်ဖွယ်ရှိဟု အမျိုးသားကျန်းမာရေးကော်မရှင်၊ ဆေးဘက်သိပ္ပံနှင့်နည်းပညာ ဖွံ့ဖြိုးရေးဗဟိုဌာန၏ ညွှန်ကြားရေးမှူး ကျန် ကျောင်ဝေက ပြောကြားခဲ့သည်။
၂၀၂၁ ခုနှစ်တွင် တရုတ်နိုင်ငံ၏ ဗိုင်းရပ်စ်ကာကွယ်ဆေး ထုတ်လုပ်နိုင်မှုပမာဏက အလုံးရေ တစ်ဘီလီ ယံကျော်အထိ ရောက်ရှိမည်ဟု သူက ဆိုသည်။
–ကိုးကား–
အင်န်အိတ်ချ်ကေ
Ref; China: 600 mil. doses of vaccine by year-end


Share this post