• Follow Us on

Home ယခုနှစ်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စိတ်ကြွရူးသွပ်ဆေးပြား (၁၉၃) သန်းကျော် အပါအဝင် မူးယစ် ဆေးဝါးမျိုးစုံ တန်ဖိုးကျပ် (၉၄၇) ဘီလီယံကျော် ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးပြောကြား

ယခုနှစ်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စိတ်ကြွရူးသွပ်ဆေးပြား (၁၉၃) သန်းကျော် အပါအဝင် မူးယစ် ဆေးဝါးမျိုးစုံ တန်ဖိုးကျပ် (၉၄၇) ဘီလီယံကျော် ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးပြောကြား

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၂၂ (People Media)

 

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရရှိမှုမှာ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၂၀ ရက်အထိ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၃ ဒသမ ၃ သန်းကျော်အပါအဝင် မူးယစ်ဆေးဝါးမျိုးစုံနှင့်  ဓာတုပစ္စည်း များ စုစုပေါင်းတန်ဖိုးငွေကျပ် ၉၄၇ ဘီလီယံကျော် ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က ပြောသည်။

 

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အစည်း အဝေး(၁/၂၀၂၁) ကို ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်ခန်းမ၌ ကျင်းပခဲ့ သည်။

 

မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးလုပ်ငန်းများကို စီမံချက်များရေးဆွဲဆောင်ရွက်ခဲ့ရာ ဖမ်းဆီးရမိမှု ကိန်း ဂဏန်းများ နှစ်စဉ်များပြားနေသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအထူး စစ်ဆင်ရေးများကို ယနေ့အချိန်ထိ (၃၄) ကြိမ် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှုကြောင့် မြန်မာနိုင်ငံ၏ ဘိန်းစိုက်ပျိုးမှု နှစ်စဉ်ကျဆင်းလျက်ရှိရာ ၂၀၁၉ ခုနှစ်တွင် ဟက်တာ ၃၃၁၀၀ နှင့် ၂၀၂၀ ပြည့်နှစ်တွင် ဟက်တာ ၂၉၅၀၀ အထိ ကျဆင်းခဲ့ပြီး ထုတ်လုပ်မှုအနေဖြင့် ၂၀၁၉ ခုနှစ်တွင် ၅၀၈ မက်ထရစ်တန်နှင့် ၂၀၂၀ ပြည့်နှစ်တွင် ၄၀၅ မက်ထရစ်တန်ထိ ကျဆင်းခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးက ပြောသည်။

 

တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အကောက်ခွန်ဦးစီးဌာနတို့က အရှိန် အဟုန်မြှင့် ဆောင်ရွက်ခဲ့ရာ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၂၀ ရက်အထိ ဘိန်း ၂ ဒသမ ၂ တန် ကျော်၊ ဘိန်းဖြူ ၂ ဒသမ ၄ တန်ကျော်၊  စိတ်ကြွရူးသွပ်ဆေးပြား ၁၉၃ ဒသမ ၃ သန်းကျော်၊ အိုက် ၁၃ ဒသမ ၅ တန်ကျော်၊ ကတ်တမင်း ၇၆၂ ကီလိုအပါအဝင် မူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်းများ စုစုပေါင်းတန်ဖိုးငွေကျပ် ၉၄၇ ဘီလီယံကျော် ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးက ပြောသည်။

 

မူးယစ်ဆေးဝါးထုတ်လုပ်မှု လျှော့ချနိုင်ရန် ဓာတုပစ္စည်းများ ထိန်းချုပ်ရေးကဏ္ဍသည် အဓိကကျသည့်အတွက် တရားမဝင်ဓာတုပစ္စည်းများ နယ်စပ်ဒေသမှဝင်ရောက်လာမှုကို တားမြစ်ထိန်းချုပ်နိုင်ရေးသည် ပိုမိုအရေးကြီး လာကြောင်း၊ မူးယစ်ဆေးဝါးပြဿနာသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို အဟန့်အတားဖြစ်စေသည့် အတွက် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူပြီး ကိုယ်စီတာဝန်ရှိသည်ဟူသော အသိဖြင့် ပူးပေါင်းဆောင် ရွက်ကြရန်လိုကြောင်း ပြည်ထဲရေးဝန်ကြီးက ပြောကြားခဲ့သည်။

 

Photo – ပုံအဟောင်း အသုံးပြုထားသည်။

 

#PeopleMedia #မူးယစ်ဆေးဝါး #ပြည်ထဲရေး

 

(unicode)


………………………………………………………………

 


 


 


 


 


 


 


 



Share this post