• Follow Us on
Latest News

Home ယင်းမာပင်မြို့နယ်ရှိ PDF အဖွဲ့ဝင်အချို့ တပ်မတော်နှင့် ပူးပေါင်းပြီးနောက် ဗိုလ်သံမဏိ ခေါ် ဦးသောပါက၏ စခန်း ရှင်းလင်းခံရ

ယင်းမာပင်မြို့နယ်ရှိ PDF အဖွဲ့ဝင်အချို့ တပ်မတော်နှင့် ပူးပေါင်းပြီးနောက် ဗိုလ်သံမဏိ ခေါ် ဦးသောပါက၏ စခန်း ရှင်းလင်းခံရ

Share this post

ယင်းမာပင်၊ မတ် ၂၃

 

မတ်လ ၂၂ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ ထန်းတောကြီးကျေးရွာအနီးရှိ ဗိုလ်သံမဏိ ခေါ် ဦးသောပါက စခန်း ရှင်းလင်းခံလိုက်ရကြောင်း PDF အဖွဲ့ဝင်တစ်ဦးက ပြောသည်။

 

“ဗိုလ်သံမဏိ အဖွဲ့ထဲမှာရှိတဲ့ PDF အဖွဲ့ဝင်တွေက အဖွဲ့ထဲမှာ သဘောထားကွဲလွဲမှုတွေရှိပြီး သူတို့ရဲ့ လုံ ခြုံရေးအရ တပ်ဘက်ကို သွားပြီးပူးပေါင်းတယ်။ ဗိုလ်သံမဏိအဖွဲ့ထဲမှာက အချင်းချင်း လုံခြုံမှုမရှိတော့တဲ့ အခြေအနေမှာ ရောက်နေပြီ။ သူ့အဖွဲ့ကနေ အခြား PDF အဖွဲ့ကို ဘက်ပြောင်းရင်လည်း မိရင် အသေ သတ်တာ။ အဲ့ဒီတော့ သူတို့က လုံခြုံရေးအတွက် ဘက်ပြောင်းသွားတာ” လို့ PDF အဖွဲ့ဝင်တစ်ဦးက ပြော သည်။

 

ဖြစ်စဉ်မှာ ယင်းမာပင်မြို့နယ်၊ ထန်းတောကြီးကျေးရွာအနီးရှိ စခန်းတစ်ခု၌ ဗိုလ်သံမဏိရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးအဖွဲ့နှင့် PDF အဖွဲ့ဝင်တို့ပူးပေါင်းတိုက်ခိုက်ရာတွင် ဗိုလ်သံမဏိ ထွက်ပြေးလွတ် မြောက်သွားပြီး စခန်းရှိ လက်နက်များကို လုံခြုံရေးအဖွဲ့က ရရှိလိုက်ကြောင်း သိရှိရသည်။

 

အဆိုပါ စခန်းအတွင်းမှ ပျောက်ကျားအင်္ကျီ ၃၀ ထည်၊ လက်လုပ်မိုင်း ၁၃ လုံး၊ ဒရုန်းအားသွင်းခုံ ၁ ခု၊ အိုက်ကွန်အားသွင်းခုံ ၁ ခု၊ NLD အလံ ၁ ခု၊ ဆေးပတ်တီးမျိုးတို့ သိမ်းဆည်းရမိကြောင်း သိရသည်။

 

(unicode)


……………………………………….

 


 


 


 


 



Share this post