• Follow Us on
Latest News

Home ယင်းမာပင်မြို့နယ်၌ မုံရွာခရိုင်ပညာရေးမှူး-ငြိမ်း ဆရာကြီး ဦးသန်းညိုအပါအဝင် ကျေးရွာသား ၃ ဦးကို PDF အဖွဲ့မှ လုပ်ကြံသတ်ဖြတ်

ယင်းမာပင်မြို့နယ်၌ မုံရွာခရိုင်ပညာရေးမှူး-ငြိမ်း ဆရာကြီး ဦးသန်းညိုအပါအဝင် ကျေးရွာသား ၃ ဦးကို PDF အဖွဲ့မှ လုပ်ကြံသတ်ဖြတ်

Share this post

ယင်းမာပင်၊ မတ် ၂၂

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းပင်မြို့၊ မရကန်ကျေးရွာ၌ နေထိုင်သည့်(မုံရွာခရိုင်ပညာရေးမှူး-ငြိမ်း) ဆရာကြီး ဦးသန်းညိုအပါအဝင် ကျေးရွာသား ၃ ဦးကို PDF အဖွဲ့က လုပ်ကြံသတ်ဖြတ်လိုက်ကြောင်း ဒေသခံများက ပြောဆိုသည်။

 

ဖြစ်စဉ်မှာ မတ်လ ၂၁ ရက် နံနက် ၁၀ နာရီခန့်က ယင်းမာပင်မြို့၊ မရကန်ကျေးရွာ၊ ဆရာကြီး ဦးသန်းညို၏ နေအိမ်သို့ PDF အဖွဲ့မှ ရောက်ရှိလာပြီး သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့သလို ကျန်ရွာသား ၃ ဦးကို PDF အဖွဲ့က မရကန်ကျေးရွာရှိ သုဿန်သို့ ခေါ်ဆောင်သွားပြီး သတ်ဖြတ်ခဲ့သည်။

 

“မနေ့က ဆရာကြီးအပါအဝင် ၄ ယောက်အသတ်ခံရတာ။ ကျန် ၃ ယောက်ကတော့ သုဿန်မှာ အသတ်ခံ ရတာ။ ဆရာကြီးတို့အိမ်က TV၊ ဆိုင်ကယ်၊ ရွှေ၊ ပိုက်ဆံတို့ ယူသွားကြတယ်။ အကုန်လုံးကို မနေ့ကပဲ သဂြိုလ်လိုက်တယ်” လို့ ဒေသခံတစ်ဦးက ပြောသည်။

 

ထိုလုပ်ကြံခံရသည့် ဆရာကြီး ဦးသန်းညိုသည် (မုံရွာမြို့ ခရိုင်ပညာရေးမှူး-ငြိမ်း)တစ်ဦးဖြစ်သလို အများ ကြည်ညိုခြင်းခံရသူဖြစ်သည်။

 

#PeopleMedia #ယင်းမာပင်မြို့

 

(unicode)


……………………………………….

 


 


 


 


 


 



Share this post