• Follow Us on

Home ယင်းမာပင်မြို့နယ်၌ PDF အဖွဲ့က မိုင်တဲတာဝါတိုင်များကို ဖြိုလှဲပြီး လက်လုပ်သေနတ်၊ လက်လုပ်စိန်ပြောင်း နှင့် ဖောက်ခွဲသုံးပစ္စည်းများ ပြုလုပ်နေဟုဆို

ယင်းမာပင်မြို့နယ်၌ PDF အဖွဲ့က မိုင်တဲတာဝါတိုင်များကို ဖြိုလှဲပြီး လက်လုပ်သေနတ်၊ လက်လုပ်စိန်ပြောင်း နှင့် ဖောက်ခွဲသုံးပစ္စည်းများ ပြုလုပ်နေဟုဆို

Share this post

စစ်ကိုင်း၊ ဇန်နဝါရီ ၂၂ (People Media)

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ ဒေသခံ PDF အဖွဲ့က မိုင်တဲတာဝါတိုင်များကို ဖြိုလှဲပြီး လက်လုပ် သေနတ်၊ လက်လုပ်စိန်ပြောင်းနှင့် ဖောက်ခွဲသုံးပစ္စည်းများ ပြုလုပ်နေသည်။

ယင်းမာပင်မြို့နယ်၌ ဖြိုလှဲခဲ့သည့် မိုင်တဲတာဝါတိုင်ကို တပ်ရင်းများအတွက် အသုံးချနိုင်ရန် စမ်းသပ်နေကြောင်း Yoma Fighter PDF–Yinmabin အဖွဲ့က ထုတ်ပြန်ထားသည်။

“မိုင်တဲ မိုက်တယ်ဆိုတာ တကယ်မှန်သွားပါပြီ။ ဖောက်ခွဲပြီး ဖျက်ဆီးပစ်တာကို ရိုးမဖိုက်တာအားမပေးပါဘူး။ အသာယာလဲချပြီ လိုသလို တပ်ရင်းများအတွက် အသုံးချနိုင်ဖို့စမ်းသပ်နေပါတယ်” လို့ Yoma Fighter PDF–Yinmabin အဖွဲ့မှ ထုတ်ပြန်ထားသည်။

ယင်းမာပင်မြို့နယ်ရှိ မိုင်တဲတာဝါတိုင်ကို ဇန်နဝါရီ ၂၁ ရက်နေ့က ဖြိုလှဲခဲ့ပြီး၊ အဆိုပါ တာဝါတိုင်မှ ပစ္စည်းများကို လက်နက်ထုတ်သည့်နေရာများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ယင်းမာပင်မြို့နယ် အခြေစိုက် YOMA Fighter PDF- Yinmabin သည် လက်လုပ်စိန်ပြောင်း၊ လက်လုပ်မိုင်း၊ ဆွဲမိုင်း၊ လက်လုပ်သေနတ်အပါအဝင် စုစုပေါင်း ၈ မျိုးခန့် ထုတ်လုပ်နေကြောင်း ၎င်းတို့၏ Page ၌ ဖော်ပြထား သည်။

#PeopleMedia #ယင်းမာပင်မြို့နယ်

(unicode)

…………………………………………………………