• Follow Us on

Home ယင်းမာပင်မြို့၊ သီတဂူချင်းတွင်းသာမဏေကျော်ဗုဒ္ဓတက္ကသိုလ်ရှိ သံဃာနားနေဆောင် ကျောင်းဆောင် ၂ လုံး မီးရှို့ဖျက်ဆီးခံရ

ယင်းမာပင်မြို့၊ သီတဂူချင်းတွင်းသာမဏေကျော်ဗုဒ္ဓတက္ကသိုလ်ရှိ သံဃာနားနေဆောင် ကျောင်းဆောင် ၂ လုံး မီးရှို့ဖျက်ဆီးခံရ

Share this post

မုံရွာ၊ ဇန်နဝါရီ ၂၈ (People Media)

 

ဇန်နဝါရီ ၂၃ ရက်နေ့ ည (၁၁း၁၀) အချိန်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်ရှိ သီတဂူချင်းတွင်း သာမဏေကျော်ဗုဒ္ဓတက္ကသိုလ်ရှိ သံဃာနားနေဆောင် ကျောင်းဆောင် ၂ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း မြို့ခံ များက ပြောဆိုသည်။

 

“ညက လက်လုပ်စိန်ပြောင်းနဲ့ ပစ်ခတ်ခံရပြီးနောက်မှာ မီးရှို့သွားတာ။ကျောင်းဆောင်ဘက်ကို ပစ်နေတာ ၁၀ ချက် ကျော်တယ်။ အဲ့ဒါပြီးတော့ ကျောင်းဆောင်နှစ်ဆောင် မီးလောင်သွားတာ။ မီးလုံးက ကျောင်းဆောင် ဘက်ကို ကျတာ။ အဲ့ဒီ့အနီးမှာ စစ်မှုထမ်းဟောင်း အိမ်ယာလည်းရှိတယ်” လို့ မြို့ခံတစ်ဦးက ပြောသည်။

 

ထိုကဲ့သို့ ကျောင်းဆောင် ၂ လုံး မီးလောင်မှုကြောင့် မီးသတ်တပ်ဖွဲ့မှ လာရောက် မီးငြိမ်းသတ်မှုကြောင့် ည ၁း၃၀ အချိန်၌ မီးငြိမ်းနိုင်ခဲ့ကြောင်း မြို့ခံများက ပြောသည်။

 

စစ်ကိုင်းတိုင်းဒေသကြီးရှိ မြို့နယ်များ၌ သံဃာတော်များ လုပ်ကြံခံရမှု၊ ပျောက်ဆုံးမှု အများဆုံး ဖြစ်ပေါ်နေ သည့် တိုင်းဒေသကြီးတစ်ခုဖြစ်သည်။

 

#PeopleMedia #ယင်းမာပင်မြို့

 

(unicode)


………………………………………………..

 


 


 


 


 


 



Share this post