• Follow Us on

Home ယမန္ေန႔ထိ သံလ်င္သဘာဝတရားရိပ္သာတြင္ COVID-19 ေရာဂါကူးစက္သူ ၄၅၁ ဦးရွိၿပီး ၁၀ ဦး ေသဆုံး

ယမန္ေန႔ထိ သံလ်င္သဘာဝတရားရိပ္သာတြင္ COVID-19 ေရာဂါကူးစက္သူ ၄၅၁ ဦးရွိၿပီး ၁၀ ဦး ေသဆုံး

Share this post

ရန္ကုန္၊ နိုဝင္ဘာ ၂၁

ရန္ကုန္တိုင္းေဒသႀကီး သံလ်င္ၿမိဳ႕နယ္အတြင္းရွိ သံလ်င္သဘာဝတရားရိပ္သာတြင္ COVID-19 ေရာဂါ ကူးစက္သူ နိုဝင္ဘာလ (၂၀) ရက္ေန႔ထိ စုစုေပါင္း (၄၅၁) ဦးရွိၿပီး၊ ထိုထဲမွ ေသဆုံးသူ(၁၀)ဦးခန႔္ရွိေၾကာင္း သဘာဝတရားရိပ္သာ ဆရာေတာ္ အရွင္ဥတၱမသာရမွ မိန႔္ၾကားသည္။

ယမန္ေန႔က နိုင္ငံပိုင္႐ုပ္သံ႐ုပ္သံ အင္တာဗ်ဴးတစ္ခု၌ ေတြ႕ဆုံေမးျမန္းျခင္းတြင္ အထက္ပါအတိုင္း ထည့္သြင္း ေျပာဆိုခဲ့ျခင္းျဖစ္သည္။

“ဒီမွာ မွီခိုေနထိုင္တဲ့လူဦးေရက ၄၃၀၀ ေက်ာ္မွာ ၂၄၈၀ ဦး စစ္ေဆးၿပီးသြားၿပီေပါ့၊ ကိုဗစ္ကူးစက္တာ သီလ ရွင္ပိုင္းက ပိုမ်ားတယ္၊ စစ္ေဆးတာ မၿပီးေသးေတာ့ အရည္အတြက္ကေတာ့ မၿငိမ္ဘူးေပါ့” ဟု ဆရာေတာ္ အရွင္ဥတၱမသာရက နိုင္ငံပိုင္႐ုပ္သံ႐ုပ္သံအင္တာဗ်ဴးတစ္ခုတြင္ ေျပာသည္။

သံလ်င္ သဘာဝတရားရိပ္သာမွာ COVID-19ေရာဂါပိုး ေတြ႕ရွိသူ ၄၅၁ဦးတြင္ ေရာဂါေပ်ာက္ကင္းသြားသူ ၂၆၉ ဦးႏွင့္ ေသဆုံးသူ ၁၀ ဦးရွိၿပီး၊ ေဆး႐ုံတြင္ ေဆးကုသခံယူေနသူ ၁၈၂ ဦးရွိေၾကာင္း ဆရာေတာ္မွ နိုင္ငံပိုင္႐ုပ္သံ အင္တာဗ်ဴးတြင္ မိန႔္ၾကားသည္။

COVID-19 ေရာဂါပိုးေတြ႕ရွိသူမ်ားထဲတြင္ သံဃာ ၁၆ ပါးႏွင့္ သီလရွင္အပါး ၇၀ ပါဝင္သလို အမ်ိဳးသား ၁၄၆ ဦးႏွင့္ အမ်ိဳးသမီး ၁၇၀ဦးပါဝင္ၿပီး၊ ထိုထဲတြင္ အသက္ ၆၀ ႏွစ္အထက္ ဘိုးဘြားမ်ားလည္း ပါဝင္ေၾကာင္း ဆရာေတာ္ မိန႔္ၾကားခ်က္မွ သိရသည္။

ယမန္ေန႔၌ပင္ သံလ်င္သဘာဝတရားရိပ္သာ Community Quarantine Center အတြက္ ကမၻာ့ ကုလသမဂၢအဖြဲ႕ႀကီး (UN) ၏ WFP (World Food Programme)မွ စုစုေပါင္း က်ပ္ ၄၄,၈၄၅,၀၀၀ က်ပ္တန္ဖိုးရွိ ဆန္ ၁၁၆၁ အိတ္၊ ပဲ ၁၅၅ အိတ္၊ ဆီ ၂၁၅ ပါကင္၊ ဆား ၁၅ အိတ္ စားနပ္ရိကၡာမ်ား ေထာက္ပံ့ျခင္းအစီအစဥ္ကို ရန္ကုန္တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းမွ တက္ေရာက္လွဴဒါန္း ေပးခဲ့သည္။

#PeopleMedia

(unicode)
ယမန်နေ့ထိ သံလျင်သဘာဝတရားရိပ်သာတွင် COVID-19 ရောဂါကူးစက်သူ ၄၅၁ ဦးရှိပြီး ၁၀ ဦး သေဆုံး
……………………………………………………………..

ရန်ကုန်၊ နိုဝင်ဘာ ၂၁

ရန်ကုန်တိုင်းဒေသကြီး သံလျင်မြို့နယ်အတွင်းရှိ သံလျင်သဘာဝတရားရိပ်သာတွင် COVID-19 ရောဂါ ကူးစက်သူ နိုဝင်ဘာလ (၂၀) ရက်နေ့ထိ စုစုပေါင်း (၄၅၁) ဦးရှိပြီး၊ ထိုထဲမှ သေဆုံးသူ(၁၀)ဦးခန့်ရှိကြောင်း သဘာဝတရားရိပ်သာ ဆရာတော် အရှင်ဥတ္တမသာရမှ မိန့်ကြားသည်။

ယမန်နေ့က နိုင်ငံပိုင်ရုပ်သံရုပ်သံ အင်တာဗျူးတစ်ခု၌ တွေ့ဆုံမေးမြန်းခြင်းတွင် အထက်ပါအတိုင်း ထည့်သွင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ဒီမှာ မှီခိုနေထိုင်တဲ့လူဦးရေက ၄၃၀၀ ကျော်မှာ ၂၄၈၀ ဦး စစ်ဆေးပြီးသွားပြီပေါ့၊ ကိုဗစ်ကူးစက်တာ သီလ ရှင်ပိုင်းက ပိုများတယ်၊ စစ်ဆေးတာ မပြီးသေးတော့ အရည်အတွက်ကတော့ မငြိမ်ဘူးပေါ့” ဟု ဆရာတော် အရှင်ဥတ္တမသာရက နိုင်ငံပိုင်ရုပ်သံရုပ်သံအင်တာဗျူးတစ်ခုတွင် ပြောသည်။

သံလျင် သဘာဝတရားရိပ်သာမှာ COVID-19ရောဂါပိုး တွေ့ရှိသူ ၄၅၁ဦးတွင် ရောဂါပျောက်ကင်းသွားသူ ၂၆၉ ဦးနှင့် သေဆုံးသူ ၁၀ ဦးရှိပြီး၊ ဆေးရုံတွင် ဆေးကုသခံယူနေသူ ၁၈၂ ဦးရှိကြောင်း ဆရာတော်မှ နိုင်ငံပိုင်ရုပ်သံ အင်တာဗျူးတွင် မိန့်ကြားသည်။

COVID-19 ရောဂါပိုးတွေ့ရှိသူများထဲတွင် သံဃာ ၁၆ ပါးနှင့် သီလရှင်အပါး ၇၀ ပါဝင်သလို အမျိုးသား ၁၄၆ ဦးနှင့် အမျိုးသမီး ၁ရဝဦးပါဝင်ပြီး၊ ထိုထဲတွင် အသက် ၆၀ နှစ်အထက် ဘိုးဘွားများလည်း ပါဝင်ကြောင်း ဆရာတော် မိန့်ကြားချက်မှ သိရသည်။

ယမန်နေ့၌ပင် သံလျင်သဘာဝတရားရိပ်သာ Community Quarantine Center အတွက် ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့ကြီး (UN) ၏ WFP (World Food Programme)မှ စုစုပေါင်း ကျပ် ၄၄,၈၄၅,၀၀၀ ကျပ်တန်ဖိုးရှိ ဆန် ၁၁၆၁ အိတ်၊ ပဲ ၁၅၅ အိတ်၊ ဆီ ၂၁၅ ပါကင်၊ ဆား ၁၅ အိတ် စားနပ်ရိက္ခာများ ထောက်ပံ့ခြင်းအစီအစဉ်ကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ တက်ရောက်လှူဒါန်း ပေးခဲ့သည်။

#PeopleMedia


Share this post