• Follow Us on
Latest News

Home ယာယီရပ္ဆိုင္းထားသည့္ ျပည္ပဆန္တင္ပို႔မႈ ေမလဆန္းတြင္ ျပန္လည္ တင္ပို႔မည္ဟု ဆန္ကုန္သည္အသင္း ဥကၠ႒ေျပာ

ယာယီရပ္ဆိုင္းထားသည့္ ျပည္ပဆန္တင္ပို႔မႈ ေမလဆန္းတြင္ ျပန္လည္ တင္ပို႔မည္ဟု ဆန္ကုန္သည္အသင္း ဥကၠ႒ေျပာ

Share this post

ရန္ကုန္၊ ဧၿပီ ၂၄

Covid -19 ေၾကာင့္ ျပည္ပဆန္တင္ပို႔မႈယာယီရပ္ဆိုင္းထားျပီး ေမလဆန္းတြင္ ျပန္လည္တင္ပို႔မည္ဟု ဆန္ ကုန္သည္အသင္းဥကၠဌ ဦးေအာင္သန္းဦးကေျပာသည္။

ျပည္ပဆန္တင္ပို႔မႈရပ္နားထားၿပီး လက္ရွိတြင္ လိုင္စင္အေဟာင္းက်န္သည့္ဆန္မ်ားကို တင္ပို႔မႈျပဳလုပ္ေနၿပီး သႀကၤန္ကာလပိတ္ရက္ႏွင့္ Lock down အေျခအေနမ်ားေၾကာင့္ ဆန္တင္ပို႔မႈကို ေမလဆန္းမွ ျပန္လည္တင္ပို႔ မည္ျဖစ္ေၾကာင္း ဦးေအာင္သန္းဦးကေျပာသည္။

“တင္ပို႔မႈကို အရင္တုန္းကလိုင္စင္အေဟာင္းက်န္တာေတြကိုေပးေနတယ္၊ အခုလက္ရွိ သၾကၤန္အတြင္းကာလ ေတာ့ အကုန္လံုး Lock down လုပ္ထားတဲ့အခ်ိန္ေတာ့ရပ္ထားတယ္။ ေနာက္ေမလဆန္းမွျပန္စပါမယ္”ဟု ဆန္ ကုန္သည္အသင္း ဥကၠ႒ဦးေအာင္သန္းဦးကေျပာသည္။

ျပည္ပဆန္တင္ပို႔မႈေၾကာင့္ စိုးရိမ္စရာမရွိေၾကာင္းႏွင့္ ျပည္သူမ်ားအတြက္အရန္ဆန္ဖယ္ၿပီး နိုင္ငံအတြင္းစားသံုး မႈအလံုအေလာက္ရွိမွ ျပည္ပတင္ပို႔မႈကိုေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ၎ကေျပာသည္။ Covid -19 ေရာဂါ ႏွင့္ပတ္သက္ၿပီး အေရးေပၚအေျခအေနအတြက္ စားသံုးရန္ အရန္ဆန္တန္ခ်ိန္ ငါးေသာင္း ၀ယ္ယူသံုးစဲြသြား မည္ျဖစ္ေၾကာင္းစီးပြားေရးႏွင့္ ကူးသန္းေရာင္း၀န္ႀကီးဌာနျပည္ေထာင္စု၀န္ႀကီးကေျပာၾကားထားသည္။

#PeopleMedia

(Unicode)
ယာယီရပ်ဆိုင်းထားသည့် ပြည်ပဆန်တင်ပို့မှု မေလဆန်းတွင် ပြန်လည် တင်ပို့မည်ဟု ဆန်ကုန်သည်အသင်း ဥက္ကဋ္ဌပြော
……………………………………………………

ရန်ကုန်၊ ဧပြီ ၂၄

Covid -19 ကြောင့် ပြည်ပဆန်တင်ပို့မှုယာယီရပ်ဆိုင်းထားပြီး မေလဆန်းတွင် ပြန်လည်တင်ပို့မည်ဟု ဆန် ကုန်သည်အသင်းဥက္ကဌ ဦးအောင်သန်းဦးကပြောသည်။

ပြည်ပဆန်တင်ပို့မှုရပ်နားထားပြီး လက်ရှိတွင် လိုင်စင်အဟောင်းကျန်သည့်ဆန်များကို တင်ပို့မှုပြုလုပ်နေပြီး သင်္ကြန်ကာလပိတ်ရက်နှင့် Lock down အခြေအနေများကြောင့် ဆန်တင်ပို့မှုကို မေလဆန်းမှ ပြန်လည်တင်ပို့ မည်ဖြစ်ကြောင်း ဦးအောင်သန်းဦးကပြောသည်။

“တင်ပို့မှုကို အရင်တုန်းကလိုင်စင်အဟောင်းကျန်တာတွေကိုပေးနေတယ်၊ အခုလက်ရှိ သင်္ကြန်အတွင်းကာလ တော့ အကုန်လုံး Lock down လုပ်ထားတဲ့အချိန်တော့ရပ်ထားတယ်။ နောက်မေလဆန်းမှပြန်စပါမယ်”ဟု ဆန် ကုန်သည်အသင်း ဥက္ကဋ္ဌဦးအောင်သန်းဦးကပြောသည်။

ပြည်ပဆန်တင်ပို့မှုကြောင့် စိုးရိမ်စရာမရှိကြောင်းနှင့် ပြည်သူများအတွက်အရန်ဆန်ဖယ်ပြီး နိုင်ငံအတွင်းစားသုံး မှုအလုံအလောက်ရှိမှ ပြည်ပတင်ပို့မှုကိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။ Covid -19 ရောဂါ နှင့်ပတ်သက်ပြီး အရေးပေါ်အခြေအနေအတွက် စားသုံးရန် အရန်ဆန်တန်ချိန် ငါးသောင်း ဝယ်ယူသုံးစွဲသွား မည်ဖြစ်ကြောင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးကပြောကြားထားသည်။

#PeopleMedia


Share this post