• Follow Us on
Latest News

Home ယီမင္စစ္သင္တန္းေက်ာင္း ဒုံးျဖင့္တိုက္ခိုက္ခံရမႈေၾကာင့္ လူ ၈၀ ေသဆုံး

ယီမင္စစ္သင္တန္းေက်ာင္း ဒုံးျဖင့္တိုက္ခိုက္ခံရမႈေၾကာင့္ လူ ၈၀ ေသဆုံး

Share this post

ႏိုင္ငံတကာ၊ ဇန္နဝါရီ ၂၀

ယီမင္ႏိုင္ငံ မာရစ္ၿမိဳ႕ရွိ စစ္သင္တန္းေက်ာင္းတစ္ခုကို အီရန္မဟာမိတ္ဟူသီသူပုန္မ်ားက ဇန္နဝါရီ ၁၈ ရက္ညေနပိုင္းတြင္ တိုက္ခိုက္မႈေၾကာင့္ ယီမင္တပ္ဖြဲ႕၀င္ ၈၀ ေသဆုံးသြားၿပီး ဒါဇင္မ်ားစြာ ဒါဏ္ရာရရွိသြားသည္။

အဆိုပါတိုက္ခိုက္မႈကို ပဲ့ထိန္းဒုံးပ်ံမ်ား ၊ ေမာင္းသူမဲ့ေလယာဉ္မ်ားျဖင့္ လုပ္ေဆာင္ခဲ့ေၾကာင္း သတင္းရင္းမ်ားျဖစ္ကေျပာသည္။ ယီမင္တြင္ျဖစ္ပြားေနေသာ စစ္ပြဲသည္ ေဆာ္ဒီအာေရဗ်ႏွင့္ အီရန္တို႔၏ ၾကားခံစစ္ပြဲတစ္ခုျဖစ္သည္။

ေဆာ္ဒီဦးေဆာင္ေသာ ၫႊန္႔ေပါင္းအဖြဲ႕သည္ ၿမိဳ႕ေတာ္ဆာနားတြင္ ဟူသီတို႔၏ရာထူးျဖဳတ္ခ်ျခင္းကိုခံခဲ့ရၿပီး လက္ရွိတြင္ ႏိုင္ငံေတာင္ပိုင္း ေအဒန္ၿမိဳ႕တြင္ အေျခစိုက္သည့္ သမၼတအဗၺဒူရတ္ဘူမန္ဆိုးဟာဒီ၏ ယီမင္အစိုးရကို ျပန္လည္ထူေထာင္ရန္ ၂၀၁၅ ခုႏွစ္တြင္ ၾကား၀င္ခဲ့သည္။

ၿမိဳ႕ေတာ္ဆာနားႏွင့္ ယီမင္၏ၿမိဳ႕ႀကီးမ်ားတြင္ ေျခကုပ္ယူထားသည့္ ဟူသီအဖြဲ႕ကမူ ၎တို႔သည္ အီရန္၏ ႐ုပ္ေသး႐ုပ္မဟုတ္ေၾကာင္း ျငင္းဆိုထားၿပီး အဂတိလိုက္စားမႈစနစ္ကို တိုက္ဖ်က္ေနသည္ဆို၏။

ဇန္နဝါရီ ၁၈ ရက္တြင္ျဖစ္ပြားခဲ့ေသာ စစ္သင္တန္းေက်ာင္းတိုက္ခိုက္မႈႏွင့္ပတ္သက္၍ ၎တို႔လုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း ဟူသီအဖြဲ႕က ခ်က္ခ်င္းေျပာဆိုျခင္းမရွိေသးေပ။

Ref : Yemen war: At least 80 soldiers killed in missile attack

#peoplemedia #EPN

(unicode)
ယီမင်စစ်သင်တန်းကျောင်း ဒုံးဖြင့်တိုက်ခိုက်ခံရမှုကြောင့် လူ ၈၀ သေဆုံး
………………………………………………………………………….

နိုင်ငံတကာ၊ ဇန်နဝါရီ ၂၀

ယီမင်နိုင်ငံ မာရစ်မြို့ရှိ စစ်သင်တန်းကျောင်းတစ်ခုကို အီရန်မဟာမိတ်ဟူသီသူပုန်များက ဇန်နဝါရီ ၁၈ ရက်ညနေပိုင်းတွင် တိုက်ခိုက်မှုကြောင့် ယီမင်တပ်ဖွဲ့၀င် ၈၀ သေဆုံးသွားပြီး ဒါဇင်များစွာ ဒါဏ်ရာရရှိသွားသည်။

အဆိုပါတိုက်ခိုက်မှုကို ပဲ့ထိန်းဒုံးပျံများ ၊ မောင်းသူမဲ့လေယာဉ်များဖြင့် လုပ်ဆောင်ခဲ့ကြောင်း သတင်းရင်းများဖြစ်ကပြောသည်။ ယီမင်တွင်ဖြစ်ပွားနေသော စစ်ပွဲသည် ဆော်ဒီအာရေဗျနှင့် အီရန်တို့၏ ကြားခံစစ်ပွဲတစ်ခုဖြစ်သည်။

ဆော်ဒီဦးဆောင်သော ညွှန့်ပေါင်းအဖွဲ့သည် မြို့တော်ဆာနားတွင် ဟူသီတို့၏ရာထူးဖြုတ်ချခြင်းကိုခံခဲ့ရပြီး လက်ရှိတွင် နိုင်ငံတောင်ပိုင်း အေဒန်မြို့တွင် အခြေစိုက်သည့် သမ္မတအဗ္ဗဒူရတ်ဘူမန်ဆိုးဟာဒီ၏ ယီမင်အစိုးရကို ပြန်လည်ထူထောင်ရန် ၂၀၁၅ ခုနှစ်တွင် ကြား၀င်ခဲ့သည်။

မြို့တော်ဆာနားနှင့် ယီမင်၏မြို့ကြီးများတွင် ခြေကုပ်ယူထားသည့် ဟူသီအဖွဲ့ကမူ ၎င်းတို့သည် အီရန်၏ ရုပ်သေးရုပ်မဟုတ်ကြောင်း ငြင်းဆိုထားပြီး အဂတိလိုက်စားမှုစနစ်ကို တိုက်ဖျက်နေသည်ဆို၏။

ဇန်နဝါရီ ၁၈ ရက်တွင်ဖြစ်ပွားခဲ့သော စစ်သင်တန်းကျောင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ ၎င်းတို့လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဟူသီအဖွဲ့က ချက်ချင်းပြောဆိုခြင်းမရှိသေးပေ။

Ref : Yemen war: At least 80 soldiers killed in missile attack

#peoplemedia #EPN


Share this post