• Follow Us on

Home ယီမင်သူပုန်များက ဒုံးကျည်များဖြင့်တိုက်ခိုက်ခဲ့ပြီးနောက် UAE နိုင်ငံကာကွယ်ရေးအတွက် စစ်သင်္ဘောနှင့် တိုက်လေယာဉ်များ အမေရိကန်စေလွှတ်ပေးမည်

ယီမင်သူပုန်များက ဒုံးကျည်များဖြင့်တိုက်ခိုက်ခဲ့ပြီးနောက် UAE နိုင်ငံကာကွယ်ရေးအတွက် စစ်သင်္ဘောနှင့် တိုက်လေယာဉ်များ အမေရိကန်စေလွှတ်ပေးမည်

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၃ (People Media)

 

ယီမင်နိုင်ငံမှ ဟူသီသူပုန်များက အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ UAE ကို ဒုံးကျည်များနှင့် ပစ်ခတ်တိုက် ခိုက်ခဲ့ပြီးနောက် UAE နိုင်ငံ ကာကွယ်ရေးအတွက်အထောက်အပံ့ဖြစ်စေရန် ပဲ့ထိန်းဒုံးကျည်တပ် ဖျက်သင်္ဘော တစ်စင်းနှင့် ခေတ်မီဂျက်တိုက်လေယာဉ်များကို တပ်ဖြန့်ချထားရန် စေလွှတ်ပေးသွားမည် ဖြစ်ကြောင်း အမေရိ ကန်နိုင်ငံက ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ကြေညာခဲ့သည်။

 

လက်ရှိခြိမ်းခြောက်မှုများမှ UAE နိုင်ငံကိုကာကွယ်ရန်အတွက် တပ်ဖြန့်ချထားရန် စီစဉ်မှုမှာ အမေရိကန်ကာ ကွယ်ရေးဝန်ကြီး အယ်လွိုက်သြစတင်နှင့် UAE အဘူဒါဘီမင်းသား မိုဟာမက်ဘင်ဇာယက်အယ်လ်နာရန်းတို့ ဖုန်းပြောဆိုပြီး နောက်ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

 

အီရန်နိုင်ငံကထောက်ပံ့ထားသည့် ယီမင်နိုင်ငံရှိ ဟူသီသူပုန်များကို တိုက်ခိုက်ရန် ဖွဲ့စည်းထားသော ဆော်ဒီ ခေါင်းဆောင်သည့် ညွန့်ပေါင်းမဟာမိတ်တပ်ဖွဲ့တွင်ပါဝင်သော UAE နိုင်ငံသည် တနင်္လာနေ့က တတိယမြောက် ဒုံးကျည်ဖြင့် အပစ်ခံခဲ့ရသည်။

 

အမေရိကန်နိုင်ငံက ၎င်းတို့၏ ပဉ္စမမြောက်မျိုးဆက်တိုက်လေယာဉ်များကို UAE နိုင်ငံတွင် တပ်ဖြန့်ချသွားမည် ဖြစ်သလို ပဲ့ထိန်းဒုံးကျည်တပ် USS Cole ဖျက်သင်္ဘောကလည်း UAE ရေတပ်နှင့်အတူ ပူးတွဲတာဝန်ထမ်း  ဆောင်သွားမည်ဖြစ်ပြီး အဘူဒါဘီတွင် ဆိုက်ကပ်ထားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ၎င်းအပြင် ကြိုတင်သတိပေးထောက်လှမ်းရေးသတင်းအချက်အလက်များကိုလည်း ဆက်လက်ထောက်ပံ့သွား မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

 

လူပေါင်းမြောက်များစွာသေကြေပျက်စီးပြီး လူသန်းပေါင်းများစွာ အိုးအိမ်ပစ်စွန့်ခွာထွက်ပြေးကြရသည် ခုနစ်နှစ် ကြာယီမင်ပြည်တွင်းစစ်ကို ယခုလတ်တလောတိုက်ခိုက်မှုများက စာမျက်နှာသစ်ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။

 

ဇန်နဝါရီလ ၁၇ ရက်နေ့က အဘူဒါဘီရှိ ရေနံချက်စက်ရုံများနှင့် လေဆိပ်ကို ဒရုန်း/ ဒုံးကျည်များဖြင့်တိုက်ခိုက် ခဲ့ရာ နိုင်ငံခြားသားအလုပ်သမားသုံးဦးသေဆုံးခဲ့ပြီး UAE နိုင်ငံက လေကြောင်းတိုက်ခိုက်မှုဖြင့် ပြန်လည်လက် တုံ့ပြန်တိုက်ခိုက်ခဲ့သည်။

 

ဇန်နဝါရီလ ၂၄ ရက်နေ့က ဟူသီသူပုန်များပစ်လွှတ်ခဲ့သော ပဲ့ထိန်းဒုံးကျည်နှစ်စင်းကို အဘူဒါဘီ အယ်လ်ဒါဖရာ တွင် တပ်စွဲထားသော အမေရိကန်တပ်ဖွဲ့ဝင်များက ပက်ထရီယော့ခ် ဒုံးကျည်များဖြင့် ကြားဖြတ်ပစ်ချခဲ့သည်။

 

တနင်္လာနေ့ (ဇန်နဝါရီ ၃၁) အစ္စရေးသမ္မတ အိုင်းဆက်ဟာဇော့ UAE နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေစဉ် အတွင်း ဟူသီသူပုန်များပစ်လွှတ်လိုက်သည့် တတိယမြောက်ဒုံးကျည်ကို ပစ်ချနိုင်ခဲ့သည်။

 

အမေရိကန်နိုင်ငံ၏ တပ်ဖြန့်ချထားမှုမှာ အမေရိကန်ပြည်ထောင်စုအနေဖြင့် UAE နိုင်ငံနှင့်အတူ ကာလရှည် ရပ် တည်လာသော မဟာဗျူဟာမြောက်မိတ်ဖက်နိုင်ငံဖြစ်သည်ဟု  ရှင်းလင်းစွာထုတ်ဖော်ပြသလိုက်ခြင်းဖြစ် ကြောင်း ကြေညာချက်တွင်ဖော်ပြထားသည်။

 

Ref: US to Send Warship, Fighter Jets to UAE After Yemen Attacks

 

#PeopleMedia

 

(unicode)


……………………………………………………………….

 


 


 


 


 


 


 


 


 


 


 

Ref: US to Send Warship, Fighter Jets to UAE After Yemen Attacks

 

#PeopleMedia


Share this post