• Follow Us on

Home ယီမင်သူပုန်များတိုက်ခိုက်မှုကြောင့် ဆူဒန်စစ်သည် ၁၄ ဦး ကျဆုံး

ယီမင်သူပုန်များတိုက်ခိုက်မှုကြောင့် ဆူဒန်စစ်သည် ၁၄ ဦး ကျဆုံး

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၈ (People Media)

 

ဆော်ဒီအာရေးဗီးယားနိုင်ငံ အနောက်မြောက်ဘက်နယ်စပ်ဒေသတွင် ယီမင်နိုင်ငံမှ ဟူသီသူပုန်များက တိုက် ခိုက်ခဲ့ရာ ဆူဒန်စစ်သား ၁၄ ဦး ကျဆုံးခဲ့ကြောင်း ယီမင်စစ်ဘက်ဆိုင်ရာသတင်းရင်းမြစ်များက ဒီဇင်ဘာလ ၁၇ ရက်နေ့က ပြောကြားလိုက်သည်။

 

ဆူဒန်နိုင်ငံသည် ဆော်ဒီဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့ဝင်များတွင် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ၂၀၁၅ ခုနှစ် ကတည်းက နိုင်ငံတကာအသိအမှတ်ပြုထားသည့် ယီမင်အစိုးရကိုထောက်ခံပြီး အီရန်နိုင်ငံကထောက်ပံ့ထား သည့် ဟူသီသူပုန်များကို တိုက်ခိုက်နေသောနိုင်ငံဖြစ်သည်။

 

ဆော်ဒီအာရေးဗီးယားနိုင်ငံ ဟာ့ဂျ်ဂျာပြည်နယ်၊ ဟာရာ့ဒ်မြို့အနီးရှိ ညွန့်ပေါ့င်းစခန်းများကို ဟူသီသူပုန်များက တိုက်ခိုက်ခဲ့ရာ ဆူဒန်စစ်သားများကျဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ကုလသမဂ္ဂအဖွဲ့၏ သတ်မှတ်ချက်အရ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတွင်ပါဝင်သော ဆူဒန်နိုင်ငံသည် ယီမင်နိုင်ငံ တွင်းရှိသူပုန်များကို တိုက်ခိုက်ရန် စစ်သားထောင်နှင့်ချီ၍ စေလွှတ်ပေးခဲ့သည်။ ယီမင်နိုင်ငံတွင် ဟူသီသူပုန် များအပြင် ဂျန်ဂျာဝီစစ်သွေးကြွများလည်းရှိရာ ယင်းဂျန်ဂျာဝီစစ်သွေးကြွများမှာ ၂၀၀၃ ခုနှစ်က ဆူဒန်နိုင်ငံ ဒါဖာမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခတွင် အဓိကပါဝင်ခဲ့သောစစ်သွေးကြွအဖွဲ့ဖြစ်သည်။

 

၂၀၁၉ ခုနှစ်နှောင်းပိုင်းတွင် ဆူဒန်နိုင်ငံ၏ ကြားဖြတ်အစိုးရက ယီမင်နိုင်ငံရှိ ဆူဒန်စစ်သည်အင်အားကို ၁၅,၀၀၀ မှ ၅,၀၀၀ အထိ လျှော့ချလိုက်ကြောင်း ကြေညာခဲ့သည်။

 

အာရပ်စော်ဘွားများနိုင်ငံ UAE ကုမ္ပဏီတစ်ခုက ဆူဒန်ပြည်သူများကို ကုမ္ပဏီလုံခြုံရေးအတွက်ဟုဆိုကာ ဝန် ထမ်းသစ်စုဆောင်းခေါ်ယူပြီး လစ်ဗျားနှင့် ယီမင်ရှိ စစ်မြေပြင်များသို့ ပို့ဆောင်ခဲ့ကြောင်းစွပ်စွဲပြောဆိုပြီး လွန်ခဲ့ သည့်နှစ် အစောပိုင်းက ခါတိုရမ်မြို့တွင် ဆူဒန်နိုင်ငံသားအချို့ဆန္ဒပြခဲ့ကြသည်။

ဟူသီသူပုန်များက မြို့တော်ဆန်နာကိုသိမ်းပိုက်လိုက်ပြီးနောက် ၂၀၁၄ ခုနှစ်တွင် စတင်ဖြစ်ပွားခဲ့သော ယီမင် နိုင်ငံမှ ပဋိပက္ခကို ကုလသမဂ္ဂအဖွဲ့က ကမ္ဘာ့အဆိုးဆုံးလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကြပ်အတည်း အဖြစ် သတ်မှတ်ခဲ့သည်။

 

ယီမင်ပြည်သူအများစုမှာ အိုးပစ်အိမ်ပစ်ထွက်ပြေးနေကြရပြီး တစ်နိုင်ငံလုံးလူဦးရေ သ်နး ၃၀ ဝန်းကျင်ရှိသည့်အ နက် လူဦးရေ ၈၀% ကျော်မှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများလိုအပ်လျက်ရှိသည်။

 

ယခုနှစ်ကုန်ခါနီးအထိ စစ်ပွဲ၏ တိုက်ရိုက်/ သွယ်ဝိုက် ရိုက်ခတ်မှုများကြောင့် လူဦးရေ ၃၇၇,၀၀၀ သေဆုံးခဲ့ ကြောင်း ကုသမဂ္ဂဖွံ့ဖြိုးရေးစီမံကိန်းတစ်ခုက လွန်ခဲ့သည့်လက ထုတ်ပြန်ကြေညာခဲ့သည်။

 

သေဆုံးသူများ၏ ၆၀% မှာ ကျန်းမာရေးနှင့်ညီညွတ်သော သောက်သုံးရေမရရှိခြင်း၊ ငတ်မွတ်ခေါင်းပါးခြင်းနှင့် ရောဂါဘယထူပြောခြင်းတို့၏ နောက်ဆက်တွဲဆိုးကျိုးများကြောင့် သေဆုံးရခြင်းဖြစ်ပြီး စစ်ပွဲကြောင့် တိုက်ရိုက် သေဆုံးရသည့်လူဦးရေမှာ ၁၅၀,၀၀၀ ကျော်ရှိကြောင်း သိရသည်။

 

Ref: Yemen Rebel Attack Kills 14 Sudanese Soldiers: Military Sources

 

#PeopleMedia

 

(unicode)


………………………………………………………..

 


 


 


 


 


 


 



 


 


 


 

Ref: Yemen Rebel Attack Kills 14 Sudanese Soldiers: Military Sources

 

#PeopleMedia


Share this post