• Follow Us on

Home ယီမင်နိုင်ငံမှ ဟူသီသူပုန်များအတွက် သယ်လာသောလက်နက်အများအပြား အမေရိကန်ရေတပ် ဖမ်းမိ

ယီမင်နိုင်ငံမှ ဟူသီသူပုန်များအတွက် သယ်လာသောလက်နက်အများအပြား အမေရိကန်ရေတပ် ဖမ်းမိ

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၃ (People Media)

 

အမေရိကန်ရေတပ်သည် ယခုသီတင်းပတ် အစောပိုင်းကာလက အာရစ်ဘီယန်ပင်လယ်အတွင်း သင်္ဘောတစ် စီးပေါ်မှ AK-47 မောင်းပြန်ရိုင်ဖယ်အလက် ၁,၄၀၀ နှင့် ကျည် ၂၀၀,၀၀၀ ကို သိမ်းဆည်းရရှိခဲ့ကြောင်း ဒီဇင် ဘာလ ၂၂ ရက်နေ့တွင် ရေတပ်က ကြေညာခဲ့သည်။

 

လက်နက်/ခဲယမ်းများသယ်ဆောင်လာသသည့် နိုင်ငံအမှတ်တံဆိပ်မပါသော သင်္ဘောသည် အီရန်နိုင်ငံမှထွက် ခွာလာပြီး ယီမင်နိုင်ငံသို့ ခုတ်မောင်းသွားနေခြင်းဖြစ်ကြောင်း အမေရိကန် အမှတ် ၅ ရေတပ်အုပ်စုကပြော သည်။ ယီမင်နိုင်ငံတွင် အီရန်ကထောက်ပံ့ထားသည့် ဟူသီသူပုန်များသည် တိုင်းပြည်ကိုထိန်းချုပ်နိုင်ရန် တိုက် ပွဲဝင်နေသည့် သူပုန်များဖြစ်သည်။

 

အဆိုပါသင်္ဘောသည် ယီမင်နိုင်ငံသို့ လက်နက်တင်ပို့လေ့ရှိသည့်လမ်းကြောင်းကို ဖြတ်သန်းလာခဲ့ခြင်းဖြစ် ကြောင်း အမေရိကန်ရေတပ်ကပြောသည်။ အမေရိကန်ကမ်းရိုးတန်းတပ်ဖွဲ့နှင့် ရေတပ်က တနင်္လာနေ့တွင် အဆိုပါသင်္ဘောအားကြားဖြတ်တားဆီးပြီးနောက် ဖမ်းမိထားသည့် သင်္ဘောသားငါးဦးမှာ ယီမင်နိုင်ငံသားများ ဖြစ်ပြီး အဆိုပါငါးဦးအား ယီမင်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးသွားမည်ဟု သိရသည်။

 

အမေရိကန်တပ်မတော်သည် ၂၀၁၅ ခုနှစ်တွင် ယီမင်အစိုးရကိုဖြုတ်ချခဲ့သော ယီမင်နိုင်ငံရှိ ဟူသီသူပုန်များအ တွက လက်နက်ထောက်ပံ့မှုကို အဓိကအာရုံစိုက်၍ ပုံမှန်အားဖြင့် ပါရှန်ပင်လယ်ကွေ့အတွင်း လက်နက်နှင့် မူး ယစ်ဆေးဝါးသယ်ဆောင်မှုများကို တားဆီးလျက်ရှိသည်။ ယခုနှစ်အတွင်း ယခုအချိန်အထိ အမေရိကန်မှတား ဆီးခဲ့သော လက်နက်ခဲယမ်းများမှာအလက် ၈,၇၀၀ ရှိပြီဖြစ်သည်။

 

ဆော်ဒီအာရေးဗီးယားဦးဆောင်သည့် ပင်လယ်ကွေ့ညွန့်ပေါင်းတပ်ဖွဲ့ သည် အီရန်နိုင်ငံမှတင်ပို့သော လက်   နက်များကို အများအပြားလက်ခံရရှိနေသည့် ဟူသီသူပုန်များကို တိုက်ခိုက်နေသာ တပ်ဖွဲ့ဖြစ်သည်။

 

မေလအတွင်းက ကမ်းခြေစောင့်တပ်ဖွဲ့မှသင်္ဘောတစ်စီးက အာရစ်ဘီယန်ပင်လယ်အတွင်း လက်နက်မှောင်ခို သင်္ဘောတစ်စီးကိုဖမ်းမိခဲ့ရာ အဆိုပါသင်္ဘောတွင် ရုရှားထုတ် တင့်ဖျက်ဒုံးကျည်များ၊ တရုတ်ထုတ် Type 56 မောင်းပြန်ရိုင်ဖယ်များ၊ PKM စက် သေနတ်များ၊ စနိုက်ပါရိုင်ဖယ်များနှင့် RPG တင့်ဖျက်ရော့ကက်လောင်ချာများ သိမ်းဆည်းရရှိခဲ့သည်။

 

ဘိုင်ဒန်အစိုးရက ယီမင်နိုင်ငံတွင်း ဆော်ဒီဦးဆောင်သောညွှန်ပေါင်းတပ်ဖွဲ့ဝင်များ၏ ထိုးစစ်များကို ထောက်ပံ့နေ မှုအားရပ်ဆိုင်းလိုက်ပြီး စစ်ပွဲကိုအဆုံးသတ်နိုင်ရေးအတွက် စေ့စပ်ညှိနှိုင်းရန် တိုက်တွန်းလိုက်သည်။ သို့သော် ဟူသီသူပုန်များက ဆော်ဒီအာရေးဗီးယားနိုင်ငံသို့ ဒုံးကျည်များ၊ ဒရုန်းလေယာဉ်များဖြင့် ဆက်လက်တိုက်ခိုက် နေဆဲဖြစ်သည်။

 

Ref: US Navy seizes thousands of guns bound for Yemen’s Houthis

 

#PeopleMedia

 

(unicode)


……………………………………………………………..

 


 


 


 


 


 


 


 


 

Ref: US Navy seizes thousands of guns bound for Yemen’s Houthis

 

#PeopleMedia


Share this post