• Follow Us on

Home ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ရန် ရုရှားတပ်ဖွဲ့ဝင်များ အမိန့်ရထားပြီးဖြစ်

ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ရန် ရုရှားတပ်ဖွဲ့ဝင်များ အမိန့်ရထားပြီးဖြစ်

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၁ (People Media)

 

စစ်ဆင်ရေးစီမံချက်တွေ အသေးစိတ်ရေးဆွဲထားတဲ့ ရုရှားတပ်မှူးတွေနဲ့အတူ ရုရှားတပ်ဖွဲ့ဝင်တွေကို ယူကရိန်း နိုင်ငံကို ကျူးကျော်တိုက်ခိုက်ဖို့ ရုရှားသမ္မတဗလာဒီမာပူတင်က အမိန့်ပေးလိုက်ပြီဖြစ်တယ်လို့ အမေရိကန် ထောက်လှမ်းရေးအဖွဲ့က ထုတ်ဖော်ပြောကြားလိုက်ကြောင်း CBS သတင်းဌာနက ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ဖော်ပြခဲ့ပါတယ်။

 

“ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ဖို့ ရုရှားတပ်ဖွဲ့ဝင်တွေ အမိန့်ရထားပြီးပြီလို့ အမေရိကန်ထောက်လှမ်းရေးအ ဖွဲ့က ပြောပါတယ်။” လို့ CBS သတင်းဌာနမှ သတင်းထောက်ဒေးဗစ်မာတင်က ပြောပါတယ်။

 

“နယ်စပ်ဒေသကို နီးသထက်နီးအောင် ကပ်လာပြီး စခန်းတွေကို တိုက်ခိုက်ရုံတင်မကဘူး စစ်မြေပြင်မှာ ဘယ် လိုစစ်ဆင်ရေးဆောင်ရွက်မယ်ဆိုတဲ့ အသေးစိတ်စီမံချက်တွေကို မြေပြင်တပ်မှူးတွေက ရေးဆွဲနေပါပြီ။ တစ် ချိန်တုန်းက အမိန့်ရရချင်း အမေရိကန်တပ်မှူးတွေလုပ်ခဲ့သလိုပဲ အခု ရုရှားတပ်မှူးတွေကလည်း အမိန့်အတိုင်း အကုန်လုပ်တော့မှာပါ။” လို့ မာတင်က ပြောပါတယ်။

 

ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်ရန် သမ္မတပူတင်က အမိန့်ပေးပြီးဖြစ်တယ်လို့ ၎င်းအနေနဲ့ ယုံကြည် ကြောင်း သမ္မတဂျိုးဘိုင်ဒန်က ပြောဆိုလိုက်ပြီး ရက်ပိုင်းအတွင်းမှာ အခုသတင်းထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါတယ်။

 

“အခုအချိန်အထိ ပူတင်ဆုံးဖြတ်ချက်ချပြီးပြီလို့ ကျွန်တော်ယုံကြည်နေပါတယ်။ အဲဒီလို ယုံကြည်ရတဲ့အကြောင်း ရင်းတွေလည်း ကျွန်တော်တို့ဆီမှာရှိပါတယ်။” လို့ ယူကရိန်းအကျပ်အတည်းကိစ္စပြောဆိုအပြီးမှာ ဘိုင်ဒန်က သ တင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။

 

Russian troops have received order to invade Ukraine: report

 

#PeopleMedia

 

(unicode)


………………………………………………………………

 


 


 


 


 


 


 

Russian troops have received order to invade Ukraine: report

 

#PeopleMedia


Share this post