• Follow Us on

Home ယူကရိန်းကို တိုက်လေယာဉ်တွေအစား ဒရုန်းတွေပို့ဆောင်ပေးဖို့လိုတယ်လို့ အမေရိကန်အရာရှိပြော

ယူကရိန်းကို တိုက်လေယာဉ်တွေအစား ဒရုန်းတွေပို့ဆောင်ပေးဖို့လိုတယ်လို့ အမေရိကန်အရာရှိပြော

Share this post

နိုင်ငံတကာ၊ မတ် ၁၂

 

ရုရှားတပ်မတော်မှာ လေတပ်အင်အားကြီးကြီးမားမားရှိပြီး လေကြောင်းရန်ကာကွယ်ရေးအင်အားလည်း ကြီး ကြီးမားမားရှိနေတာကြောင့် ယူကရိန်းနိုင်ငံကို လေယောဉ်တွေပို့ဆောင်ပေးတာဟာ ထိရောက်မှာမဟုတ်ဘဲ ဒရုန်းတွေ ပို့ဆောင်ပေးဖို့လိုတယ်လို့ အမေရိကန်အရာရှိတစ်ဦးက ပြောပါတယ်။

 

“ယူကရိန်းကို တိုက်လေယာဉ်တွေပို့ပေးတာဟာ ပြဿနာတွေကို ပြေလည်အောင်ဖြေရှင်းနိုင်မယ်လို့ထင်ရင် အ တော်အသိဉာဏ်နည်းပါးတာဖြစ်ပါလိမ့်မယ်။ ယူကရိန်းတွေ အမှန်တကယ်လိုအပ်နေတာက မြေပြင်-ဝေဟင်ပစ် ဒုံးကျည်တွေ၊ ပခုံးထမ်းဒုံးကျည်တွေ၊ တင့်ဖျက်လက်နက်တွေ၊ လက်နက်ငယ်တွေ၊ ခဲယမ်းတွေပဲဖြစ်တယ်။ ပြီး တော့ ထိထိရောက်ရောက်အသုံးပြုဖို့အတွက် ဒရုန်းတွေလည်း ပံ့ပိုးပေးဖို့လိုပါတယ်။” လို့ အဆိုပါ အမေရိကန် ရာရှိကပြောပါတယ်။

 

ရုရှားစစ်လေယာဉ်တွေဟာ တစ်ရက်ကို အခေါက်ရေ ၂၀၀ ဝန်းကျင် ပျံသန်းဝင်ရောက်နေပြီး ယူကရိန်းလေ ယာဉ်ကတော့ တစ်ရက်ကို ၁၀ ခေါက်ဝန်းကျင် ပျံသန်းတယ်လို့ သိရပါတယ်။

 

ယူကရိန်းကောင်းကင်ယံကို ယူကရိန်းရော ရုရှားဘက်ကပါ မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်တွေနဲ့ စောင့်ကြည့်နေ ပြီး နှစ်ဖက်စလုံးအတွက် အန္တရာယ်ရှိတဲ့လေကြောင်းစစ်ဆင်ရေးဖြစ်တယ်လို့ဆိုပါတယ်။

 

ဒါပေမဲ့ ရုရှားလေယဉ်တွေဟာ ယူကရိန်းကိုတိုက်ခိုက်ဖို့အတွက် ယူကရိန်းလေကြောင်းပိုင်နက်ထဲအထိ ဝင်လာ စရာမလိုဘူးလို့ ဆိုပါတယ်။

 

“လေယာဉ်ပေါ်ကနေ ခရုစ်ဒုံးကျည်တွေကို အဝေးကြီးကပစ်လို့ရပါတယ်။ ကိုယ်ပစ် မယ့် ပစ်မှတ်ဟာ တခြားအရာတွေနဲ့ နှိုင်းယှဉ်လို့ နီးတယ်ဆိုရင် လေယာဉ်ကို လေကြောင်းပိုင်နက်ထဲအထိ မောင်းဝင်လာစရာမလိုပါဘူး။ အဝေးကနေ လှမ်းပစ်လိုက်ရုံပါပဲ။” လို့ အမေရိကန်အရာရှိကပြောပါတယ်။

 

ပထမဦးဆုံးအကြိမ်အဖြစ် ယူကရိန်းဂျက်တိုက်လေယာဉ်အရေအတွက်နဲ့ ဘယ်လိုအသုံးပြုနေတယ်ဆိုတာ အဲဒီ အရာရှိက ပြောပြပါတယ်။

 

“သူတို့ (ယူကရိန်း) မှာ လက်ရှိ တိုက်လေယာဉ် ၅၆ စင်းရှိပါတယ်။ တစ်ရက်ကို ငါး ကြိမ်ကနေ ဆယ်ကြိမ်အထိ ပျံသန်းနေပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

ယူကရိန်းတပ်ဖွဲ့ဝင်တွေဟာ ဒရုန်းတွေကို အကောင်းဆုံးအသုံးပြုနေကြတယ်၊ အထူးသဖြင့် ရုရှားမြေပြင်တပ်ဖွဲ့ ဝင်တွေကို ချေမှုန်းတိုက်ခိုက်ရာမှာ ဒရုန်းတွေကိုအသုံးပြုပြီး ချေမှုန်းနိုင်ကြတယ်၊ ဒရုန်းတွေကို တိုက်ခိုက်ရေး တာဝန်တွေအပြင် ကင်းထောက်လုပ်ငန်းတွေ၊ ထောက်လှမ်းရေး လုပ်ငန်းတွေမှာပါအသုံးပြုနေကြတယ်လို့ အဆိုပါအမေရိကန်အရာရှိက ပြောပါတယ်။

 

“ဒရုန်းတွေကို ထိထိရောက်ရောက် ဘယ်လိုအသုံးပြုရမယ်ဆိုတာ ယူကရိန်းတွေကို သင်တန်းတွေပေးထားပြီး သားဖြစ်ပါတယ်။ ယူကရိန်းတွေဟာ ရုရှားရေဒါတွေကို ရှောင်ရှားပြီး ဒရုန်းတွေကို ကောင်းကောင်းထိန်းချုပ် ပျံ သန်းအသုံးပြုနိုင်ကြပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

ဒရုန်းတွေဟာ တိုက်လေယာဉ်တွေထက် အများကြီး ဈေးသက်သာတဲ့အပြင် မောင်းသူမဲ့လေယာဉ်တွေဖြစ်တာ မို့ လေသူရဲကျဆုံးမှာနဲ့ အဖမ်းခံရမယ့်အန္တရာယ်က ကင်းဝေးစေတယ်လို့လည်း ၎င်းကပြောပါတယ်။

 

လက်ရှိအချိန်အထိ ရုရှားနိုင်ငံက ယူကရိန်းကို ဒုံးကျည် အစင်း ၈၁၀ နီးပါး ပစ်ခတ်ပြီး အဲဒီအထဲက ဒုံးကျည် တစ်ဝက်လောက်ကို ယူကရိန်းနိုင်ငံက ကြားုဖြတ်ပစ်ချနိုင်ခဲ့တယ်လို့ဆိုပါတယ်။

 

Ref: Ukraine using drones to ‘great effect’ on Russian forces: Pentagon updates

 

(unicode)


…………………………………………….

 


 


 


 


 


 


 


 


 


 


 


 


 


 

Ref: Ukraine using drones to ‘great effect’ on Russian forces: Pentagon updates


Share this post