• Follow Us on

Home ယူကရိန်းကို ရုရှားက ၁၅ ရက်ကြာ ထိုးစစ်ဆင်နွှဲမယ်လို့ပါရှိတဲ့ လျှို့ဝှက်စစ်ဆင်ရေးစီမံချက်ကို ရုရှားတပ်ဖွဲ့ဝင် တွေကျန်ရစ်ခဲ့ရာ ယူကရိန်းစစ်သားများသိမ်းဆည်းရရှိ

ယူကရိန်းကို ရုရှားက ၁၅ ရက်ကြာ ထိုးစစ်ဆင်နွှဲမယ်လို့ပါရှိတဲ့ လျှို့ဝှက်စစ်ဆင်ရေးစီမံချက်ကို ရုရှားတပ်ဖွဲ့ဝင် တွေကျန်ရစ်ခဲ့ရာ ယူကရိန်းစစ်သားများသိမ်းဆည်းရရှိ

Share this post

နိုင်ငံတကာ၊ မတ် ၃ (People Media)

 

ယူကရိန်းတပ်ဖွဲ့ဝင်တွေဟာ ရုရှားစစ်သည်တွေကျန်ရစ်ခဲ့တဲ့ လျှို့ဝှက်စစ်ဆင်ရေးစီမံချက်တွေကို သိမ်းဆည်းရရှိ ခဲ့ကြောင်း ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနကပြောပါတယ်။ အဲဒီစစ်ဆင်ရေးစီမံချက်တွေထဲမှာ ယူကရိန်းကို တိုက်ခိုက်နေတဲ့ ရုရှားထိုးစစ်ကို ၁၅ ရက်ကြာဆင်နွှဲသွားမယ်လို့ ပါရှိကြောင်းသိရပါတယ်။

 

သိမ်းဆည်းရမိတဲ့အထောက်အထားတွေကို ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနက လူမှုကွန်ရက်ပေါ်မှာတင် ထားလိုက်ပြီး ဒီစစ်ဆင်ရေးစီမံချက်တွေဟာ ရုရှားပင်လယ်နက်ရေတပ်အုပ်စုရဲ့ အမှတ် ၈၁၀ ကမ်းတက်တပ် ရင်း၊ နည်းဗျူဟာမြောက်တိုက်ခိုက်ရေးအုပ်စုတွေထဲက အစီအစဉ်တစ်ခုဖြစ်ကြောင်း ထုတ်ဖော်ပြသလိုက်ပါ တယ်။

 

အဲဒီစီမံချက်မှတ်တမ်းထဲမှာ ကျူးကျော်တိုက်ခိုက်မယ့်မြေပုံတစ်ခု၊ ဆက်သွယ်ရေးဇယားတစ်ခုနဲ့ အရာရှိ/ စစ် သည်အင်အားစာရင်းတွေ ပါရှိကြောင်း ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနကပြောပါတယ်။

 

ယူကရိန်းပုူးတွဲတပ်ပေါင်းစုများစစ်ဆင်ရေးဌာနချုပ်က လူမှုကွန်ရက်ပေါ်မှာအလားတူ ပို့စ်တစ်ခုထုတ်ဖော်ပြသ လိုက်ပြီးတဲ့နောက်မှာ ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနက အခုလို လူမှုကွန်ရက်ပေါ်မှာ ရုရှားတွေဆီကသိမ်း ဆည်းရရှိတဲ့ စစ်ဆင်ရေးစီမံချက်ကို တင်လိုက်တာဖြစ်ပါတယ်။

 

“ယူကရိန်းတပ်ဖွဲ့ဝင်တွေထဲက တပ်ဖွဲ့တစ်ခုရဲ့ အောင်မြင်တဲ့တိုက်ခိုက်မှုတွေကြောင့် ကျူးကျော်သူရုရှားတပ် တွေဟာ စစ်လက်နက်ပစ္စည်းတွေဆုံးရှုံးရုံမက လူတွေပါကျဆုံးခဲ့ကြပါတယ်။ အတင်းထိုးဖောက်တိုက်ခိုက်တာ ခံလိုက်ရလို့ ရုရှားတွေအခုလို စစ်ဆင်ရေးစီမံချက်တွေ ကျန်ရစ်ခဲ့တာဖြစ်ပါတယ်။” လို့ ယူကရိန်းကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

 

သိမ်းဆည်းရမိတဲ့မှတ်တမ်းတွေအရ ရုရှားတွေဟာ ယူကရိန်းကျူးကျော်စစ်ကို တိုက်ခိုက်ဖို့ ဇန်နဝါရီလ ၁၈ ရက်နေ့မှာ အတည်ပြုထားတယ်လို့ဆိုပါတယ်။ စစ်ဆင်ရေးုကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကနေ မတ်လ ၆ ရက် နေ့အထိ ဆင်နွှဲသွားမှာဖြစ်ပြီး ၁၅ ရက်ကြာတိုက်ခိုက်သွားမယ်လို့ဆိုပါတယ်။

 

ရုရှားသမ္မတဗလာဒီမာပူတင်ကတော့ ယူကရိန်းကျူးကျော်စစ်ကို ဖေဖော်ဝါရီ ၂၄ ရက်နေ့ မနက်အစောပိုင်းမှာ စတင်ခဲ့ပါတယ်။ ယူကရိန်းကိုကျူးကျော်တိုက်ခိုက်တဲ့ သမ္မတပူတင်ရဲ့စီမံချက်အပြည့်အစုံကိုတော့ ရှင်းရှင်းလင်း လင်းမသိရသေးပါဘူး။

 

ဒါပေမဲ့ ရုရှားခေါင်းဆောင်တွေဟာ တစ်ပတ်အတွင်း စစ်ပွဲအောင်မြင်မှုကို ကြေညာချင်တယ်လို့ ရုရှားဒုတိယနိုင် ငံခြားရေးဝန်ကြီးဟောင်းက အယ်ဂျာဇီးယားသတင်းဌာနကို ပြောပါတယ်။

 

ဒါပေမဲ့ ကျူးကျော်တိုက်ခိုက်ပြီး ခြောက်ရက်အတွင်းမှာ ရုရှားအဓိကမြို့တစ်မြို့ကိုသာသိမ်းပိုက်နိုင်သေးတဲ့အ တွက် ရုရှားတွေရဲ့ရည်ရွယ်ချက် မအောင်မြင်သေးဘူးလို့ ပြောနိုင်ပါတယ်။

 

Ref: Ukraine revealed secret battle plans left behind by Russian troops and claimed they showed Russia planned a 15-day war

 

#PeopleMedia

 

(unicode)


………………………………………………………………….

 


 


 


 


 


 


 


 


 


 


 

Ref: Ukraine revealed secret battle plans left behind by Russian troops and claimed they showed Russia planned a 15-day war

 

#PeopleMedia


Share this post