• Follow Us on

Home ယူကရိန်းခဲယမ်းသုံးစွဲမှု နေတိုးအဖွဲ့ဝင်နိုင်ငံတွေထုတ်လုပ်နိုင်စွမ်းထက် ကျော်လွန်နေကြောင်း နေတိုးအကြီး အကဲပြော

ယူကရိန်းခဲယမ်းသုံးစွဲမှု နေတိုးအဖွဲ့ဝင်နိုင်ငံတွေထုတ်လုပ်နိုင်စွမ်းထက် ကျော်လွန်နေကြောင်း နေတိုးအကြီး အကဲပြော

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၄

 

ယူကရိန်းနိုင်ငံရဲ့ခဲယမ်းသုံးစွဲမှုဟာ နေတိုးအဖွဲ့ဝင်နိုင်ငံတွေက ထုတ်လုပ်နိုင်စွမ်းထက် ပိုမိုသုံးစွဲနေပြီး နေတိုး လက်နက်တိုက်ထဲမှာ ခဲယမ်းလက်ကျန်တဖြည်းဖြည်းကုန်ခမ်းလာတဲ့အတွက် နေတိုးနိုင်ငံတွေအနေနဲ့ ခဲယမ်း တွေကို လက်ရှိထုတ်လုပ်နိုင်စွမ်းထက် တိုးမြှင့်ထုတ်လုပ်ဖို့လိုအပ်နေပြီဖြစ်ကြောင်း နေတိုးအတွင်းရေးမှူးချုပ် ဂျန်းဆော့တန်းဘာ့ဂျ်က ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ပြောကြားလိုက်ပါတယ်။

 

“ယူကရိန်းမှာဖြစ်ပွားနေတဲ့စစ်ပွဲက ခဲယမ်းတွေအလွန်သုံးစွဲနေရပါတယ်။ ကျွန်တော်တို့ မဟာမိတ်နိုင်ငံတွေမှာ ရှိတဲ့ လက်နက်တိုက်ထဲကခဲယမ်းတွေလည်း လျော့ပါးလာပါပြီ။” လို့ ဆော့တန်းဘာ့ဂျ်က သတင်းထောက်တွေ ကို ပြောပါတယ်။

 

“ယူကရိန်းစစ်ပွဲမှာ သုံးစွဲနေတဲ့ ခဲယမ်းသုံးစွဲမှုလက်ရှိပမာဏက ကျွန်တော်တို့ လက်ရှိထုတ်လုပ်နိုင်တဲ့ ပမာဏ ထက်ကျော်လွန်နေပါတယ်။ ဒီအခြေအနေဟာ ကျွန်တော်တို့ ခဲယမ်းထုတ်လုပ်မှုကို အများကြီး ပြဿနာဖြစ်စေ ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

ခဲယမ်းတိုးမြှင့်ထုတ်လုပ်ဖို့ လက်ရှိစောင့်နေရတဲ့ကာလဟာ ၁၂ လကနေ ၂၈ လအထိ ကြာမြင့်လာပြီဖြစ်တဲ့အ တွက် နေတိုးအဖွဲ့အနေနဲ့ ပြဿနာတစ်ရပ်ကို ရင်ဆိုင်နေရကြောင်း ဂျန်းဆော့တန်းဘာ့ဂျ်က ဝန်ခံပြောကြားခဲ့ပါ တယ်။

 

ဒါပေမဲ့ ယူကရိန်းနိုင်ငံကို ခဲယမ်းတွေဆက်လက်ထောက်ပံ့ဖို့အတွက်ရော နေတိုးအဖွဲ့ဝင်နိုင်ငံတွေရဲ့လက်နက် တိုက်တွေကို ပြန်လည်ဖြည့်တင်းဖို့အတွက်ရော နေတိုးအဖွဲ့ဝင်နိုင်ငံတွေက ဆောင်ရွက်နေတာကို ၎င်းအနေနဲ့ ယုံကြည်ကြောင်း ဆော့တန်းဘာ့ဂျ်က ပြောပါတယ်။

 

ရုရှားသမ္မတဗလာဒီမာပူတင်အနေနဲ့ နောက်ထပ်ထိုးစစ်ကြီးတစ်ခုစတင်တော့မှာဖြစ်တယ်လို့ ဆော့တန်းဘာ့ဂျ် က ပြောဆိုနေစဉ်အတွင်း ယူကရိန်းနိုင်ငံကို ဒေါ်လာဘီလျံပေါင်းများစွာတန်ကြေးှရှိတဲ့ လက်နက်ခဲယမ်းတွေ ထောက်ပံ့ခဲ့တဲ့ အနောက်နိုင်ငံတွေဟာ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ယူကရိန်းစစ်ပွဲရဲ့ခဲယမ်းလိုအပ်ချက်တွေ ကို ဆွေးနွေးဖို့ ဘရပ်ဆဲလ်မြို့မှာတွေ့ဆုံကြမှာဖြစ်ပါတယ်။

 

လက်ရှိအချိန်မှာ ယူကရိန်းနိုင်ငံက ဂျက်တိုက်လေယာဉ်တွေတောင်းဆိုထားတာနဲ့ပတ်သက်ပြီးတော့လည်း မ ဟာမိတ်နိုင်ငံတွေကြားမှာ ဆွေးနွေးနေဆဲဖြစ်ကြောင်း နေတိုးအဖွဲ့အကြီးအကဲက ပြောပါတယ်။

 

ဒါပေမဲ့ အဓိကဦးစားပေးဆွေးနွေးနေတာကတော့ လိုအပ်တဲ့ခဲယမ်းတွေ ယူကရိန်းနိုင်ငံကို လိုအပ်တဲ့အချိန်မှာ အချိန်ကိုက်ရောက်ရှိသွားနိုင်ရေး တိတိကျကျ ဂရုစိုက်ဆောင်ရွက်နိုင်ဖို့အရေးကို ဆွေးနွေးနေတာဖြစ်ပြီး မဟာ မိတ်နိုင်ငံတွေက ကတိပြုထားပြီးဖြစ်တဲ့ လက်နက်ကြီးတွေနဲ့ သံချပ်ကာယာဉ်တွေကို တင်ပို့ပေးနိုင်ရေးတို့ကို လည်း ဆွေးနွေးနေကြောင်း ၎င်းက ပြောပါတယ်။

 

Ref: Ukraine Using More Munitions than NATO Producing: Stoltenberg

 

#PeopleMedia

 

(unicode)


…………………………………………

 


 


 


 


 


 


 


 


 


 

Ref: Ukraine Using More Munitions than NATO Producing: Stoltenberg

 

#PeopleMedia


Share this post