• Follow Us on

Home ယူကရိန်းစစ်ပွဲမှာ ဓာတုလက်နက်နဲ့ ဇီဝလက်နက်တွေ အသုံးပြုဖို့ ပူတင်စဉ်းစားနေကြောင်း ဘိုင်ဒန်ပြော

ယူကရိန်းစစ်ပွဲမှာ ဓာတုလက်နက်နဲ့ ဇီဝလက်နက်တွေ အသုံးပြုဖို့ ပူတင်စဉ်းစားနေကြောင်း ဘိုင်ဒန်ပြော

Share this post

နိုင်ငံတကာ၊ မတ် ၂၂

 

ရုရှားနိုင်ငံဟာ ယူကရိန်းစစ်ပွဲမှာ ဓာတုလက်နက်နဲ့ ဇီဝလက်နက်တွေ အသုံးပြုဖို့ စဉ်းစားနေကြောင်း အမေရိ ကန် သမ္မတဂျိုးဘိုင်ဒန်က မတ်လ ၂၁ ရက်နေ့က ပြောဆိုလိုက်ပြီး အဲဒီလို အသုံးပြုလာမယ်ဆိုရင် အနောက် နိုင်ငံတွေရဲ့ ပြင်းထန်တဲ့တုံ့ပြန်မှုနဲ့ ရင်ဆိုင်ရမှာဖြစ်ကြောင်း သတိပေးလိုက်ပါတယ်။

 

“သူ့ရဲ့ဆုံးရှုံးမှုကို ရှောင်လွှဲဖို့ မဟုတ်တာလုပ်ဖို့ စဉ်းစားနေတယ်။ (ယူကရိန်းမှာ ဓာတုနဲ့ ဇီဝလက်နက်တွေတွေ့ တယ်ဆိုတာ) လုံးဝမမှန်ပါဘူးဗျာ။ ကျွန်တော်အာမခံပါတယ်။ သူက ယူကရိန်းမှာ ဓာတုနဲ့ ဇီဝ လက်နက်တွေ တွေ့တယ်လို့ချည်း ပြောနေတယ်။ ဒါဟာ အဲဒီလက်နက်တွေကို သူအသုံးပြုချင်နေလို့ အကြောင်းရှာနေတာပါ။” လို့ သမ္မတဂျိုးဘိုင်ဒန်က ပြောပါတယ်။

 

ယူကရိန်းနိုင်ငံက အမေရိကန်နိုင်ငံက ထောက်ပံ့ထားတဲ့ ဓာတုလက်နက်စီမံကိန်းတွေကို ဖုံးကွယ်ဖို့ နည်းလမ်း တွေရှာဖွေနေတယ်လို့ ရုရှားနိုင်ငံက စွပ်စွဲလိုက်ပြီးတဲ့နောက် အခုလအစောပိုင်းမှာ တခြားအနောက်နိုင်ငံတွေလို အမေရိကန်အစိုးရက ကြေညာချက်တွေ ထုတ်ပြန်လိုက်ပြီးနောက်မှာ ဘိုင်ဒန်ရဲ့ သတိပေးပြောဆိုချက်ထွက် ပေါ်လာတာပဲဖြစ်ပါတယ်။

 

“အခု ရုရှားနိုင်ငံက အခုလို မှားယွင်းစွပ်စွဲလိုက်ပြီဆိုတော့ ယူကရိန်းနိုင်ငံမှာ ရုရှားတပ်တွေက ဓာတုနဲ့ ဇီဝ လက်နက်တွေအသုံးပြုလာနိုင်တဲ့အရေးကို ကျွန်တော်တို့အားလုံး ဂရုတစိုက်စောင့်ကြည့်ဖို့ လိုအပ်လာပြီဖြစ် ပါတယ်။” လို့ အိမ်ဖြူတော်သတင်းပြန်ကြားရေးအရာရှိ ဂျန်းဆာကီက တွစ်တာမှာရေးသားထားပါတယ်။

 

အဲဒီလို ဓာတု/ ဇီဝလက်နက်တွေအသုံးပြုလာမယ်ဆိုရင် အခြေအနေတွေ ဆိုးရွားပြင်းထန်လာမှာဖြစ်ကြောင်း ဘိုင်ဒန်က တနင်္လာနေ့ကပြောဆိုခဲ့ပေမဲ့ အနောက်နိုင်ငံတွေက ဘယ်လိုတုံ့ပြန်မယ်ဆိုတာကိုတော့ ရှင်းရှင်း လင်းလင်းပြောကြားခြင်းမရှိပါဘူး။

 

နေတိုးအဖွဲ့ဟာစုစည်းညီညွတ်တဲ့ မဟာမိတ်အဖွဲ့ဖြစ်တာကြောင့် နောက်ဆက်တွဲဆိုးကျိုးတွေကို ရင်ဆိုင်ရမယ် ဆိုတာ ပူတင်အနေနဲ့သိထားကြောင်း ဘိုင်ဒန်ကပြောဆိုပေမဲ့ အနောက်မဟာမိတ်နိုင်ငံတွေက ဘယ်လိုအရေး ယူဆောင်ရွက်မယ်ဆိုတာကိုတော့ အသေးစိတ်ပြောဆိုခြင်းမရှိပါဘူး။

 

Ref: Biden Says Putin Considering Using Chemical, Biological Weapons in Ukraine

 

(unicode)


……………………………………..

 


 


 


 


 


 


 


 

Ref: Biden Says Putin Considering Using Chemical, Biological Weapons in Ukraine


Share this post