• Follow Us on

Home ယူကရိန်းစစ်ပွဲမှာ ဗြိတိန်စစ်သားဟောင်း ၃ ဦး ကျဆုံးတယ်လို့ ပြော

ယူကရိန်းစစ်ပွဲမှာ ဗြိတိန်စစ်သားဟောင်း ၃ ဦး ကျဆုံးတယ်လို့ ပြော

Share this post

နိုင်ငံတကာ၊ မတ် ၁၅

 

ပိုလန်နယ်စပ်အနီး ယူကရိန်းအနောက်ပိုင်းက ယာဗိုယိဗ်မြို့အနီး စစ်အခြေစိုက်စခန်းတစ်ခုမှာ တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ ဗြိတိန်အထူးတပ်ဖွဲ့ဝင်ဟောင်းသုံးဦး ကျဆုံးခဲ့တယ်လို့ ဗြိတိန်နိုင်ငံထုတ် Daily Mirror သတင်းစာက ဖော်ပြလိုက်ပါတယ်။

 

အဲဒီသုံးဦးဟာ နိုင်ငံတကာငြိမ်းချမ်းမှုထိန်းသိမ်းရေးနဲ့ လုံခြုံရေးစင်တာမှာ သင်တန်းပေးထားတဲ့ ပြည်ပတိုက် ခိုက်ရေးသမားအဖွဲ့ထဲက မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် အဲဒီသုံးဦးဟာ ဗြိတိန်နိုင်ငံက ဘယ်အဖွဲ့အစည်း မှာတာဝန်ထမ်းဆောင်ခဲ့တယ်ဆိုတာလည်း မသိဘူးလို့ဆိုပါတယ်။

 

ရုရှားတွေရဲ့တိုက်ခိုက်မှုကြောင့် ဗြိတိန်တပ်မတော်က တစ်ယောက်မှ ထိခိုက်ဒဏ်ရာရတာ၊ ကျဆုံးတာ မရှိဘူး လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနကပြောပေမဲ့ ဒီအဖြစ်အပျက်ဟာ တာဝန်ထမ်းဆောင်နေတဲ့စစ်သားတွေရဲ့ ကံကြမ္မာနဲ့ပတ်သက်ဆက်နွယ်နေတယ်လို့ ပြောလိုက်ပါတယ်။

 

ဗြိတိန်စစ်သားသုံးဦးသေဆုံးတယ်ဆိုတဲ့သတင်းနဲ့ပတ်သက်ပြီး အစောတလျဉ်စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွား မယ်လို့ ဗြိတိန်နိုင်ငံခြားရေးနဲ့ ဓနသဟာယရုံးက ဝန်ခံပြောကြားခဲ့တယ်လို့ Daily Mirror က ဖော်ပြခဲ့ပါတယ်။

 

ရုရှားစစ်ပွဲမှာ ဗြိတိန်စစ်သည်တွေ သွားရောက်တိုက်ခိုက်ခဲ့လို့ ဗြိတိန်စစ်သားတွေ အဖမ်းခံခဲ့ရရင် စစ်ပွဲမှာ ဗြိတိန် တပ်မတော်ကပါဝင်တိုက်ခိုက်နေပါတယ်ဆိုပြီး ရုရှားဘက်က စွပ်စွဲလာမှာကို စိုးရိမ်တဲ့အတွက် ယူကရိန်းစစ်ပွဲ မှာ ဗြိတိန်နိုင်ငံသားတွေ ဝင်ရောက်တိုက်ခိုက်ခြင်းမလုပ်ဖို့ ဗြိတိန်အစိုးရက သူ့နိုင်ငံသားတွေကို မေတ္တာရပ်ခံခဲ့ ပါတယ်။

 

ယူကရိန်းအာဏာပိုင်တွေပြောကြားချက်အရ ယာဗိုယိဗ်မြို့အနီးက တိုက်ပွဲမှာ ၃၅ ဦးသေဆုံးခဲ့ပြီး ၁၅၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။

 

ရုရှားဘက်က ပြောကြားချက်အရ အခုအချိန်အထိ ပြည်ပနိုင်ငံက ကြေးစား စစ်သား ၁၈၀ အထိ သေဆုံးခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ ပြည်ပနိုင်ငံပေါင်း ၅၀ ကျော်က စေတနာ့ဝန်ထမ်းတိုက်ခိုက်ရေးသမား ၂၀,၀၀၀ ကျော် ယူကရိန်းဘက်က ဝင် ရောက်တိုက်ခိုက်ပေးနေတယ်လို့ ယူကရိန်းအစိုးရက ပြောပါတယ်။

 

Ref: Three former British soldiers ‘killed by Russians in Ukraine’

 

(unicode)


…………………………………….

 


 


 


 


 


 


 


 


 

Ref: Three former British soldiers ‘killed by Russians in Ukraine’


Share this post