• Follow Us on

Home ယူကရိန်းစစ်ပွဲအတွင်း ရုရှားနိုင်ငံက စစ်လက်နက်ပစ္စည်း ဒေါ်လာ ၅ ဘီလျံဖိုး ဆုံးရှုံးသွားပြီဖြစ်ကြောင်း Forbes မဂ္ဂဇင်းကပြော

ယူကရိန်းစစ်ပွဲအတွင်း ရုရှားနိုင်ငံက စစ်လက်နက်ပစ္စည်း ဒေါ်လာ ၅ ဘီလျံဖိုး ဆုံးရှုံးသွားပြီဖြစ်ကြောင်း Forbes မဂ္ဂဇင်းကပြော

Share this post

နိုင်ငံတကာ၊ မတ် ၁၅

 

ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံကို အထူးစစ်ဆင်ရေးဆိုတဲ့နာမည်နဲ့ ကျူးကျော်တိုက်ခိုက်ခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကစပြီး ဒီကနေ့အချိန်အထိ စစ်လက်နက်ပစ္စည်း အမေရိကန်ဒေါ်လာ ၅ ဘီလျံကျော်ဖိုး ဆုံးရှုံးသွားပြီဖြစ် ကြောင်း Forbes မဂ္ဂဇင်းက စနေနေ့ (မတ်လ ၁၂ ရက်) က ရေးသားဖော်ပြလိုက်ပါတယ်။

 

ခန့်မှန်း ဆုံးရှုံးမှုတွေကို ယူကရိန်းအစိုးရနဲ့ ရုရှားအစိုးရတို့ဆီက အစီရင်ခံစာတွေအပါအဝင် အများသိထားတဲ့ သတင်းရင်းမြစ်တွေဆီကသတင်းတွေကို အခြေခံပြီး တွက်ချက်ထားတာဖြစ်ပါတယ်။

 

ရုရှားတပ်တွေ ကိယက်ဗ်မြို့နဲ့ အနီးအနားကမြို့တွေကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတုန်းမှာ ရုရှားစစ် တပ်က စစ်လက်နက်ပစ္စည်း ၂,၅၀၀ ကျော်ကို ဖျက်ဆီးပစ်လိုက်နိုင်တယ်လို့ ယူကရိန်း စစ်ဦးစီးအရာရှိချုပ်က ပြောပါတယ်။

 

စစ်ပွဲအတွင်းထိခိုက်ပျက်စီးခဲ့တဲ့ ရုရှားစစ်လက်နက်ပစ္စည်းတွေထဲမှာ လေယာဉ် ၅၈ စင်း၊ ရဟတ်ယာဉ် ၈၃ စင်း၊ တင့်ကား ၃၆၃ စီးနဲ့ သံချပ်ကာတိုက်ခိုက်ရေးယာဉ် ၁,၂၀၅ စီး ပါဝင်ကြောင်းသိရပါတယ်။

 

ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်ရာမှာ အသုံးပြုခဲ့တဲ့ စစ်လက်နက်ပစ္စည်းတစ်ခုချင်းစီရဲ့ ကုန်ကျစရိတ်တွေပေါ် အခြေခံပြီးတွက်ချက်ထားတာဖြစ်တယ်လို့ Forbes မဂ္ဂဇင်းက ပြောပါတယ်။

 

Su-25 တိုက်လေယာဉ်တစ်စင်းရဲ့တန်ဖိုးဟာ ဒေါ်လာ ၁၁ သန်း၊ Su-30 တိုက်လေယာဉ်ရဲ့တန်ဖိုးကတော့ ဒေါ်လာ ၃၃ သန်းဖြစ်ပြီး Su-34 တိုက်လေယာဉ်ကတော့ ဒေါ်လာ ၃၆ သန်း ဖြစ်ကြောင်းသိရပါတယ်။

 

Ilyushin Il-76 ဘက်စုံသုံးလေယာဉ် တစ်စင်းရဲ့တန်ဖိုးက ဒေါ်လာ ၈၆ သန်းရှိပြီး ဗက်ဆိုကိဗ်နဲ့မြို့နဲ့ ခရာပီဗီ ညက်စကီမြို့နားမှာ Ilyushin Il-76 လေယာဉ်နှစ်စင်း အဖျက်ဆီးခံလိုက်ရတယ်လို့ဆိုပါတယ်။

 

ဖေဖော်ဝါရီလ ၂၅ ရက်နေ့ တိုက်ပွဲတွေမှာ ယူကရိန်းတပ်တွေက အပြင်းအထန်ပြန်လည်ခုခံတိုက်ခိုက်တဲ့အ တွက် ရုရှားဘက်က စစ်လက်နက်ပစ္စည်း အများအပြားဆုံးရှုံးခဲ့တယ်လို့ Forbes မဂ္ဂဇင်းက ပြောပါတယ်။

 

စစ်ပွဲစတင်တဲ့အချိန်ကတည်းက ရုရှားဘက်ကပစ်ခတ်ခဲ့တဲ့ ဒုံးကျည်တွေရဲ့ တန်ဖိုးတွေကို ထည့်မတွက်ရသေး ဘူးလို့ Forbes မဂ္ဂဇင်းက ပြောပါတယ်။ ရုရှားတွေရဲ့ Iskander အီစ်ကန်ဒါပဲ့ထိန်းဒုံးကျည်တွေနဲ့ Kalibr ကလီ ဘာခရုစ်ဒုံးကျည်တွေရဲ့ စုစုပေါင်းတန်ဖိုးဟာ ဒေါ်လာ ၃ ဘီလျံဝန်းကျင်ရှိတယ်လို့ ဆိုပါတယ်။

 

တစ်ပြိုင်တည်းမှာပဲ စစ်ပွဲအတွင်းမှာ ရုရှားတင့်ကားတွေနဲ့ သံချပ်ကာကားတွေကို ယူကရိန်းစစ်သားတွေက သိမ်းပိုက်ခဲ့ပါတယ်။

 

ယူကရိန်းစစ်လက်နက်ပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီဖြစ်တဲ့ (Ukroboronprom) ယူကရို ဘရိုဖရွန်ကုမ္ပဏီက ယူကရိန်းစစ်သားတွေ သိမ်းဆည်းရမိတဲ့ ယာဉ်တွေကို ပြန်လည်ပြင်ဆင်ပြီး ပြုပြင်ထိန်းသိမ်းမှုတွေလုပ်ပေး နေတယ်လို့ သိရပါတယ်။

 

စစ်လက်နက်ပစ္စည်းတွေဆုံးရှုံးတဲ့အပြင် စစ်ပွဲကာလအတွင်းမှာ ရုရှားစစ်သည် ၁၂,၀၀၀ ကျော်ကျဆုံးသွားပြီဖြစ် တယ်လို့ သိရပါတယ်။

 

Ref: Russia Loses $5 Billion in Military Equipment Amid Ukraine War: Report

 

(unicode)


…………………………………………

 


 


 


 


 


 


 


 


 


 


 


 


 


 

Ref: Russia Loses $5 Billion in Military Equipment Amid Ukraine War: Report


Share this post