• Follow Us on

Home ယူကရိန်းစစ်လေယာဉ်ပျက်ကျမှုကြောင့် ဗိုလ်လောင်းများအပါအ၀င် လူ ၂၂ ယောက်သေဆုံး


Share this post

ကိယက်ဗ်၊ စက်တင်ဘာ ၂၆
 
 
 
 
 
 
#PeopleMedia
 
(Unicode)
ယူကရိန်းစစ်လေယာဉ်ပျက်ကျမှုကြောင့် ဗိုလ်လောင်းများအပါအဝင် လူ ၂၂ ယောက်သေဆုံး
…………………………………………..
 
ကိယက်ဗ်၊ စက်တင်ဘာ ၂၆
 
ယူကရိန်းနိုင်ငံတွင် စစ်ရဟတ်ယာဉ်တစ်စင်းပျက်ကျပြီးနောက် ဗိုလ်လောင်းအများအပြားပါဝင်သည့်လူ ၂၂ ယောက်သေဆုံးခဲ့သည်။
 
Antonov-26 လေယာဉ်သည် နိုင်ငံရှေ့ပိုင်း ခါကစ်မြို့အနီးတွင် မြေပြင်ကိုဆင်းသက်စဉ်ပျက်ကျခဲ့သည်။ ခါကစ်လေကြောင်းကာကွယ်ရေးတက္ကသိုလ်မှဗိုလ်လောင်းများကို သယ်ဆောင်လာပြီး လေ့ကျင့်ရေးခရီးစဉ်ပျံသန်းနေခြင်းဖြစ်သည်။
 
လေယာဉ်ပေါ်တွင် လူ ၂၇ ယောက်ပါလာသည်ဟု အရေးပေါ်ရေးရာဝန်ကြီးဌာနကပြောသည်။ လူ ၂ ယောက်စိုးရိမ်ရသည့်အခြေအနေတွင်ရှိနေပြီး ပျောက်ဆုံးနေသူ ၃ ယောက်ကို ရှာဖွေရေးလုပ်ငန်းများ လုပ်နေသည်။
 
ရုရှားကိုထောက်ခံသည့်နိုင်ငံအရှေ့ပိုင်းမှခွဲထွက်ရေးသမားများနှင့်ယူကရိန်းအစိုးရတပ်ဖွဲ့များကြားဖြစ်နေသည့် ပဋိပက္ခနှင့် ယခုလေယာဉ်ပျက်ကျမှုဆက်စပ်မှုရှိ၊ မရှိ မသိရသေးချေ။
 
Ref : Ukraine military plane crash: Cadets among at least 22 people killed
 
#PeopleMedia

Share this post