• Follow Us on

Home ယူကရိန်းတပ်ဖွဲ့ဝင်များ ယခုလအတွင်း စစ်ရေးလေ့ကျင့်ခဲ့သည့် ဂျာမနီနိုင်ငံရှိ အမေရိကန်စစ်စခန်းများကို ရုရှားကိုယ်စားလှယ်များ သွားရောက်စစ်ဆေးခဲ့

ယူကရိန်းတပ်ဖွဲ့ဝင်များ ယခုလအတွင်း စစ်ရေးလေ့ကျင့်ခဲ့သည့် ဂျာမနီနိုင်ငံရှိ အမေရိကန်စစ်စခန်းများကို ရုရှားကိုယ်စားလှယ်များ သွားရောက်စစ်ဆေးခဲ့

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၃၁ (People Media)

 

ယူကရိန်းတပ်ဖွဲ့ဝင်များ အမေရိကန်တပ်များနှင့်အတူ စစ်ရေးလေ့ကျင့်မှုလက်စသတ်ပြီးနောက် အချိန်တိုအ တွင်း အာမခံထားသည့်စစ်ဆေးမှုများပြုလုပ်ရန် လွန်ခဲ့သည့်သီတင်းပတ်က ရုရှားအစိုးရကိုယ်စားလှယ်များ သည် ဂျာမနီနိုင်ငံ ဘာဗရီယာပြည်နယ်ရှိ အမေရိကန်လေ့ကျင့်ရေးစခန်းများသို့ သွားရောက်ခဲ့သည်။

 

ဒီဇင်ဘာလ ၂၁ ရက်နေ့မှစ၍ နှစ်ရက်ကြာခရီးစဉ်အဖြစ် လာရောက်ခဲ့သော ရုရှားစစ်ဆေးရေးအဖွဲ့ကို ဘာဗရီ ယာအမေရိကန်ကြည်းတပ်လေ့ကျင့်ရေးစခန်းတွင် လက်ခံကြိုဆိုခဲ့ကြောင်း ဥရောပနှင့် အာဖရိက အမေရိကန်  ကြည်းတပ်က ပြောသည်။

 

အဆိုပါစစ်ဆေးမှုမှာ ၂၀၁၁ ခုနှစ် ဗီယင်နာစာချုပ်ပါ စည်းမျဉ်းများအရ လာရောက်စစ်ဆေးခြင်းဖြစ်ပြီး ယင်းစာ ချုပ်မှာ ဥရောပနိုင်ငံများနှင့် ဗဟိုအာရှိနိုင်ငံအချို့ကြားတွင် လက်နက်ဖျက်သိမ်းရေး၊ လုံခြုံရေးနှင့် ပွင့်လင်းမြင် သာမှုရှိရေးတို့အတွက် သဘောတူချုပ်ဆိုထားသော စာချုပ်ဖြစ်သည်။

 

စစ်ဆေးခြင်းများမှာ ယင်းစာချုပ်နှင့် အခြားလက်နက်ထိန်းချုပ်ရေးစာချုပ်များအရ ပုံမှန်ပြုလုပ်နေကျဖြစ်သော် လည်း ယခုတစ်ကြိမ်စစ်ဆေးမှုမှာ ရုရှားနိုင်ငံက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်လာနိုင်သည့် အရိပ်လက္ခ ဏာများပေါ်ထွက်နေမှုကို အမေရိကန်နှင့် ဥရောပနိုင်ငံများက စိုးရိမ်နေသည့်ဖြစ်ရပ်ကို ဆန့်ကျင်လျက် ရောက် ရှိလာခြင်းဖြစ်သည်။

 

ရုရှားကိုယ်စားလှယ်များ အမေရိကန်စစ်စခန်းကိုလာရောက်သည့်သတင်းမှာ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နှင့် ရုရှားသမ္မတဗလာဒီမာပူတင်တို့ တင်းမာမှုများလျှော့ချနိုင်ရေးအတွက် လာမည့်ဆွေးနွေးပွဲတွင် တစ်ယောက်  ချင်း စကားပြောရန် အစီအစဉ်များချမှတ်နေသည့်နေ့နှင့် တစ်ပြိုင်တည်းပေါ်ထွက်လာခြင်းဖြစ်သည်။

 

ရုရှားကိုယ်စားလှယ်အဖွဲ့ခရီးစဉ်အတွင်း ငှားရမ်းထားသောစစ်စခန်းများနှင့် ပူးတွဲနိုင်ငံတကာတပ်ဖွဲ့ဝင်များဌာန ချုပ် Joint Multinational Readiness Center (JMRC) အကြောင်းကို အမေရိကန်အရာရှိများက ရှင်းပြခဲ့ကြ သည်။

 

အမေရိကန်ကြည်းတပ်သည် ရုရှားကိုယ်စားလှယ်များကို ဂရားဖန့်ဝိုယာ (Grafenwoehr) နှင့် ဟိုဟန့်ဖဲလ်စ် (Hohenfels) မြို့များရှိ လေ့ကျင့်ရေးစခန်းများ၊ ကတ်တဘာ့ဂျ်ကတ်ဇန် (Katterbach Kaserne) ကျေးရွာရှိ စစ်စခန်းနှင့် ဂရားဖန့်ဝိုယာ (Grafenwoehr) မြို့ရှိ စက်ပစ်ကွင်းများဆီသို့ လေကြောင်းခရီးစဉ်ဖြင့်လိုက်လံ ပို့ဆောင်ခဲ့သည်။

 

ဟိုဟန့်ဖဲလ်စ် (Hohenfels) မြို့ရှိ ပူးတွဲနိုင်ငံတကာတပ်ဖွဲ့ဝင်များဌာနချုပ် JMRC နယ်မြေအတွင်း ယူကရိန်း၊ ပို လန်နှင့် ယခင်ဆိုဗီယက်ပြည်ထောင်စုအဖွဲ့ဝင်ဟောင်းဖြစ်သော နိုင်ငံအချို့မှ တပ်ဖွဲ့ဝင်များပါဝင်သည့် တပ်ဖွဲ့ဝင် အင်အား ၄၆၀၀ ပါဝင်သော ၁၀ ရက်ကြာ စစ်ရေးလေ့ကျင့်မှုကို ဆောင်ရွက်ခဲ့ကြောင်း JMRC မှ တာဝန်ရှိအရာ ရှိများကပြောသည်။

 

“ဒီလိုစစ်ရေးလေ့ကျင့်မှုမျိုးမှာ ပါဝင်ဆောင်ရွက်ရတာ ကျွန်တော်တို့တပ်ခွဲအတွက်တော့ တကယ့်ကို မတူကွဲပြား တဲ့ အသစ်အဆန်းတစ်ခုပါပဲ။” ဟု ယူကရိန်းတပ်မတော်အမှတ် ၉၂ စက်မှုတပ်ဖွဲ့၊ စက်မှုတပ်ခွဲမှ ဒုတိယဗိုလ် အန်းဒရီးထရီတီယာ့ခ်က ပြောသည်။

 

ယင်းသဘောတူစာချုပ်တွင် ရုရှားနိုင်ငံနှင့် အမေရိကန်၊ ကနေဒါ၊ နေတိုးအဖွဲ့ဝင်နိုင်ငံများအပါအဝင် ဥရောပ လုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင် နိုင်ငံပေါင်း ၅၀ ကျော် ပါဝင်သည်။

 

Ref: Russians inspected US Army facilities in Germany where Ukrainians trained this month

 

#PeopleMedia

 

(unicode)


……………………………………………………………………

 


 


 


 


 


 


 


 


 


 


 


 

Ref: Russians inspected US Army facilities in Germany where Ukrainians trained this month

 

#PeopleMedia


Share this post