• Follow Us on

Home ယူကရိန်းတိုက်လေယာဉ်တွေကို လက်မခံဖို့ အနားကတိုင်းပြည်တွေကို ရုရှားသတိပေး

ယူကရိန်းတိုက်လေယာဉ်တွေကို လက်မခံဖို့ အနားကတိုင်းပြည်တွေကို ရုရှားသတိပေး

Share this post

နိုင်ငံတကာ၊ မတ် ၇

 

နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ရိုမေးနီးယားနိုင်ငံအပါအဝင် ယူကရိန်းရဲ့ အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ ယူကရိန်းအစိုး ရရဲ့ တိုက်လေယာဉ်တွေကို လက်ခံထားတာမျိုးမလုပ်ဖို့ ရုရှားနိုင်ငံက မတ်လ ၆ ရက်နေ့က သတိပေးလိုက်ပြီး လက်နက်ကိုင်ပဋိပက္ခမှာပါဝင်ပတ်သက်မှုကို အဆုံးသတ်ပစ်နိုင်တယ်လို့ ပြောကြားလိုက်ပါတယ်။

 

“ယူကရိန်းတိုက်လေယာဉ်တွေ ရိုမေးနီးယားနဲ့ တခြားအိမ်နီးချင်းနိုင်ငံတွေကို ပျံသွားကြတယ်ဆိုတာ ကျွန်တော် တို့ တိတိကျကျ သိထားပါတယ်။” လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် အီဂါကိုနာရှန်ကော့ဗ်က ပြောပါတယ်။

 

“ရုရှားတပ်မတော်ကို တိုက်ခိုက်ဖို့အတွက် ယူကရိန်းလေယာဉ်တွေ အခြေစိုက်ဖို့ အဲဒီနိုင်ငံတွေက လေကြောင်း ကွန်ရက်တွေကို အသုံးပြုတာကို အဲဒီနိုင်ငံတွေဟာ လက်ရှိဖြစ်ပွားနေတဲ့လက်နက်ကိုင်ပဋိပက္ခထဲမှာ ပါဝင်ပတ် သက်လာတယ်လို့ပဲ မှတ်ယူသွားမှာဖြစ်ပါတယ်။” လို့ ဂါကိုနာရှန်ကော့ဗ်က ပြောပါတယ်။

 

“ဒါက လက်နက်ကိုင်ပဋိပက္ခတွေရဲ့ ဥပဒေစည်းမျဉ်းတွေကို မထီမဲ့မြင်လုပ်နေတဲ့ မြေပြင်မှာတကယ်ဖြစ်ပျက်နေ တဲ့ အရပ်သားတွေအသတ်ခံနေရတာကို အာရုံလွှဲချင်လို့ ပြောဆိုနေတာပါ။” လို့ ရုပ်သံအင်တာဗျူးတစ်ခုတွင် ရို မေးနီးယားဝန်ကြီးချုပ် နပ်ကလပ်ဆီယူကာက ပြောပါတယ်။

 

ရုရှားအစိုးရဟာ ရိုမေးနီးယားကို ကြောက်လန့်စေချင်နေပြီး အဲဒီလိုကြောက်လန့်ဖို့အတွက် ကြိုးစားဆောင်ရွက် နေတာဖြစ်တယ်လို့ ၎င်းကပြောပါတယ်။

 

ဒါပေမဲ့ ရိုမေးနီးယားဟာ ကြောက်လန့်စရာ ဘာအကြောင်းမှမရှိဘူးလို့ ၎င်းက ဖြည့်စွက်ပြောပါတယ်။

 

ယူကရိန်းပဋိပက္ခစတင်ဖြစ်ပွားတဲ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ ရိုမေးနီးယားစစ်တပ်က သတင်းပို့တဲ့ အဖြစ်အ ပျက်ကို ဆီယူကာကပြောပြပါတယ်။

 

အဲဒီရက်မှာ ယူကရိန်းတိုက်လေယာဉ်တစ်စင်း ရိုမေးနီးယားလေကြောင်း ပိုင်နက်ထဲကိုဝင်လာတဲ့အတွက် ရိုမေးနီးယားလေယာဉ်တွေက ကြားဖြတ်ဝင်ရောက်တားဆီးပြီး မြေပြင်ကို ဆင်းသက်ခိုင်းခဲ့ပါတယ်။

 

ယူကရိန်းလေသူရဲ့တော့ အခုလို မှားယွင်းဝင်ရောက်လာမိတာဟာ နည်းပညာမှားယွင်းမှုကြောင့်ဖြစ်တယ်လို့ ရိုမေးနီးယားအာဏာပိုင်တွေကို ပြောပါတယ်။

 

အဲဒီတိုက်လေယာဉ်ကို လက်နက်ခဲယမ်းတွေဖြုတ်ထားလိုက်ပြီး ပြန်လည်ထွက်ခွာခွင့်ပေးလိုက်ကြောင်း၊ ဖြစ်စဉ် ဖြစ်ပွားပြီး ရက်အနည်းငယ်အကြာမှာ ရုရှားအစိုးရက အထင်လွဲတာကို ရှောင်ရှားလိုတဲ့အတွက် ဒီဖြစ်စဉ်ကို ပွင့် လင်းမြင်သာစွာသတင်းထုတ်ပြန်ခဲ့ကြောင်း ဝန်ကြီးချုပ်ဆီယူကာက ပြောပါတယ်။

 

လက်တွေ့အားဖြင့် ယူကရိန်းတိုက်လေယာဉ်တွေ အကုန်လုံး ဖျက်ဆီးခံထားရပြီးဖြစ်ကြောင်း ရုရှားကာကွယ် ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် အီဂါကိုနာရှန်ကော့ဗ်က ပြောပါတယ်။

 

ယူကရိန်းသမ္မတဗလာဒီမာဇီလန်စကီးကတော့ ရုရှားတိုက်ခိုက်မှုကိုကာကွယ်နိုင်ဖို့အတွက် ယူကရိန်းဝေဟင်ကို လေယာဉ်မပျံသန်းရဇုံအဖြစ်သတ်မှတ်ပေးဖို့ အနောက်အင်အားကြီးနိုင်ငံတွေကို တစာတစာ တောင်းဆိုခဲ့ပါ တယ်။

 

ရုရှားသမ္မတဗလာဒီမာပူတင်ကတော့ ယူကရိန်းဝေဟင်ပိုင်နက်ကို လေယာဉ်မပျံသန်းရဇုံအဖြစ် သတ်မှတ်ပေး တဲ့ ဘယ်နိုင်ငံမဆို ဒီလက်နက်ကိုင်ပဋိပက္ခထဲကို ပါဝင်ပတ်သက်လာတယ်လို့ မှတ်ယူသွားမှာဖြစ်ကြောင်း သတိပေးပြောဆိုထားပါတယ်။

 

Ref: Russia Warns Countries Against Hosting Ukraine Military Aircraft

 

#PeopleMedia

 

(unicode)


………………………………..

 


 


 


 


 


 


 


 


 


 


 


 


 


 


 

Ref: Russia Warns Countries Against Hosting Ukraine Military Aircraft

 

#PeopleMedia


Share this post