• Follow Us on

Home ယူကရိန်းနယ်စပ်တစ်လျှောက် တင်းမာမှုများလျှော့ချရန် ပူတင်ထံသို့ ဘိုင်ဒန်ဖုန်းဖြင့် ထပ်မံစကားပြော

ယူကရိန်းနယ်စပ်တစ်လျှောက် တင်းမာမှုများလျှော့ချရန် ပူတင်ထံသို့ ဘိုင်ဒန်ဖုန်းဖြင့် ထပ်မံစကားပြော

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၃၁ (People Media)

 

ရုရှားနိုင်ငံအနေဖြင့် ယူကရိန်းကိုကျူးကျော်တိုက်ခိုက်ခဲ့ပါက စီးပွားရေးအရေးယူပိတ်ဆို့မှုဒဏ်ကို အပြင်းအထန် ခံစားရမည်ဖြစ်ကြောင်း ရုရှားသမ္မတဗလာဒီမာပူတင်ကို အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ဒီဇင်ဘာလ ၃၀ ရက် နေ့က ထပ်မံသတိပေးလိုက်သည်။

 

သို့သော် ဒေသတွင်း နေတိုးအဖွဲ့ဦးဆောင်သည့်အနောက်အုပ်စုနိုင်ငံများ၏ စစ်ရေးတိုးချဲ့နေမှုနှင့်ပတ်သက်၍ ရု ရှားနိုင်ငံ၏ စိုးရိမ်ပူပန်မှုများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် အမေရိကန်ပြည်ထောင်စုအနေဖြင့် နည်းလမ်းတစ် ရပ် ရှာဖွေလျက်ရှိကြောင်းလည်း ဘိုင်ဒန်က ပြောသည်။

 

ရုရှားနိုင်ငံက ၎င်းတို့၏တပ်ဖွဲ့ဝင်များကို ယူကရိန်းနယ်စပ်တစ်လျှောက် အင်အား ၁၀၀၀၀၀ နီးပါး စုဖွဲ့ထားစဉ်  ယခုလအတွင်း ရုရှားသမ္မတနှင့် အမေရိကန်သမ္မတတို့ ဒုတိယအကြိမ်မြောက် ဖုန်းဖြင့်ဆက်သွယ်စကားပြောခဲ့ ခြင်းဖြစ်သည်။

 

လက်ရှိအခြေအနေကို အကျပ်အတည်းကာလအဖြစ် အမေရိကန်အရာရှိတစ်ဦးကပြောဆိုခဲ့သလို တင်းမာမှုများ လျော့ကျမည့်အရိပ်လက္ခဏာမမြင်ကြောင်း အမေရိကန်အရာရှိများက ပြောသည်။

 

“တင်းမာမှုတွေလျှော့ချဖို့ သမ္မတဘိုင်ဒန်က ရုရှားကိုတိုက်တွန်းခဲ့တယ်။ တကယ်လို့ ရုရှားက ယူကရိန်းကို ထပ် မံကျူးကျော်တိုက်ခိုက်မယ်ဆိုရင် အမေရိကန်ပြည်ထောင်စု၊ မဟာမိတ်နိုင်ငံတွေနဲ့ မိတ်ဖက်နိုင်ငံတွေအားလုံး ဟာ ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမယ်ဆိုတာ ဘိုင်ဒန်က ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ပါတယ်။” ဟု သမ္မတ နှစ်ဦး ဖုန်းဖြင့်စကားပြောဆိုပြီးနောက် အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲ အတွင်းရေးမှူး ဂျန်းဆာကီက ထုတ် ပြန်ကြေညာချက်တွင် ထည့်သွင်းပြောကြားသွားသည်။

 

သမ္မတနှစ်ဦး၏ မိနစ် ၅၀ ကြာ ဖုန်းဆက်သွယ်ပြောဆိုမှုမှာ အလေးအနက်ထားပြောကြားခဲ့ခြင်းဖြစ်ပြီး ထိ  ရောက်မှုရှိကြောင်း သတင်းထောက်များကို အစိုးရအရာရှိတစ်ဦးက ပြောသည်။

 

ယခုကဲ့သို့ သမ္မတပူတင်တောင်းဆိုထားသည့် ဖုန်းဖြင့်ဆက်သွယ်စကားပြောမှုကိုပြုလုပ်ခဲ့ရခြင်း ရည်ရွယ်ချက် မှာ ဂျီနီဗာတွင် ဇန်နဝါရီလ ၁၀ ရက်တွင် အမေရိကန်နှင့် ရုရှားတို့ တွေ့ဆုံဆွေးနွေးမည့် လုံခြုံရေးဆိုင်ရာကိစ္စ ရပ်များနှင့်ပတ်သက်၍ သဘေားအမှန်ကို အခြေခံကျကျသိရှိထားရန် ဖြစ်ကြောင်း ၎င်းအရာရှိကပြောသည်။

 

“သမ္မတဘိုင်ဒန်က လမ်းကြောင်းနှစ်သွယ်ချမှတ်ထားပါတယ်။ ပထမလမ်းကြောင်းကတော့ ဆက်ဆံရေးတင်း မာမှုတွေလျော့ကျသွားအောင် သံတမန်လမ်းကြောင်းကနေ ဆောင်ရွက်တာဖြစ်ပါတယ်။ နောက်ထပ် လမ်း ကြောင်းတစ်ခုကတော့ ရုရှားနိုင်ငံက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်လာမယ်ဆိုရင် အရင်းအနှီးမြောက်များ စွာပေးဆပ်ရမယ့်အပြင် နောက်ဆက်တွဲအကျိုးရလဒ်တွေကိုလည်း ပြင်းပြင်းထန်ထန်ခံစားရမှာဖြစ်ပါတယ်။ ဒါ တွေအပါအဝင် ရုရှားကို ဟန့်တားနိုင်မယ့်နည်းလမ်းတွေကို အဓိက အာရုံစိုက်လုပ်ဆောင်သွားမှာပါ။” ဟု ၎င်း ကပြောသည်။

 

သို့သော်လည်း ခေါင်းဆောင်နှစ်ဦး၏ဆွေးနွေးမှုများတွင် အချို့နယ်ပယ်များတွင် အရေးကြီးသောတိုးတက်မှုများ ရရှိခဲ့သလို အချို့နယ်ပယ်များတွင် သဘောတူညီမှုများရရှိရန် မဖြစ်နိုင်ကြောင်း ၎င်းကပြောသည်။

 

ခေါင်းဆောင်နှစ်ဦးသည် ပွင့်ပွင့်လင်းလင်းဆွေးနွေးပြောဆိုခဲ့ကြကြောင်း၊ သို့သော် စီးပွားရေးပိတ်ဆို့အရေးယူ မည်ဆိုသည့် သမ္မတဘိုင်ဒန်၏စကားကြောင့် အနာဂတ်ကာလတွင် ရုရှား-အမေရိကန် ဆက်ဆံရေးပျက်ပြား သွားနိုင်ကြောင်း၊ ယင်းသို့ပြောဆိုခြင်းသည် အမှားကြီးတစ်ခုကို ကျူးလွန်လိုက်ခြင်းဖြစ်ကြောင်း သမ္မတပူတင်၏ နိုင်ငံခြားရေးမူဝါဒ အကြံပေးအရာရှိ ယူရီအူရှာကော့ဗ်က ပြောသည်

 

ယူကရိန်းနိုင်ငံကို နေတိုးအဖွဲ့တွင် လက်မခံကြောင်း စာချုပ်စာတမ်းအာမခံမျိုးကို လိုချင်ကြောင်း၊ အနောက်အုပ် စုတပ်ဖွဲ့များနှင့် လက်နက်များကို အရှေ့ဥရောပမှ ယခင်ဆိုဗီယက်ပြည်ထောင်စုအဖွဲ့ဝင်နိုင်ငံများအတွင်းမှထွက် သွားစေလိုကြောင်း သမ္မတပူတင်က ပြောသည်။

 

အမေရိကန်နှင့် မဟာမိတ်အဖွဲ့ဝင်နိုင်ငံများက ရုရှား၏ အာမခံချက်တောင်းဆိုမှုများနှင့် ပတ်သက်၍ ငြင်းပယ်ခဲ့ ကြသော်လည်း နေတိုးအဖွဲ့နှင့်ပတ်သက်သည့် ရုရှားနိုင်ငံ၏ စိုးရိမ်ပူပန်မှုများအား ၎င်းတို့အနေဖြင့် နားစွင့်လျက် ရှိကြောင်း အိမ်ဖြူတော်အရာရှိများက ပြောသည်။

 

ရုရှားနိုင်ငံက ယူကရိန်းကိုကျူးကျော်တိုက်ခိုက်လာပါက စီးပွားရေးအရေးယူပိတ်ဆို့မှုများ ချမှတ်သွားမည့်အပြင် အမေရိကန်က ယူကရိန်းကို စစ်လက်နက်ပစ္စည်းများထောက်ပံ့သွားမည်ဖြစ်ပြီး အရှေ့ဥရောပနိုင်ငံများအနီးတွင် လည်း အမေရိကန်တပ်ဖွဲ့များကို တပ်ဖြန့်ချသွားမည်ဖြစ်ကြောင်း ဘိုင်ဒန်ကပြောသည်။

 

Ref: Biden again calls on Putin to de-escalate tensions along Ukraine border

 

#PeopleMedia

 

(unicode)


………………………………………………………………

 


 


 


 


 


 


 


 


 


 


 


 


 


 


 

Ref: Biden again calls on Putin to de-escalate tensions along Ukraine border

 

#PeopleMedia


Share this post