• Follow Us on

Home ယူကရိန်းနယ်စပ်တွင် စစ်ရေးလေ့ကျင့်မှုများဆောင်ရွက်ပြီးနောက် ရုရှားတပ်ဖွဲ့ဝင် ၁၀,၀၀၀ ကျော်ကို ပြန်လည် ရုပ်သိမ်းခဲ့ကြောင်း ရုရှားကြေညာ

ယူကရိန်းနယ်စပ်တွင် စစ်ရေးလေ့ကျင့်မှုများဆောင်ရွက်ပြီးနောက် ရုရှားတပ်ဖွဲ့ဝင် ၁၀,၀၀၀ ကျော်ကို ပြန်လည် ရုပ်သိမ်းခဲ့ကြောင်း ရုရှားကြေညာ

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၇ (People media)

 

ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံကို ကျူးကျော်ရန် စီစဉ်နေသည့်ဆိုသည့် အနောက်နိုင်ငံများ၏ စွပ်စွဲချက်များထွက် ပေါ်လာသည့်ကြားမှ ယူကရိန်းနယ်စပ်တွင် လနှင့်ချီကြာအောင်ပြုလုပ်ခဲ့သည့်စစ်ရေးလေ့ကျင့်မှုကို အဆုံးသတ်  လိုက်ပြီးနောက် ရုရှားတပ်ဖွဲ့ဝင် ၁၀,၀၀၀ ကျော်ကို ပြန်လည်ရုပ်သိမ်းလိုက်ကြောင်း ရုရှားနိုင်ငံက ဒီဇင်ဘာလ ၂၅ ရက်နေ့က ကြေညာလိုက်သည်။

 

တောင်ပိုင်းစစ်ဒေသရှိ တပ်ဖွဲ့ဝင်များပါဝင်သော စစ်ရေးလေ့ကျင့်မှုများကို ရိုစတော့ဗ်၊ ခရာစ်နိုဒါနှင့် ခရိုင်းမီးယား အပါအဝင် ရုရှားနိုင်ငံတောင်ပိုင်းဒေသများတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။ သို့သော် စစ်ရေးလေ့ကျင့်မှုများမှာ စတာဗရိုပို၊ အက်စထရာခန်၊ မြောက်ကော့ကေး ဆပ်နှင့် ရုရှားနိုင်ငံ၏ ကော့ကေးဆပ်မဟာမိတ် အာမေးနီးယားအပါအဝင် နယ်ခြားရပ်ဝေးအခြားဒေသများတွင် ပါ ကျင်းပပြုလုပ်ခဲ့သည်။

 

စစ်ရေးလေ့ကျင့်ခဲ့သော ရုရှားတပ်ဖွဲ့ဝင်များမှာ ၎င်းတို့မိခင်တပ်ရင်းများဆီသို့ ပြန်လည်ထွက်ခွာသွားပြီဖြစ်ပြီး အ ဆိုပါအရန်တပ်ဖွဲ့များကို နှစ်သစ်ကူးရုံးပိတ်ရက်များအတွက်အသင့်ပြင်ဆင်ထားကြောင်း ကာကွယ်ရေးဝန်ကြီး ဌာနကပြောသည်။

 

အနောက်နိုင်ငံများကမူ ရုရှားနိုင်ငံသည် ယူကရိန်းနိုင်ငံကို ဆောင်းရာသီတွင် ကျူးကျော်တိုက်ခိုက်ရန်အတွက် ယူကရိန်းနယ်စပ်အနီးတွင် တပ်ဖွဲ့ဝင်အင်အား ၁၀၀,၀၀၀ အထိ အင်အားကြီးမားစွာ စုဖွဲ့ထားကြောင်း စွပ်စွဲပြော ဆိုခဲ့သည်။

 

ယူကရိန်းနယ်စပ်တစ်လျှောက်ရှိ ရုရှားတပ်ဖွဲ့ဝင်အင်အားမှာ အောက်တိုဘာလအတွင်း ၉၃,၀၀၀ ဝန်းကျင်ခန့်ရှိ ရာမှ ယခုအချိန်တွင် ၁၀၄,၀၀၀ အထိ တိုးမြင့်လာကြောင်း ယူကရိန်းအစိုးရက ခန့်မှန်းတွက်ချက်ထားသည်။

 

ရုရှားတပ်ဖွဲ့ဝင်များကို ရုရှားပိုင်နယ်မြေအတွင်း လွတ်လပ်စွာတပ်အပြောင်းအရွှေ့လုပ်နေခြင်းဖြစ်ကြောင်း ရုရှား နိုင်ငံကပြောဆိုလိုက်ပြီး ယူကရိန်းကိုကျူးကျော်ရန်အင်အားကြီးမားစွာစုဖွဲ့နေသည်ဆိုသည့်စွပ်စွဲချက်ကို ငြင်း ပယ်လိုက်သည်။

 

ရုရှားနိုင်ငံသည် နေတိုးအဖွဲ့က အဖွဲ့ဝင်နိုင်ငံသစ်များကို ဝင်ရောက်ခွင့်မပြုရဟု ပြောဆိုရင်း ယခင်ဆိုဗီယက် ပြည်ထောင်စုဟောင်းနိုင်ငံများတွင် စစ်အခြေစိုက်စခန်းသစ်များ မတည်ဆောက်နိုင်ရေးအတွက် အမေရိကန် ပြည်ထောင်စုကို တားဆီးကန့်သတ်ရန် နည်းလမ်းများရှာဖွေနေဆဲမှာပင် ၎င်းတို့၏လုံခြုံရေးတောင်းဆိုချက်များ ကို ပယ်ချထားသည့် အနောက်အုပ်စုနှင့် ရင်ဆိုင်နေရသည်။

 

အနောက်အုပ်စု၏ ကျူးကျော်ရန်စလိုသည့်ရပ်တည်ချက်ကို ရင်ဆိုင်တုံပြန်ရာတွင် စစ်ရေးအရ သင့်လျော်သော လက်တုံ့ပြန်မှုအဆင့်များကိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရုရှားသမ္မတဗလာဒီမာပူတင်ကပြောဆိုလိုက် သောအခါ ဗုဒ္ဓဟူးနေ့တွင် တင်းမာမှုများက ပေါက်ကွဲလုနီးပါးအခြေအနေထိ ရောက်ရှိသွားခဲ့သည်။

 

သို့သော် ရုရှားနိုင်ငံ၏ လုံခြုံရေးဆိုင်ရာအဆိုပြုချက်များကို အမေရိကန်ပြည်ထောင်စုက အပြုသဘောဆောင် သည့်တုံ့ပြန်ချက်ဖြင့် တုံ့ပြန်ခဲ့သည်ကို တွေ့ရှိရကြောင်း ပြောဆိုပြီး သမ္မတပူတင်က နောက်တစ်နေ့တွင် တင်း မာမှုများကိုလျှော့ချခဲ့သည်။ ၎င်းနောက် ဆွေးနွေးပွဲများ နောက်လတွင် ပြန်လည်စတင်မည်ဖြစ်ကြောင်း ပူတင် ကပြောသည်။

 

Ref: Russia announces withdrawal of 10,000 troops after drills near Ukraine

 

#PeopleMedia

 

(unicode)


………………………………………………………………….

 


 


 


 


 


 


 


 


 


 


 

Ref: Russia announces withdrawal of 10,000 troops after drills near Ukraine

 

#PeopleMedia


Share this post